အမေရိကန်သမ္မတ နေထိုင်ရာ အိမ်ဖြူတော် ကို ခိုးဝင်ကျူးကျော်ခဲ့တဲ့သူ

အိမ်ဖြူတော်ဟာ ခေတ်အဆက်ဆက် အမေရိကန်နိုင်ငံရဲ့ သမ္မတများနေထိုင်ရာ အဆောက်အဦးဖြစ်ခဲ့သလို လုံခြုံရေး တင်းကြပ်တဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နေထိုင်ပြီး မတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီ ၃၈ မိနစ်ခန့်က လူတစ်ယောက်ဟာ အိမ်ဖြူတော်ကို ခိုးဝင်ဖို့ကြိုးစားခဲ့ပါတယ်။

အဆိုပါ ကျူးကျော်ခိုးဝင်သူဟာ အိမ်ဖြူတော်ရဲ့ တောင်ဘက် ခြံစည်းရိုးကနေ ခိုးဝင်ခဲ့တာ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ပါတယ်။ ဂျွန်နသန်ထရန် လို့ အမည်ရတဲ့ ကျူးကျော်သူဟာ အသက် ၂၆ နှစ်ရှိပြီး သူ့ကို လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးတဲ့အခါ မသင်္ကာစရာ လက်နက်ပစ္စည်းတစ်ခုမှ မတွေ့ခဲ့ဘူးလို့ ပြောပါတယ်။ ခိုးဝင်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အဆောက်အအုံအတွင်းမှာ အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။

ထရမ့်အနေနဲ့ လုံခြုံရေးတပ်ဖွဲ့များကို ချီးကျူးပြောဆိုလိုက်ပြီး ကျူးကျော်ဝင်ရောက်သူကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှင်းလိုက်တယ်လို့ သိရပါတယ်။ CNN သတင်းဌာနရဲ့ အင်တာဗျူးမှာကတော့ ခိုးဝင်သူ ဂျွန်နသန်ထရန်က သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဖို့ချိန်းဆိုဖို့လာတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ သူငယ်ချင်းလဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကတော့ အဆိုပါ ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ မှတ်ချက်မပေးထားပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *