Facebook မှာ အချိန်တိုအတွင်း ဆယ်လီဖြစ်နည်း

ဟယ်လို မင်္ဂလာပါ၊ Facebook မှာ ဆယ်လီမဖြစ်သေးလို့ စိတ်ညစ်နေတာလား၊ ကျနော်တို့ရဲ့ အပျံစား အကြံပေးချက်တွေကို လိမ်လိမ်မာမာနဲ့ နားထောင်ပြီး ကျင့်ကြံရင် ဆယ်လီဖြစ်ဖို့ အာမခံပါတယ်။ ဆယ်လီဆိုတာ ဘာပါလိမ့်၊ လွယ်လွယ်ပြောရရင် ကိုယ့်ကို လူသိများနေရင် ဆယ်လီဖြစ်နေပြီပေါ့။ ကဲ သင် ဘာကြောင့် ဆယ်လီဖြစ်ဖို့လိုတာလဲ။ ဟဲဟဲ ရှင်းပါတယ်။ ကိုယ့်ကို လူသိများသွားတာပေါ့။ မိန်းကလေး တစ်ယောက်အနေနဲ့ Facebook မှာ friend ၅ထောင် ပြည့်ဖို့လွယ်ပေမယ့် ယောက်ျားလေးအနေနဲ့တော့ ဆယ်လီမဟုတ်ရင် သိပ်မလွယ်လှပါဘူး။ မိန်းကလေးတစ်ယောက် Facebook မှာ status တင်တဲ့အခါ သာမီးလှလားဟင်၊ စားကြပါအုံး ကြိုက်သလိုရေးရေး like တွေများ ရလွန်းလို့၊ ကိုယ်တွေ ယွကျားလေးတွေ အဲ့လိုတင်ရေးရင် ဆဲသံတွေ ပလူပျံသွားတာဘဲ။ အို…… Continue reading Facebook မှာ အချိန်တိုအတွင်း ဆယ်လီဖြစ်နည်း

Valentine Day မှာ Single အဖြစ် ဂုဏ်ယူလိုက်ပါ

ချစ်သူများနေ့မှာ ရည်းစားမရှိလို့ စိတ်ညစ်နေတာလား။ ဒါ စိတ်ညစ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဂုဏ်ယူရမယ့် ကိစ္စလို့တောင် ပြောလို့ရပါတယ်။ သူများစုံတွဲတွေကို အပြင်ပန်းကြည့်ပြီး အားမကျလိုက်ပါနဲ့။ အားလုံးမှာ ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ ကဲ ဘာကြောင့် Single တွေ အနေနဲ့ V Day မှာ ဂုဏ်ယူသင့်တာလဲ။ ဖတ်ပြီးရင် ပြန် ရှယ်ပေးဖို့ မမေ့နဲ့နော်။ ၁။ ကိုယ့်ကို FA လို့ပြောတဲ့သူတွေဟာ ဉာဏ်စဉ်မှီတဲ့သူတွေ မဟုတ်ပါဘူး။ ကိုယ့်ဘေးနားမှာ စကီလေးတွေ၊ ဘဲလေးတွေ မရှိရင် အချို့သော သူများက ကိုယ်တွေကို Forever Alone (FA) လို့ ခေါ်ကြပါတယ်။ အမှန်တော့ ကိုယ်တွေကို FA လို့ပြောတဲ့သူတွေဟာ ဉာဏ်စဉ်မမှီကြတာများပါတယ်။ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်းမြင်တတ်တဲ့ ကိုယ်တွေလို ဉာဏ်ကြီးတဲ့သူအဖို့ကတော့ … Continue reading Valentine Day မှာ Single အဖြစ် ဂုဏ်ယူလိုက်ပါ

အရက်ဘီယာ သောက်၍ ကားမောင်းပါက ဂျက်စတင်ဘီဘာရဲ့ကြေငြာပြပြီး အပြစ်ပေးမယ်လို့ အမေရိကန်ယာဉ်ထိန်းရဲများပြော

ဒါဟာ နောက်နေတာမဟုတ်ပါဘူး။ အမှန်တစ်ကယ်ပြောခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မင်နီဆိုတာ ပြည်နယ်က ယာဉ်ထိန်းရဲ များက ထူးဆန်းတဲ့ အပြစ်ပေးမှုတစ်ခုကို Twitter ပေါ်မှာ ရေးလိုက်ပါတယ်။ သောက်စား၍ ကားမောင်းသူ များကို T-Mobile အတွက် ဂျက်စတင်ဘီဘာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကြေငြာပြပြီး အပြစ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ဘောလုံးချန်ပီယံပွဲဖြစ်တဲ့ Super Bowl ပွဲမှာ အချိန်ပြည့်နီးပါး ကြေငြာနေတဲ့ ဂျက်စတင်ဘီဘာကို အတော်များများက ငြီးငွေ့နေပါပြီ။ ဒါ့အပြင် အမေရိကန်မှာ လူမုန်းအများဆုံး ဆယ်လီ အဖြစ် ဂျက်စတင်ဘီဘာ ဟာရပ်တည်နေပါတယ်။ အောက်ပါ video ကတော့ ဂျက်စတင်ဘီဘာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကြေငြာဖြစ်ပါတယ်။

Pornhub မှ လိင်ပိုင်းဆိုင်ရာအသိပညာ ဗဟုသုတများပေးမည့် ဝန်ဆောင်မှုထည့်သွင်း

ကမ္ဘာ့အကြီးဆုံး လိင်ဖောျ်ဖြေမှု ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Pornhub ကတော့ လိင်ပိုင်းဆိုင်ရာ အသိပညာများကို မျှဝေပေးမယ့် အစီအစဉ်တစ်ခုကို သူတို့ရဲ့ ဝက်ဘ်ဆိုဒ်ထဲမှာ ထည့်သွင်းပေးခဲ့ပါတယ်။ ဒေါက်တာ Laurie Betito က Pornhub မှာ Sexual Wellness Center (SFW) အစီအစဉ်အနေနဲ့ ပညာပေးတင်ဆက်သွားမှာ ဖြစ်ပြီး Group တွေထဲမှာ မန်ဘာစနစ်နဲ့ မေးမြန်းနိုင်ပါသေးတယ်။ လိင်ပိုင်းဆိုင်ရာ ဗဟုသုတ ကျွမ်းကျင်သူများက ပြန်လည် ဖြေဆိုပေးသွားမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လိင်ကိစ္စနဲ့ပတ်သတ်ပြီး ကျန်းမာရေး၊ လူမှုဘဝနေထိုင်ပုံနဲ့ပတ်သတ်ပြီး ပျော်ရွှင်တဲ့နေထိုင်မှုစနစ်ကို ရရှိစေဖို့ ဖြစ်တယ်လို့ Pornhub က ကြေငြာခဲ့ပါတယ်။ Pornhub ကို နေ့စဉ်ကြည့်ရှုသူ သန်း (၇၀) ကျော်ခန့်ရှိနေပြီး ကမ္ဘာ့အကြီးဆုံး Porn Website တစ်ခုထဲက… Continue reading Pornhub မှ လိင်ပိုင်းဆိုင်ရာအသိပညာ ဗဟုသုတများပေးမည့် ဝန်ဆောင်မှုထည့်သွင်း

YouTube မှာ ၂ ရက်အတွင်း ကြည့်ရှုသူ ၂သန်းကျော်သွားတဲ့ I Like OJ

လူတိုင်းနီးပါး PPAP သီချင်းကို သိကြမှာပါ။ ဂီတပိုင်းဆိုင်ရာ ပညာသား တစ်ခုမှ မပါပေမယ့် လူတွေကို စိတ်ပျော်ရွှင်မှုနဲ့ ဟာသပိုင်းဆိုင်ရာ ပေးစွမ်းနိုင်မှုတို့ကြောင့် နာမည်ကြီးလာတာ ဖြစ်ပြီး ယခုလည်း I Like OJ ဆိုတဲ့ သီချင်းကို ထပ်ထုတ် လိုက်ပြန်ပါပြီ။ PPAP သီချင်းနဲ့နာမည်ကြီးလာတဲ့ ဂျပန်လူမျိုး Pikotaro ရဲ့ I Like OJ ဆိုတဲ့ သီချင်းကို အောက်ပါ video မှာ ကြည့်ရှုနိုင်ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့က YouTube မှာ တင်တာဖြစ်ပြီး ၂ရက်အတွင်း ကြည့်ရှုသူ ၂သန်းခွဲ ကျော် ခန့်ရှိနေပြီ ဖြစ်ပါတယ်။

Star Wars ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ Carrie Fisher ကွယ်လွန်

Star Wars ရုပ်ရှင်ကိုတော့ လူတိုင်းသိကြမှာပါ။ ဒီဇင်ဘာ (၂၇) ရက်နေ့ညမှာ Star Wars ရဲ အဓိက သရုပ်ဆောင် ဖြစ်တဲ့ Carrie Fisher တစ်ယောက် နှလုံးရောဂါနဲ့ အသက် (၆၀)မှာ သေဆုံးသွားခဲ့ပါတယ်။ Star Wars ရုပ်ရှင်ရဲ့ စီးရီးတိုင်းမှာ ပါဝင်ခဲ့ပြီး အကြီးအကျယ် အောင်မြင်မှုကို ရရှိခဲ့ပါသေးတယ်။ အခုတော့ ကမ္ဘာကြီးကို နှုတ်ဆက်ကျောခိုင်း ထွက်ခွာသွားပါပြီ။ မသေဆုံးမှီ Star Wars 8 ကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့တဲ့ အတွက် Carrie Fisher ကို ဇာတ်လမ်းအတွင်းမှာ ပြန်လည် တွေ့ရှိရအုံးမှာပါ။

သင်မသိသေးတဲ့ ဒေါ်နယ်ထရမ့်တို့ မိသားစု အကြောင်း

လာမယ့် ၂၀၁ရခုနှစ် ဇန်နဝါရီလ မှာ အမေရိကန်နိုင်ငံရဲ့ ၄၅ယောက်မြောက် သမ္မတအဖြစ် တင်မြှောက်ခြင်းခံရမယ့် ဒေါ်နယ်ထရမ့် ရဲ့ ရှုပ်ထွေးလှတဲ့ မိသားစုအကြောင်းကို Nickiswift website ကနေ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒေါ်နယ်ထရမ့် ဟာ သမ္မတအဖြစ်ရွေးချယ်တင်မြှောက် အနိုင်ရရှိခဲ့ပေမယ့် သူ့ကို မကျေနပ်တဲ့သူ၊ လက်မခံတဲ့ သူတွေလည်း အများကြီးရှိသလို မဲအနိုင်ရရှိတာက ရုရှားဟက်ကာတွေရဲ့ အကူအညီကြောင့်လို့လဲ သတင်းထွက်နေတာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတသမိုင်းကြောင်း တစ်လျှောက်မှာ ထူးခြားတဲ့သူ တစ်ယောက်လဲ ဖြစ်နေပါတယ်။ ၁။ မိသားစု ဒေါ်နယ်ထရမ့် ဟာ အမေရိကန် နိုင်ငံရဲ့ ထင်ရှားလှတဲ့ သူဌေးတစ်ယောက်ဖြစ်သလို သူ့မှာ တရားဝင် အမျိုးသမီး ၃ယောက်နဲ့ ကလေး ၅ယောက်ရှိပါတယ်။ ဒါ့အပြင် သတင်းများအရ မိသားစုအတွင်းပိုင်ဆိုင်မှုနဲ့အုပ်ချုပ်မှုမှာ… Continue reading သင်မသိသေးတဲ့ ဒေါ်နယ်ထရမ့်တို့ မိသားစု အကြောင်း

ဂျက်စတင်ဘီဘာ လည်ပတ်ခွင့်မရတဲ့ နေရာ (၆) ခု

နာမည်ကြီး ပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာ ကိုတော့ လူတိုင်းသိကြသလို သူ့ရဲ့ မထင်မှတ်တဲ့အပြုအမူကြောင့်လဲ အမြဲတမ်း ပြဿနာ တွေ ရင်ဆိုင်နေရသူလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျက်စတင်ဘီယာ ခရီးသွားတိုင်းမှာ နေရာတစ်ခုမှာ အချိန်ကြာကြာနေလို့ မရပါဘူး။ အကြောင်းကတော့ သူ့ကို သဘောကျလို့ လာကြည့်ရတဲ့ လူအုပ်စုကြီးရှိလာနိုင်သလို အချိန်မရွေး သူ့ရဲ့လုပ်ရပ်အချို့ကြောင့် မောင်းထုတ်မယ့် လူအုပ်ကြီးလည်း ဖြစ်လာနိုင်တာကြောင့်ပါ။ ဒီပိုစ့်မှာတော့ ဂျက်စတင်ဘီဘာ ကို သွား ရောက် လည်ပတ်ခွင့် ပိတ်ထားတဲ့ နေရာ (၆) ခုကို ဖော်ပြလိုက်ရပါတယ်။ ၁။ အာဂျင်တီးနား ကမ္ဘာပေါ်မှာ ဂျက်စတင်ဘီဘာ ကို မုန်းတဲ့နိုင်ငံကို မှတ်တမ်းတင်စာရင်းကောက်လိုက်ရင်တောင်မှ အာဂျင်တီးနားနိုင်ငံကိုတော့ မှီမယ် မထင်ပါဘူး။ အာဂျင်တီးနား နိုင်ငံကတော့ ဂျက်စတင်ဘီဘာ ကို ဝင်ရောက်လည်ပတ်ခွင့်ပိတ်ထားပါတယ်။… Continue reading ဂျက်စတင်ဘီဘာ လည်ပတ်ခွင့်မရတဲ့ နေရာ (၆) ခု

Beauty and the Beast (2017) ရုပ်ရှင်အကြိုခံစားကြည့်ခြင်း

ကဲ… သူငယ်ချင်းတို့ အရင်ကကြည့်ခဲ့ဖူးတဲ့ Beauty and the Beast ကာတွန်းဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် အသာထားဦးတော့၊ လာမဲ့ 2017မှာ Disneyကနေထွက်ရှိမဲ့ Beauy and the Beast 2017 filmလေး အကြောင်း မိတ်ပေးပါရစေလားဗျာ… ဒီဇာတ်လမ်းလေးဟာ ၁၉၉၁ကထွက်ရှိခဲ့တဲ့ Disneyရဲ့Beauty And the Beast Animation ကာတွန်းကိုပြန်လည် အသက်ဝင်လာအောင် အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ Bill Condonရဲ့ ညွန်းကြားမှုနဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ Emma Watson၊ Dan Stevens၊ Luke Evans၊ Kevin Kline၊ Josh Gad၊ Ewan Mcgregor၊ Stanley Tucci၊ Audra McDonald၊ Gugu Mbatha-Raw၊ Mc… Continue reading Beauty and the Beast (2017) ရုပ်ရှင်အကြိုခံစားကြည့်ခြင်း

Death Note: Light Up The New World (2016)

ရုပ်ရှင်အမျိုးအစား : Manga, Mystery, Psychological, Supernatural ဘာသာစကား       : ဂျပန် ထွက်ရှိသည့်နေ့     : ၂၉၊၁၀၊၂၀၁၆ ၂၀၀၆ခုနှစ် ဇွန်လ ၁၇ရက်က ထွက်ရှိခဲ့တဲ့ Death Note Filmကို လူတော်တော်များများက ရင်းနှီးပြီးသားဖြစ်လိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒီ၂၀၀၆ခုနှစ်အတွင်းမှာပဲ Death Note:The Last Name ကိုလည်းဆက်လက်ရိုက်ကူးခဲ့ပါသေးတယ်။အယ်လ်နဲ့ကီရာတို့ရဲ့ရှုပ်ထွေးမှုကြီးဟာ Death Note:The Last Nameမှာ အဆုံးသတ်သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ 2008ခုနှစ်မှာ Death Noteနဲ့မသက်ဆိုင်တော့တဲ့ Change The World Filmလေးကိုထွက်ရှိခဲ့ပါတယ်။အယ်လ်ရဲ့စွန့်စားမှုတွေကပ်ရောဂါအရှုပ်တော်ပုံတွေကိုမြင်တွေ့ခဲ့ရမှာပါ။အယ်လ်ဟာ 2008ခုနှစ် Filmမှာ သူ့နာမည်ကို သေမင်းစာအုပ်မှာရေးသွင်းခဲ့တာကြောင့်အခုဇာတ်လမ်းမှာတော့ မပါဝင်တော့ပါဘူး။  Death Noteနဲ့သက်ဆိုင်တဲ့ Filmအသစ်လေးကတော့ ၂၉ရက် အောက်တိုဘာ ၂၀၁၆ခုနှစ် ကထွက်ရှိခဲ့ပါပြီ။ ကီရာနှင့်အယ်လ်တို့၏ ရန်စများပြီးဆုံးပြီးကာလနောက်ပိုင်းဆယ်နှစ်ကြာပြီးသောအခါ ရှီမီဂါမီသေမင်းဟာ ကမ္ဘာ့ရှုပ်ထွေးမှုကြီးထပ်ဖြစ်လာအောင်… Continue reading Death Note: Light Up The New World (2016)