ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်မထွက်ရန် ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံသားများ မလိုက်နာ

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေအစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီဖြစ်သလို ကူးစက်သူဦးရေပေါင်း ၁သန်းကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ကူးစက်ပျံ့ပွားမှုနှုန်းအမြင့်ဆုံးကတော့ အမေရိကန်နိုင်ငံဖြစ်လာပြီး အစိုးရမှ အရေးကြီးကိစ္စမရှိဘဲ အိမ်ပြင်မထွက်ရန် ညွှန်ကြားချက်များ ထုတ်ထားသလို အချို့ပြည်နယ်နဲ့ မြို့တွေကိုလည်း Lock Down ချထားတာမျိုးလဲ ရှိလာပြီ ဖြစ်ပါတယ်။

သို့သော်လည်း Dr. Anthony Fauci ရဲ့ ပြောကြားချက်အရ ” ဘာဖြစ်လို့ လူတွေက စည်းကမ်းချက်တွေ မလိုက်နာကြလဲဆိုတာ မပြောတတ်တော့ပါဘူး၊ အိမ်ပြင်မထွက်ခိုင်းထားပေမယ့် အခုချိန်ထိ အသွားအလာမပြတ်သေးပါဘူး ” လို့ ဆိုပါတယ်။

ပြည်နယ်ပေါင်း ၃၀ မှာ ကိစ္စမရှိဘဲ အပြင်မထွက်ကြရန်၊ အိမ်မှာဘဲ နေကြရန် ညွှန်ကြားထားပြီး စည်းကမ်းချက်များကို မလိုက်နာသူများလည်း ရှိနေတယ်လို့ သိရပါတယ်။ ကူးစက်ခံရသူပေါင်း ၂၃၆၀၀၀ ကျော်ခန့်၊ သေဆုံးသူပေါင်း ၈၀၀၀ ကျော်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *