၂၆ မီတာ (၈၈ပေ) အနက်ရှိသော ရေတွင်းထဲသို့ကျသွားတဲ့ ၂ နှစ်အရွယ် ဟိန္ဒူကလေးတစ်ဦးသေဆုံး

အောက်တိုဘာလ ၂၅ ရက် သောကြာနေ့ဒေသစံတော်ချိန် ညနေ ၅နာရီ ၄၅မိနစ်က အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည် နယ် တောင်ပိုင်း Tiruchirapalli ခရိုင်တွင် လယ်သမားမိသားစုတစ်ခုမှ Sujith Wilson လို့ခေါ်တဲ့ ၂ နှစ်အရွယ် ကလေးတစ်ဦးဟာ ၂၆ မီတာ (၈၈ပေ) ခန့်ရှိသော ရေတွင်းထဲသို့ မတော်တဆပြုတ်ကျသွားခဲ့တယ်လို့ CNN သတင်း အရသိရပါတယ်။ Tamil Nadu ပြည်နယ်ရှိ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးများက ထိုကလေးငယ်အား ရေ တွင်းထဲမှာ ကယ်တင်နိုင်ရန်ကြိုးစားခဲ့ကြပါတယ်။ အဆိုပါရေတွင်းကို လယ်သမားများက မြေပြင်အပေါ်တွင် အုပ်ရိုးမပါပဲ သောက်သုံးရေအတွက် တူးထားကြတာဖြစ်ပြီး ရေတွင်းရဲ့ အနက်ကိုလည်း အတိအကျတိုင်းတာထားခြင်း မရှိကြပါဘူး။ ထို့အပြင် ရွှံ့နွံများလည်း ရှိနေပြီး ရာသီဥတု ကလည်း… Continue reading ၂၆ မီတာ (၈၈ပေ) အနက်ရှိသော ရေတွင်းထဲသို့ကျသွားတဲ့ ၂ နှစ်အရွယ် ဟိန္ဒူကလေးတစ်ဦးသေဆုံး

IS ခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားပြီဖြစ်ကြောင်း သမ္မတ Trump က အတည်ပြုပြောကြား

တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် ဆီးရီးယား၏ မြောက်ဘက် Jarablus မြို့တွင် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင်ဖြစ်သူ Abu Bakr al-Baghdadi သေဆုံးသွားပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက် တနင်္လာ နေ့တွင် အမေရိကန် အိမ်ဖြူတော်မှ သမ္မတ Trump ကိုယ်တိုင်ပြောကြားခဲ့ပါတယ်။ Abu Bakr al-Baghdadi ဟု ထင်ရတဲ့ သေဆုံးသွားသူရဲ့ DNA ကို စစ်ကြည့်ရာ Abu Bakr al-Baghdadi အစစ်ဖြစ်ကြောင်း အဖြေရရှိခဲ့တယ်လို့ သိရပါတယ်။ Jarablus မြို့ရှိ တည်းခိုခန်းတစ်ခုတွင် IS ခေါင်းဆောင်တစ်ဦးရှိနေတယ်ဆိုတဲ့ သတင်းကို အခိုင်အမာ ရရှိ ထား သဖြစ် US စစ်တပ်က ရဟတ်ယာဉ် ၈ စီးဖြင့် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။… Continue reading IS ခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားပြီဖြစ်ကြောင်း သမ္မတ Trump က အတည်ပြုပြောကြား

အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြမှုတွင် အနည်းဆုံး လူ ၄၀ သေဆုံး

အစိုးရကိုမကျေနပ်တဲ့ အီရတ်ပြည်သူများက ပြီးခဲ့တဲ့ အပတ်ကစတင်ခဲ့သော ဆန္ဒပြမှုဟာ တစ်နေ့တစ်ခြား အခြေ အ နေတင်းမာလာကာ လက်ရှိနောက်ဆုံး ရရှိထားတဲ့သတင်းအရ ဆန္ဒပြသူများဘက်မှ သေဆုံးသူ အနည်းဆုံး လူ (၄၀) လောက်ရှိနေပြီးဖြစ်ကြောင်း သိရှိရပါတယ်။ အီရတ်ပြည်သူများဟာ နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြနေကြတာဖြစ်ပြီး အဓိကကတော့ Baghdad မြို့မှာပဲဖြစ်ပါတယ်။ ဆန္ဒပြသူများဟာ အီရတ်နိုင်ငံအလံများကို ကိုင်ဆောင်ထားကြကာ နှစ်နဲ့ ချီပြီးအကြမ်းဖက်မှုတွေ ကြားမှာ နေထိုင် လာရခြင်းနှင့် စီးပွားရေး၊ အလုပ်အကိုင်အလွန်ကြပ်တည်းလာခြင်းတို့အပေါ်မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။ လက်ရှိ မှာ ဆန္ဒပြသူများဟာ မြို့အလည်ရှိ Tahrir ရင်ပြင်ထဲတွင် တဲများထိုးပြီး စခန်းချထားကာ နေ့ရောညပါ ဆန္ဒပြမှု တွေပြုလုပ်နေကြပါတယ်။ အစိုးရကလည်း အောက်တိုဘာလ ၂၆ ရက် သောကြာနေ့တွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ဆန္ဒပြသူများ၏ လို ချက်ကို… Continue reading အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြမှုတွင် အနည်းဆုံး လူ ၄၀ သေဆုံး

သေဆုံးနေသူ ၃၉ ဦးကို တင်ဆောင်လာသော ကုန်တင်ကားကို Essex တွင် ရဲများကဖမ်းဆီးရမိခဲ့

အောက်တိုဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် အင်္ဂလန်အရှေ့ပိုင်း Essex ခရိုင်၌ သေဆုံးနေသော လူ(၃၉)ဦးကို တင်ဆောင် လာသော ကုန်တင်ကားတစ်စီးအား သတင်းပို့ချက်တစ်ခုအရ ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုအမှု ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကို မသိရသေးပေမယ့် ရဲများကတော့ ထိုအမှုဟာ မှောင်ခိုဂိုဏ်းတစ်ခုခုနှင့် ဆက်စပ်မှု ရှိနေ တယ်လို့ သံသယရှိနေကြပါတယ်။ ရဲများ၏ ပြောပြချက်အရ ဆယ်စုနှစ်တစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုတွေ အားလုံး ထဲမှာ ယခုအမှုက အကြီးဆုံးဖြစ်သလို ရှုပ်ထွေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အအေးပေးထားတဲ့ နောက်တွဲထဲတွင် သေဆုံးနေသူ အမျိုးသမီး (၈)ဦး၊ အမျိုးသား (၃၁)ဦး နှင့်အတူ Waterglade စက်မှုဇုန် ၌ ကုန်တင်ကားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူထဲတွင် ဆယ်ကျော်သက် အမျိုးသမီး တစ်ဦး … Continue reading သေဆုံးနေသူ ၃၉ ဦးကို တင်ဆောင်လာသော ကုန်တင်ကားကို Essex တွင် ရဲများကဖမ်းဆီးရမိခဲ့

ကမ္ဘာ့ ဒုတိယမြောက် foldable ဖုန်းကို Huawei က နောက်လတွင် မိတ်ဆက်တော့မည်

အောက်တိုဘာလ (၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် Huawei က လာမည့် နိုဝင်ဘာလ (၁၅)ရက်တွင် သူတို့ရဲ့ ပထမဦးဆုံး foldable ဖုန်းဖြစ်တဲ့ Huawei Mate X ကို မိတ်ဆက်ကာ တရုတ်တွင် ရောင်းချသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Foldable ဖုန်းကို ပထမဦးဆုံး ထုတ်လုပ်ခဲ့တာကတော့ Samsung ဖြစ်ပြီး Huawei ကတော့ ဒုတိယမြောက်ပဲဖြစ်ပါတယ်။ Huawei ရဲ့ ပြောပြချက်အရ သူတို့ရဲ့ foldable ဖုန်းကို ဒီနှစ် နွေရာသီထဲကထုတ်ဖို့ရန် ရည်ရွယ်ခဲ့သော်လည်း Samsung က ပထမဦးစွာ မိတ်ဆက်ခဲ့ပြီး မှန်ကို ခေါက်ရာတွင် ပြဿနာဖြစ်နေခြင်းကို တွေ့ရှိခဲ့တဲ့အတွက် ထိုသို့သော ပြဿနာမဖြစ်စေရန် အကောင်းဆုံးပြင်ဆင်နေတာဖြစ်လို့ ယခုလို နောက်ကျသွားရတာဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် Huawei Mate… Continue reading ကမ္ဘာ့ ဒုတိယမြောက် foldable ဖုန်းကို Huawei က နောက်လတွင် မိတ်ဆက်တော့မည်

လာမည့်နှစ်တွင် ရေနံစျေးများ ပိုမိုမြင့်တက်လာနိုင်တယ်လို့ Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်ကပြောကြား

အောက်တိုဘာလ (၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် US ရဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်တဲ့ Goldman Sachs ဘဏ်က ရေနံထုတ်လုပ်မှုနှုန်းကျဆင်းလာခြင်းနှင့် အရှေ့အလည်ပိုင်းဒေသရှိ စစ်ရေးတင်းမာမှုတွေကြောင့် လာမည့် ၂၀၂၀ခုနှစ်တွင် ယခုရေနံစျေးထပ် ပိုမိုတိုးလာနိုင်တာဖြစ်ကြောင်း ခန့်မှန်းပြောကြားခဲ့ပါတယ်။ Goldman Sachs ဘဏ်၏ ပြောပြချက်အရ ၂၀၂၀ခုနှစ်တွင် ခန့်မှန်းချေအရ ရေနံတစ်စည်၏ တန်ဖိုးဟာ $60 ကျော်အထိ ဖြစ်လာနိုင်တယ်လို့ သိရှိရပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ကုန်သွယ်မှုစျေးအရ Brent crude က ရေနံတစ်စည်ကို $59.24 ဖြင့် စျေးဖြတ်ခဲ့ပြီး WTI ကတော့ $53.96 ဖြင့် စျေးဖြတ်ခဲ့တယ်လို့သိရပါတယ်။ Goldman Sachs ဘဏ်၏ ပြောပြချက်အရ ၂၀၁၉ ခုနှစ်တွင် တစ်ရက်ကို ရေနံစည်ပေါင်း ၁.၂၅ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားသော်လည်း လက်ရှိမှာ… Continue reading လာမည့်နှစ်တွင် ရေနံစျေးများ ပိုမိုမြင့်တက်လာနိုင်တယ်လို့ Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်ကပြောကြား

New Jersey ရှိ ဆယ်ကျော်သက်ကလေးတစ်ဦး လိင်ပိုင်းဆိုင်ရာ ပြစ်မှုဖြင့်တရားစွဲခြင်းခံရ

အောက်တိုဘာလ (၂၀)ရက် တနင်္ဂနွေနေ့က New Jersey ရှိ Rutgers ကျောင်းတွင် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ အမျိုးသမီးအဆောင်ထဲသို့ ခိုးဝင်ပြီး လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ရန်ကြိုးစားခဲ့သဖြင့် ရဲများကဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာလ (၂၁)ရက် တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကောင်လေးကို လက်ရှိမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုနှင့် ဖောက်ထွင်းမှုတို့ဖြင့် ကလေးသူငယ်များတရားရုံးတွင် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ Emmanuel Azuonwu ဟာ Rutgers ကျောင်းဝင်းအတွင်း Quad 2 အဆောက်အဦထဲရှိ သူမ၏ အဆောင်ထဲတွင် အိပ်နေခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ နံနက်အိပ်ရာထချိန်တွင် တံခါးမခေါက်ပဲ ခိုးဝင်လာတဲ့ သူစိမ်းကိုတွေ့သဖြင့် အော်လိုက်ရာတွင် တရားခံဟာ ထွက်ပြေးခဲ့ပါတယ်။ ကံကောင်းချင်တော့ Emmanuel Azuonwu အိပ်ခန်းတွင် သူ၏အခန်းဖော်တစ်ဦး ရှိနေခဲ့တယ်လို့ Emmanuel Azuonwu… Continue reading New Jersey ရှိ ဆယ်ကျော်သက်ကလေးတစ်ဦး လိင်ပိုင်းဆိုင်ရာ ပြစ်မှုဖြင့်တရားစွဲခြင်းခံရ

ဗြိတိန်အနေနဲ့ ဥရောပနိုင်ငံများမှ အပြီးအပိုင်နှုတ်ထွက်လျှင်ဖြစ်ပွားလာမည့် ကိစ္စရပ်များအားလုံးအတွက် ပြင်ဆင်ထားပြီးပြီဟုပြောကြားခဲ့တဲ့ ဗြိတိန်ကျန်းမာရေးဝန်ကြီး

အောက်တိုဘာလ (၂၀)ရက် တနင်္ဂနွေနေ့တွင် ဗြိတိန်ရဲ့ ကျန်းမာရေးဝန်ကြီး Matt Hancock က ဗြိတိန်အနေနဲ့ ဥရောပနိုင်ငံများမှ ထွက်ရန်နှောက်နှေးနေခြင်းဟာ ကောင်းမွန်တဲ့ကိစ္စတစ်ခုမဟုတ်ကြောင်းနဲ့ အောက်တိုဘာလ (၃၁)ရက်နေ့တွင် Brexit သဘောတူညီမှုမယူတော့ပဲ ဥရောပနိုင်ငံများစာရင်းမှ အပြီးပိုင်နှုတ်ထွက်သင့်ကြောင်းပြောကြားခဲ့ပါတယ်။ ဗြိတိန်အစိုးရအနေဖြင့် Brexit ၏ သဘောတူညီချက်ကိုမယူတော့ပဲ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဥရောပနိုင်ငံများမှ အပြီးအပိုင်နှုတ်ထွက်ခြင်းကို နှောက်နှေးမနေပဲ အမြန်ဆုံး ဆုံးဖြတ်ချက်ချရတော့မှာဖြစ်ပြီး ဥရောပနိုင်ငံများမှ ထွက်လိုက်ခြင်းအားဖြင့် ဖြစ်ပေါ်လာမည့်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို ဥရောပနိုင်ငံများမှ နှုတ်ထွက်သည့်နေ့မှစလို့ ဗြိတိန်အတွက် နောက်ထပ်ဆေးအမျိုးပေါင်း ၁၂၀၀၀ ကျော်ကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ Matt Hancock က ပြောကြားခဲ့ပါတယ်။ Source : Reuters News

တူရကီဘက်မှ အပစ်အခတ်ရပ်စဲပေးလိုက်သော်လည်း ဆီးရီးယားဘက်ကပြန်လည်းပစ်ခတ်မှုရှိနေသေးတဲ့အတွက် တူရကီကသတိပေး

တူရကီနှင့် ဆီးရီးယားတို့၏ နယ်စပ်ရှိ အမေရိကန်စစ်တပ်များ ဆုတ်ခွာသွားတဲ့အတွက် တူရကီနှင့် ဆီးရီးယားတို့အကြား နယ်မြေလုပွဲဖြစ်ပွားကာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ သို့သော် ကုလသမဂ္ဂရော အမေရိကန်ကရော အပစ်အခက်ရပ်စဲရန် ပြောကြားခဲ့သဖြင့် (၂)ဖက်လုံးက သဘောတူညီပြီး တိုက်ပွဲဖြစ်ပွားရာနယ်မြေနှင့် 120km (70 miles) သို့ အသီးသီး ဆုတ်ခွာသွားခဲ့သော်လည်း နားလည်မှုလွဲမှားခြင်း အနည်းငယ်ကျန်ရှိနေသေးတဲ့အတွက် တနင်္ဂနွေနေ့က အသေးစားတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရပါတယ်။ ဆီးရီးယား၏ ပြောပြချက်အရ တူရကီဟာ အပစ်အခက်ရပ်စဲဖို့ သဘောတူခဲ့သော်လည်း စစ်ပြေးဒုက္ခသည်များ သူတို့ရဲ့ နေရာကိုပြန်လာနိုင်ဖို့ရန်အတွက် လမ်းကြောင်းမဖွင့်ပေးတဲ့အတွက် ယခုလို့တိုက်ခိုက်ရတာဖြစ်ကြောင်း သိရပါတယ်။ တူရကီဘက်ကလည်း ဆီးရီးယားဘက်မှ ယခုလိုစတင်ပြီး သဘောတူညီမှုကို ဆက်လက်ဖောက်ဖျက်နေမယ်ဆိုလျှင် သူတို့ရဲ့ နယ်မြေထိုးစစ်ဆင်မှုကို ပြန်လည်စတင်ရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ဆီးရီးယားနှင့် တူရကီတို့ရဲ့ နယ်စပ်မှ ဆုတ်ခွာသွားတဲ့ စစ်သား အယောက် (၁၀၀၀၀)လောက်ရှိတဲ့… Continue reading တူရကီဘက်မှ အပစ်အခတ်ရပ်စဲပေးလိုက်သော်လည်း ဆီးရီးယားဘက်ကပြန်လည်းပစ်ခတ်မှုရှိနေသေးတဲ့အတွက် တူရကီကသတိပေး