ဆိုင်ကလုန် Bulbul ကြောင့် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက မြေနိမ့်ပိုင်းနေ ပြည်သူ တစ်သိန်း ကို ရွှေ့ပြောင်းထား

နို၀င်္ဘာ ၉ရက်၊ ဠနေ့ နေ့ညနေပိုင်းမှာ ၀င်ရောက်တိုက်ခတ်လာမယ့် ဆိုင်ကလုန်မုန်တိုင်း Bulbul ကြောင့် အများ ပြည်သူများအသက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဘင်္ဂလာဒေ့ရှ်အဏာပိုင်းတွေက မြေနိမ့်ပိုင်းဒေသ ကျွန်းပေါ် က ရွာသူရွာသားပြည်သူတစ်သိန်းကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြောင်း AFP သတင်းအရ သိရ ပါတယ်။

မုန်တိုင်းပြင်းအားဟာ တစ်နာရီကို ကီလိုမီတာ ၁၂၀ အထိရှိနိုင်ပြီးမုန်တိုင်းအရှိန်ကြောင့် ဒီရေ ၅ပေကနေ ၇ ပေ အ မြင့်ထိတက်လာနိုင်ကြောင်းနဲ့ အဓိကအရေးပါတဲ့ Mongla နဲ့ Chittagong ဆိပ်ကမ်းတွေကိုလည်း ခေတ္တပိတ် ထားကာ အရေးပေါ်အခြေအနေကြေငြာထားတယ်လို့သိရပါတယ်။လုပ်အားပေးပြည်သူ ၅၅၀၀၀ လောက်ကလည်း တစ် အိမ်တက်ဆင်းမုန်တိုင်းသတိပေးမှုတွေပြုလုပ်နေကြပါတယ်။

နိုင်ငံရဲ့လူဦးရေသန် ၃၀ လောက်ဟာ မြေနိမ့်ပိုင်းကမ်းခြေတွေမှာနေထိုင်ကြတာကြောင့် နှစ်စဥ်နဲ့အမျှ ဆိုင်က လုန်းမုန်းတိုင်ဒဏ်ကို ခံစားနေကြရတာဖြစ်ပါတယ်။၂၀၀၇ခုနှစ် မှာတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Sidr ကြောင့် လူ ပေါင်း ၃၀၀၀ကျော်သေဆုံးခဲ့ရပြီးနောက် ကြိုတင်ပြင်ဆင်မှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာတဲ့အတွက် ယခုနှစ် မေ လမှာ တိုက်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး Fani ကြောင့် သေဆုံးသူ တစ်ဒါဇင်ကျော်သာ ရှိခဲ့ပါတယ်လို့သိရ ပါ တယ်။

Source:CNA/Photo Credits:BBC

 

Leave a comment

Your email address will not be published. Required fields are marked *