Star Wars ဇာတ်ကားတွင် Chewbacca နေရာ၌ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသားကြီး Peter Mayhew သေဆုံး

ဧပြီလ ၃၀ရက်နေ့တွင် အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး Peter Mayhew သေဆုံးသွားပြီဖြစ်ကြောင်း သူ၏ ကျန်ရစ်သူမိသားစုက မေလ ၃ရက်နေ့တွင် Twitter လူမှုကွန်ရက်ပေါ်၌ ထုတ်ပြန်ခဲ့ပါတယ်။ Peter Mayhew ဟာ London မှာ မွေးခဲ့ပြီး British-American မင်းသားဖြစ်ပါတယ်။ သူအဓိက သရုပ်ဆောင်ခဲ့တာကတော့ Star Wars ဇာတ်ကားထဲမှာ giant Wookiee warrior Chewbacca နေရာဖြစ်ပါတယ်။ သူဟာ ၁၉၇၇ခုနှစ်မှာ စတင် ထုတ် လုပ်ခဲ့တဲ့ Star Wars ရဲ့ ပထမဦးဆုံးကားမှ စပြီး Chewbacca နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Star Wars ရုပ်ရှင်ကို ဖမ်တီးခဲ့သူ George Lucas က Chewbacca နေရာကို… Continue reading Star Wars ဇာတ်ကားတွင် Chewbacca နေရာ၌ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသားကြီး Peter Mayhew သေဆုံး

ကိုရီးယား K-pop ကြယ်တစ်ပွင့် ဖြစ်တဲ့ Jung Joon-young ဟာ ခိုးရိုက် Video တစ်ခုကြောင့် K-pop အဖွဲ့မှ နှုတ်ထွက်

ကိုရီးယား K-pop ကြယ်တစ်ပွင့်ဖြစ်တဲ့ Jung Joon-young ဟာ အမျိုးသမီးတစ်ဦးနဲ့ အတူနေထားတဲ့ ဗီဒီယိုကို သူ့ သူငယ်ချင်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ Mobile Group Chat ထဲကို Share ရာမှ ပေါက်ကြားသွားပြီး K-pop အဖွဲ့မှ နှုတ်ထွက်လိုက်ရပါတယ်။ အဲဒီ Group ထဲကို လျှို့ဝှက် Video တွေ Share နေတာဟာ ယခုမှ မဟုတ်ပဲ ၂၀၁၅-၁၆ ခုနှစ်ထဲကလို့ ဆိုပါတယ်။ Jung တရားစွဲခံရပြီးနောက် အဲဒီ Mobile Group ထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Big Bang အဖွဲ့ရဲ့ K-pop အကျော်အမော်ဖြစ်တဲ့ Seungri လည်း Big Bang အဖွဲ့မှ နှုတ်ထွက်လိုက်ရပါတယ်။ ရဲတွေက Jung… Continue reading ကိုရီးယား K-pop ကြယ်တစ်ပွင့် ဖြစ်တဲ့ Jung Joon-young ဟာ ခိုးရိုက် Video တစ်ခုကြောင့် K-pop အဖွဲ့မှ နှုတ်ထွက်

ဒေါ်လာ ၄၅ သန်းသုံးမယ့် သမိုင်းဝင်လက်ထပ်ပွဲ

ဗြိတိန်တော်ဝင်မင်းသား ဟာရီ (Harry)နဲ့ အမေရိကန် ဟော်လီဝုဒ်ရုပ်ရှင်သရုပ်ဆောင် မက်ဂန်မာကယ်(Meghan Markle) တို့ဟာ လာမယ့်မေလ ၁၉ရက်၊စနေ့မှာ ဝင်ဆာနန်းတော်မှာ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ ဒီလက် ထပ်ပွဲကို တာဝန်ယူစီစဉ်နေတဲ့ကုမဏီက ဒေါ်လာ ၄၅ သန်းခန့်ကုန်ကျ မယ်လို့ The Sun သတင်းစာကို ပြောလိုက် ပါတယ်။ ဗြိတိန်ရဲ့ နံပါတ်တစ်လက်ထပ်ပွဲကိုစီစဉ်တဲ့ဝက်ဆိုဒ်နဲ့ အပလီကေးရှင်းတစ်ခုဖြစ်တယ်လို့ သူ့ကိုယ်သူ အမွှန်းတင်တဲ့ Bridebook.co.uk က တော်ဝင်လက်ထပ်ပွဲ အပိုင်းတစ်ခုစီအတွက် ကုန်ကျစရိတ်ကို တွက်ချက်ပေးလိုက်ပါတယ်။ ဒီလိုတွက်ချက်တဲ့အခါ ဘုရားကျောင်းကို တက်ရောက် လာမယ့် ဧည့်သည် ၈၀၀ ကို နေ့လည်စာဧည့်ခံကျွေးမွေးဖို့နဲ့ နောက်ထပ်ဧည့်ခံချိန်မှာတက် ရောက် လာမယ့် ပြည်သူ ၂၆၄၀ အတွက်ကို အခြေခံပြီး တွက်ချက်တာဖြစ်ပါတယ်။ အထူးလေ့ကျင့်ထားတဲ့ စနိုက်ပါတွေနဲ့ ရဲတွေပါဝင်တဲ့… Continue reading ဒေါ်လာ ၄၅ သန်းသုံးမယ့် သမိုင်းဝင်လက်ထပ်ပွဲ

မြန်မာ့ရုပ်ရှင်တစ်ခေတ် ဆန်းသစ်လာစေတဲ့ မုဒြာရဲ့ခေါ်သံ

ဥပါယ်တံမျဉ်နဲ့ ပရိတ်သတ်အာရုံစိုက်ခံခဲ့ရတဲ့ ဇဏ်ခီ ( Zenn Kyi)နဲ့ ခရစ်စတီးနားခီ Kristina Kyi တို့ဇနီးမောင်နှံ မုဒြာရဲ့ခေါ်သံ မှာတော့ ပရိတ်သတ်တွေကို ဆွဲခေါ်နေတဲ့အလား တိုးကျိတ်အားပေးနေကြတာကို တွေ့နေရပါတယ်။ ပထမကား ဥပါယ်တံမျဉ်တုန်းက ထုတ်လုပ်သူရှိခဲ့ပေမယ့် မုဒြာကတော့ သူတို့နှစ်ဦး အခက်အခဲပေါင်းများစွာထဲက ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။ ဒီအချိန်မှာ နိမ့်ကျနေတဲ့ မြန်မာ့ရုပ်ရှင်ကို မြှင့်တင်လိုက်သလိုလည်းဖြစ်သွားခဲ့ပါတယ်။ ဇဏ်ခီကတော့ တစ်ခေတ်တစ်ခါက အေဝမ်းလိုဖြစ်လာဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ အရင်က မြန်မာကားဆိုရင် လုံးဝကို အထင်မကြီးသူ ပရိတ်သတ်တွေတောင် သတင်း တွေကြောင့် အတင်းထပြီး သွားကြည့်နေကြပါပြီ။ ဇဏ်ခီရဲ့ အိမ်မက်က ဘယ်လောက်တောင် ကမ္ဘာကြည့်ကြည့်သလဲ ဆိုရင် နိုင်ငံတကာ အသိအမှတ်ပြု မြန်မာရုပ်ရှင် သရုပ်ဆောင်ဖြစ်ဖို့ပါတဲ့ဗျာ။ခုတော့ နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေ မှာ ဆုတွေချိတ်ခဲ့ပါပြီ။… Continue reading မြန်မာ့ရုပ်ရှင်တစ်ခေတ် ဆန်းသစ်လာစေတဲ့ မုဒြာရဲ့ခေါ်သံ

နေတိုး (သို့မဟုတ်) အနောက်ကလာတဲ့ အနုပညာကြယ်ပွင့်

သရုပ်ဆောင်မှု အနုပညာမှာ ထူးခြားပြောင်မြောက်လွန်းလှတဲ့ နေတိုးဟာ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုကြီး ကို ဆွတ်ခူးသွားခဲ့ပြန်ပါပြီ။ သူဟာ ပြည်သူ့အသဲစွဲ ထာဝရနှင်းဆီ အငြိမ့်မှာလည်း ပရိတ်သက်အနှစ်သက်ဆုံး လူရွှင် တော်တစ်ဦး ဖြစ်ပါတယ်။ တကယ်တော့ နေတိုးဟာ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းပေါ်မှာ အနုပညာမျိုးရိုး လုံးဝ မရှိတဲ့ ရွှေလုပ်ငန်းရှင် မိဘနှစ်ပါးက မွေးဖွားခဲ့တာကြောင့် ဒီလိုအောင်မြင်မှု စင်မြင့်ပေါ်ကို လျှောက်လှမ်း ခဲ့ရတဲ့ သူ့ရဲ့ခရီးဟာ အတော့်ကို ကြိုးစားပေးဆပ်ခဲ့ရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ခုတော့ အတောက်ပဆုံး ကြယ်တစ် ပွင့်ဖြစ်ခဲ့ပါပြီ။ အနောက်ကလာတဲ့ အနုပညာ ကြယ်တစ်ပွင့်ပေါ့။ ဟုတ်ပါတယ်။နေတိုးဖြစ်လာမယ့် နေလင်းအောင်လေးကို ၁၉၈၁ ခုနှစ် စက်တင်္ဘာလ ၉ ရက်နေ့မှာ အဖ ဦးအောင် သန်းနဲ့ အမိ ဒေါ်သန်းမြိုင်တို့က မာန်အောင်မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၄… Continue reading နေတိုး (သို့မဟုတ်) အနောက်ကလာတဲ့ အနုပညာကြယ်ပွင့်

အကယ်ဒမီ ဆုရှင်များသို့

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကောင်းဆုံးထူးချွန်ဆုများ ရရှိသွားကြ သည့် ရုပ်ရှင် အနုပညာရှင်၊အတတ်ပညာရှင်များအား ဆန်းသစ် မြန်မာမှ အထူး ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖေါ်ပြအပ်ပါသည်။

စလုံးက စခဲ့တဲ့ ONE CHAMPIONSHIP

ကိုရွှေမြန်မာတွေက စလုံးလို့ ပြောလိုက်တာနဲ့ အရှေ့တောင်အာရှမှာ စီးပွားရေးကျားတစ်ကောင်ဖြစ်တဲ့ စင်ကာပူဆိုတာ လူတိုင်းသိကြမှာပါ။ ငယ်ပေမယ့် အစွယ်ထက်လှတဲ့ ကိုရွှေကျားဟာသဘာ၀ အရင်း အမြစ်မကြွယ်ဝပေမယ့် လူသားအရင်းအမြစ်ကြွယ်ဝတာကြောင့် အာစီယံဒေသအတွင်းမှာ စီးပွားရေးအရမင်းမူကြီးစိုးခဲ့တာ ဆယ်စုနှစ်မကတော့ပါဘူး။ ခုလည်း ONE CHAMPIONSHIP တဲ့ဗျာ။ကိုယ်ခံပညာပေါင်းစုံအားကစား MMA နဲ့ ရုပ်သံလွှင့်မီဒီယာကိုတွဲဖက်ပြီး ပရိတ်သတ်သန်းပေါင်းများစွာကို ဖျော်ဖြေတင်ဆိုက်လိုက်တာ ဝက်ဝက်ကွဲ ပါပဲ။ မနေ့ကလည်း အောင်လအန်ဆန်တို့ ဖိုးသော်တို့ကို အကြောင်းပြုပြီး မြန်မာပရိတ်သတ်တွေ တခဲနက်အားပေးလိုက်ကြတာ သုဝဏ္ဏ အားကစားရုံကြီးလည်း သွက်သွက်ကို ညံပါလေရော။ ကိုရွှေမြန်မာတွေအားပေးရကျိုးနပ်ပါတယ်။ ပရိတ်သတ်အားပေးတဲ့အတိုင်းပဲ သူတို့နှစ်ဦးလုံးအောင်ပွဲဆင်နိုင်ခဲ့ကြပါတယ်။ အချိန်အကြာကြီးမကြည့်လိုက်ရလို့အားမလိုအားမရဖြစ်တာ တစ်ခုကလွဲရင်ပေါ့။ အရင်က ONE CHAMPIONSHIP ရဲ့ချန်ပီယံစာရင်းမှာ  ဝိတ်တန်း  အလိုက် ဘရာဇီး အလံတွေခပ်များများနေရာယူနိုင်ခဲ့ရာကနေ မနေ့ကညပွဲကြောင့် မြန်မာအလံ နှစ်ခုနဲ့ ချန်ပီယံဆု  ချိတ်နိုင်ခဲ့ပါပြီ။… Continue reading စလုံးက စခဲ့တဲ့ ONE CHAMPIONSHIP

မကြာမီ ပြသတော့မယ့် Black Panther ဆိုတာ ဘာလဲ?

Black Panther ရုပ်ရှင်ဟာနိင်ငံတစ်ကာမှာ အောင်မြင်မှုရနေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Marvel Studio ကရိုက်ကူးပြီး Black Panther ဇာတ်ကောင်ကို Captain America: Civil War မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ Wakanda လို့အမည်ရတဲ့ တိုင်းပြည်တစ်ပြည်မှာ ဘုရင်အဆက်ဆက်ထိန်းသိမ်း စောင့်ရှောက်ခဲ့ရတဲ့ Vibranium သတ္တူတစ်မျိုးအကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားတစ်ကောင်းဖြစ်ပါတယ်။ ဤဝတ္ထုကို Stan Lee နဲ့ (Jack Kirby) တို့ကရေးသားခဲ့ပြီး ယနေ့တိုင်လူကြိုက်များသော comic တစ်ခုလည်းဖြစ်နေပါတယ်။ Black Panther ရုပ်ရှင်ကိုနိင်ငံတကာတွင်ပြသရန် ငါးရက်သာလိုပြီး မြန်မာပြည်မှာတော့ ဘယ်နေ့ ပြသမည်ကိုသေချာမသိသေးပါ။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ မိသားစုအလိုက်သွားကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။ Black Panther အကြောင်းကိုတော့ အောက်က link လေးကိုနှိပ်ပြီး အသေးစိတ် ဖတ်ရှုလေ့လာနိင်ပါတယ်။… Continue reading မကြာမီ ပြသတော့မယ့် Black Panther ဆိုတာ ဘာလဲ?

ဂျွန်စောတို့အတွဲ ချစ်သူအဖြစ်မှ ရပ်စဲတော့မည်

ဂျွန်စောလို့ မြန်မာပရိတ်သတ်တွေကြားမှာ နာမည်ကြီးတဲ့ ကိုးရီးယားကြယ်ပွင့်ဖြစ်တဲ့ အသက် ၄၁နှစ်အရွယ်ရှိတဲ့ ဆောင်းဆန်ဟွန်းဟာ အသက် ၃၀ အရွယ်ရှိနေပြီးဖြစ်တဲ့ တရုတ်-အမေရိကန် ကပြား မင်းသမီး လျူးယီးဖေးနဲ့ ၃နှစ်တာ ချစ်သူဘဝအဖြစ် ဖြတ်သန်းခဲ့ပြီး ယခုမှာတော့ ချစ်သူအဖြစ်မှ ရပ်စဲတော့မှာဖြစ်တယ်လို့ တောင်ကိုရီးယား၏ ဟွန်ဟက်ပ် သတင်းမီဒီယာတွင် ၂၅ရက်နေ့က ပြောကြားခဲ့ပါတယ်။ သူတို့ ၂ဦးစလုံးမှာ များပြားလှတဲ့ လုပ်ဆောင်စရာတွေရှိနေသဖြစ် မအားမလပ်နိုင်ဖြစ်နေတာကြောင့် ချစ်သူအဖြစ်မှ ရပ်စဲမယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မိတ်ဆွေတွေအဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ မင်းသား၏ အေဂျင်စီဖြစ်သူ Better ENT ကပြောပါတယ်။ မင်းသား ဆောင်းဆန်ဟွန်းနဲ့ မင်းသမီး လျူးယီးဖေးတို့ဟာ ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ တရုတ် အချစ်ဇတ်ကားThe Third Way of Love မှာ စတင်တွေ့ရှိခဲ့ကြပြီး မေတ္တာမျှခဲ့ကြတာဖြစ်ပါတယ်။… Continue reading ဂျွန်စောတို့အတွဲ ချစ်သူအဖြစ်မှ ရပ်စဲတော့မည်

ကမ္ဘာကျော်နယ်လှည့် အဆိုကျော် Elton John ဟာ ပွဲ၃၀၀ကို ဖျော်ဖြေမှုအပြီးတွင် ပရိတ်သတ်တွေကို နှုတ်ဆက်တော့မည်

ကမ္ဘာပေါ်မှာ ပရိတ်သတ်အတောင်းဆိုဆုံး စင်မြင့်ဂီတဖျော်ဖြေသူ Elton John ဟာ လာမယ့် ၃နှစ်အတွင်း ဂီတဖျော်ဖြေပွဲ ၃၀၀လောက် ဆက်တိုက်လုပ်ပြီး ပရိတ်သတ်တွေကို နှုတ်ဆက်စကားပြောမယ်လို့ နယူးယောက်မြို့မှာ ပြောခဲ့ပါတယ်။ John ဟာ သူ့မိသားစု၊ သားသမီးတွေနဲ့အတူပိုပြီး အချိန်ကြာကြာ နေနိုင်ရန်အတွက် ယခုလို သီချင်းဆိုတာကို ရပ်ဆိုင်းဖို့ရန် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ပြနေသလို ကျန်းမာရေး မကောင်းလို့ အနားယူမှာ မဟုတ်ကြောင်း သူတို့ပြောသလို ကျန်းမာရေးမကောင်းလို့သာဆိုရင် ပွဲ ၃၀၀ ကို ဆက်တိုက်ဆိုဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း John က ငြင်းဆိုခဲ့ပါတယ်။ Elton John ဟာ၂၀၁၇ခုနှစ် အတွင်းမှာ ပွဲပေါင်း ၁၀၀ နီးပါး သီဆိုဖျော်ဖြေခဲ့ပါတယ်။ ထိုစဉ်က တောင်အမေရိက နယ်လှည့်ခရီးစဉ်အတွင်း ဘက်တီးလီးယား ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။… Continue reading ကမ္ဘာကျော်နယ်လှည့် အဆိုကျော် Elton John ဟာ ပွဲ၃၀၀ကို ဖျော်ဖြေမှုအပြီးတွင် ပရိတ်သတ်တွေကို နှုတ်ဆက်တော့မည်