Albania တွင် 5.6-magnitude ပြင်းအားရှိ ငလျှင်ကြီးလှုပ်ခတ်သွားခြင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများခဲ့

ဥရောပနိုင်ငံများတွင် အပါအဝင်ဖြစ်တဲ့ Albania နိုင်ငံ၏ မြို့တော်ဖြစ်တဲ့ Tirana မြို့ အနီးအနားရှိ အဓိက ဆိပ်ကမ်း မြို့ ဖြစ်သော Durrës မြို့တွင် စက်တင်ဘာလ (၂၁) ရက် စနေနေ့က 5.6-magnitude ပြင်းအားရှိ ငလျှင်ကြီး တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

ထိုငလျှင်ကြောင့် အိမ်များ၊ ကားများ ထိခိုက်သွားတဲ့အပြင် လူပေါင်း (၃၇)ဦးကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရ ပါတယ်။အမေရိကန်ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ ငလျှင်ဟာ Tirana မြို့၏ မြောက်ဘက် ၃၅ ကီလိုမီတာအကွာကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာထိခိုက်ဒဏ်ရာရရှိထားသူများကို Tirana မြို့ဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။ ငလျှင်လှု ပ်ခတ် သွားသဖြင့် ဝန်ကြီးချုပ် Edi Rama ဟာ New York သို့သွားမည့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကာ Frankfurt မှ ပြန်လာ ခဲ့ရတယ်လို့ သိရှိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *