Apple ကို ကျောခိုင်းသွားတဲ့ Apple ရဲ့ Chief Design Officer ဖြစ်သူ Jony Ive

ဒီနေ့လူတွေအသုံးပြုနေကြတဲ့ Apple ရဲ့ product တွေဖြစ်တဲ့ iPhones, iPods တွေနဲ့ Macbooks တွေရဲ့ Design ကို ဖန်တီးခဲ့တဲ့ designer ကတော့ Jony Ive ဖြစ်ပါတယ်။ Jony Ive က Apple စတည်ထောင်တဲ့အချိန် Steve Jobs လက်ထက်တည်းက Apple Products တွေကို design ဆွဲခဲ့ပေးတဲ့ design ပညာရှင်ဖြစ်ပါတယ်။ Apple မှာ နှစ်သုံးဆယ်နီးပါး တာဝန်ထမ်းဆောင်ပြီးတဲ့အချိန်မှာတော့ Apple မှ နှုတ်ဆက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ဒီလို ထွက်ခွာရတဲ့အကြောင်းရင်းကတော့ Jony Ive က ကိုယ်ပိုင် Design Company တစ်ခုထူထောင်ဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။ သူ့ company ရဲ့ ပထမဆုံးဦးစားပေး client ကိုတော့ Apple အတွက် အမြဲရှိနေပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Jony Ive မရှိပေမယ့် သူ့ရဲ့ Design Team ကတော့ Apple ရဲ့ အနာဂတ် design အတွက် ဆက်လက်လုပ်ဆောင်နေမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Apple ရဲ့ products အားလုံးနီးပါးက Jony Ive ရဲ့ ရိုးရှင်းသေသပ်တဲ့ ဒီဇိုင်းလက်ရာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် iPhone တွေ Macbooks တွေတော်တော်များများမှာ သူကိုယ်တိုင်ပါဝင်ပြီး ရှင်းပြတဲ့ videos တော်တော်များများကလည်း လူတွေမျက်စိထဲမှာ စွဲသွားလောက်အောင် ကောင်းမွန်ပါတယ်။ လက်ရှိ Apple Park Campus ကို ဒီဇိုင်းဆွဲခဲ့တဲ့ designer ကလည်း Jony Ive ကိုယ်တိုင်ဖြစ်ပါတယ်။ Jony Ive က သူ့သက်တမ်းတစ်လျှောက်မှာ Apple အတွက်တာဝန်ထမ်းဆောင်ပေးခဲ့ရတာ ဂုဏ်အယူရဆုံးဖြစ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Jony Ive မရှိတဲ့ Apple ရဲ့အနာဂတ်ကတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ Apple Fans တွေက ရင်ခုန်စွာနဲ့ စောင့်ကြည့်နေပါတယ်။

 

Leave a comment

Your email address will not be published. Required fields are marked *