Apex Legends ကို ဖုန်းနဲ့ ကစားနိုင်တော့မယ်

Games တွေ ခေတ်စားနေတဲ့ ယနေ့ခေတ်ကြီးမှာ Game ထုတ်လုပ်သူတွေဟာ အပြိုင်အဆိုင်ဖြစ်လာကြပါတယ်။ ယခု အခါမှာတော့ PUBG ၊ Fortnite တို့လိုပဲ သေနတ်ပစ်ကစားရတဲ့ Gameတစ်ခုဖြစ်တဲ့ Apex Legends ကို မကြာ တော့တဲ့ အချိန်မှာ ဖုန်းတွေမှာ ကစားနိုင်တော့မှာဖြစ်ကြောင်း EA ကုမ္ပဏီက ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ Apex Legends ဟာ Respawn Entertainment ကုမ္ပဏီမှ ထုတ်လုပ်ခဲ့တဲ့ Game ဖြစ်ပြီး ၂၀၁၉ ဖေ ဖော်ဝါရီ ၄ ရက်နေ့မှာ EA က Game လောကထဲကို ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Apex Legends ဟာ တရုတ် ပြည်မှာ စတင်နာမည်ရခဲ့ပြီး ယခုအခါမှာတော့ တစ်ကမ္ဘာလုံးသိတဲ့ Game တစ်ခုဖြစ်လာခဲ့ပါတယ်။

Apex Legends ဟာ ယခုလက်ရှိမှာတော့ Windows PC၊ XBox နဲ့ PS 4တို့မှာ FREE ရယူပြီး ကစားနိုင်မှာ ဖြစ်ပြီး မကြာတော့တဲ့ အချိန်မှာတော့ ISO ဖုန်းနှင့် Android ဖုန်းများတွင်ပါ ကစားနိုင်တော့မှာဖြစ်ကြောင်း EA ကုမ္ပဏီ၏ ပြောပြချက်အရသိရပါတယ်။ Apex Legends ဟာ မိတ်ဆက်ပွဲတွေ၊ ကြေငြာမှုတွေ ဘာတစ်ခုမှ မလုပ်ဘဲ အချိန်တိုအတွင်းမှာ အရိုန်အဟုန်နဲ့ ကစားသူများလာတာဖြစ်ပြီး ယခုလအစောပိုင်းမှာ ကစားသူ သန်း ၅၀ကျော်သွား ခဲ့ပြီးဖြစ်ပါတယ်။ Apex Legends ကို EA ရဲ့ Website မှာ တင်ပြီးတဲ့နောက်ပိုင်းမှာ EA Website ကို ဝင်ကြည့်သူ ဟာ ၃၀% ပိုတိုးလာတယ်လို့ EA ရဲ့ ပြောကြားချက်အရသိရပါတယ်။

ယခုလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ Apex Legends ကို ဒီထက်ပိုပြီး အသုံးပြုသူတွေ အဆင်ပြေစေဖို့နဲ့ ဒီထက် ကောင်းတဲ့ တိုက်ပွဲ Battle တွေဖြစ်လာစေဖို့အတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ လူကြိုက် အများဆုံး Game တစ်ခုဖြစ်လာအောင် ကြိုးစားသွားမှာဖြစ်ကြောင်း EA ကုမ္ပဏီကပြောကြားခဲ့ပါတယ်။ မကြာတော့တဲ့ အချိန်မှာ Season 1 ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် Season 2 မှာဘယ်လို အသစ်အဆန်းတွေထပ်လာမလဲ၊ Season 2 နဲ့အတူ IOS ဖုန်းနဲ့ Android ဖုန်းတွေမှာပါ ကစားခွင့်ရလာမလားဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော် ရ မှာဖြစ်ပါတယ်။

Source : Game Sport News

Leave a comment

Your email address will not be published. Required fields are marked *