




မိုးဆက်ကို(STM)

UNICODE FONT:

Amazon မှ ကိုယ်ပိုင် messaging app ကို မိတ်ဆက်

Messaging app မှာဆိုရင် နာမည်ကြီးတာတွေကတော့ Facebook, Apple နှင့် Google Hangouts တို့ဟာ နာမည်ကြီးလှပါတယ်။ Amazon အနေဖြင့်လည်း အဆိုပါ လုပ်ဆောင်ချက်များ အတိုင်း လုပ်ဖို့အတွက် လိုလားနေပုံ ရပါတယ်။

ဒါကြောင့် Amazon အနေဖြင့် အချိန်မရွေး ဆက်သွယ်နိုင်ဖို့အတွက် Android, iOS အပါအ၀င် desktop တွေ အတွက် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ app တွင် message, video, voice နှင့် stickers တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သင့်အနေဖြင့် အဆိုပါ app ကို အသုံးပြုဖို့အတွက် ဖုန်းနံပါတ် မလိုပါဘူး။ နာမည်တစ်ခုပဲလိုအပ် ပါတယ်။ သင့်အနေဖြင့် Twitter ပုံစံမျိုး အသုံးပြုနိုင်ပြီး အခြားသူတွေကို စကားပြောတာတွေ၊ ဓာတ်ပုံတွေမ ျှဝေတာတွေနှင့် အရေးကြီးတဲ့ ဆက်သွယ်မယ့်သူတွေကို Color-code တွေအနေနဲ့ ပေးပို့နိုင်ပါတယ်။

ပုံမှန်အားဖြင့် ဆိုရင်တော့ အဆိုပါက app ဟာ ဥပမာအားဖြင့် သီးချင်းတွေနားထောင်တာတို့ အစားအစာတွေ မှာယူတဲ့ ဂရုပ်တွေလိုမျိုးနဲ့ဆင်တူပါတယ်။ အဲဒီကနေ စီးပွားရေးဆိုင်ရာ စကားပြောတာတွေ၊ ဈေး၀ယ်သူတွေကို စကားပြန်ပြောတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

မိုးဆက်ကို(MMA)

Leave a comment

Your email address will not be published. Required fields are marked *