Alibaba ကုမ္ပဏီဥက္ကဌ Jack Ma အနားယူလိုက်ပြီ

တရုတ်ပြည်ရဲ့ အချမ်းသာဆုံးစာရင်းဝင်တစ်ဦးဖြစ်သလို တရုတ်ပြည်သို့ E-commerce ဈေးကွက်ကြီးအား စတင်ခေါ် ဆောင်ပေးခဲ့တဲ့ Alibaba ကုမ္ပဏီကြီး၏ အလုပ်အမှုဆောင်ဥက္ကဌဖြစ်သူ Jack Ma ဟာ သူကိုယ်တိုင်ထောင်ခဲ့တဲ့ Alibaba ကုမ္ပဏီကြီးကို အပြီးပိုင်နှုတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

Jack Ma ရဲ့ နှုတ်ဆက်ပွဲကို စက်တင်ဘာလ ၁၀ရက် အင်္ဂါနေ့တွင် အိုလံပစ်ကွင်းအရွယ် အားကစားကွင်းထဲမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ Jack Ma ဟာ Alibaba ကို နှစ် (၂၀)လောက် ဦးစီးခဲ့ကာ ယခုအခါမှာတော့ ကုမ္ပဏီရဲ့ တန်ဖိုးဟာ $460 billion အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ကုမ္ပဏီမှ ရပ်နားလိုက်ရတဲ့ အဓိကရည်ရွယ်ချက် က တော့ ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်ပြီး ဆောင်ရွက်ချင်လို့ပဲဖြစ်တယ်လို့ Jack Ma က ပြောကြားခဲ့ပါ တယ်။

Jack Ma ဟာ ၂၀၁၄ ခုနှစ်တွင် Jack Ma Foundation ကို စတင်တည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းများ၊ သဘာ ၀ပတ်ဝန်းကျင်ဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အမျိုးသမီးများ လုပ်ပိုင်ခွင့်၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။Jack Ma က သူအသက် (၇၀) မပြည့်မီမှာ တရုတ်ပြည်ရဲ့ ပညာရေးနှင့်ပတ်သက်လို့ ပြောင်း လဲမှုတစ်ခုဖြစ်ပေါ်စေရန် ကြိုးစားသွားမှာဖြစ်ပြီး ယခုပညာရေးအတိုင်းသွားမယ်ဆိုရင် နောက်အနှစ် (၃၀)မှာ မျိုးဆက် သစ်ကလေးများဟာ သုံးမရတော့တဲ့ ကလေးတွေဖြစ်သွားနိုင်ကြောင်းလဲ ရှင်းပြခဲ့ပါတယ်။

လက်ရှိ Jack Ma ရဲ့ ပိုင်ဆိုင်မှုဟာ $40 billion လောက်ရှိပြီး Alibaba ကုမ္ပဏီတွင်လည်း ရှယ်ယာ 6.22% ကျန်သေးကြောင်း Jack Ma ရဲ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့ ယခင် CEO၊ ယခု အလုပ်အမှုဆောင်ဥက္ကဌ Daniel Zhang ၏ ပြောပြချက်အရသိရပါတယ်။ Alibaba ကုမ္ပဏီကြီးမှာ Jack Ma မရှိတော့သည့်အတွက် ကုမ္ပဏီရဲ့ အနာဂါတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.