လူမှုကွန်ရက်အသုံးပြုမှုနှင့် စမတ်ဖုန်းများ အလွန်အကျွံအသုံးပြုမှုကြောင့် လိင်ဆက်ဆံမှု နည်းပါးလာ

လက်ရှိကောက်ခံထားတဲ့ စစ်တမ်းများအရ facebook နှင့်အခြားသော လူမှုကွန်ရက် အသုံးပြုမှု အလွန်အကျွံများပြားလာသောကြောင့် လူတို့၏ လိင်ဆက်ဆံမှုဘဝကို ထိခိုက်စေသည်ဟု သိရှိရသည်။ Archives of Sexual Behavior ရဲ့ ထုတ်ပြန်ချက်များအရ အွန်လိုင်းမှ ရုပ်ရှင်များ ကြည့်မှု၊ လူမှုကွန်ရက် အသုံးပြုမှု ပိုမိုများပြားလာခြင်း၊ တီဗီကြည့်ရှုမှုများ ပိုမိုများပြားလာသောကြောင့် လူတွေရဲ့ လိင်ဆက်ဆံမှု နည်းလာကြောင်း သိရှိရသည်။

ဒါ့အပြင် အသက် ၁၈ နှစ်မှ ၂၉ နှစ်အရွယ်ရှိသော သူများမှာ တစ်ကိုယ်တည်းနေထိုင်မှု ပိုမိုများပြားလာပြီး အမေရိကန်နိုင်ငံတွင် လိင်ဆက်ဆံမှုနှုန်းမှာ ကျဆင်းလာကြောင်း သိရှိရသည်။ အကြောင်းရင်းမှာ ညအခါတွင် facebook နှင့် netflix တို့မှ ရုပ်ရှင်များကို ကြည့်ရှုမှုများပြားလာသော ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *