Apple က ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်

အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြညနယ် မြို့တော် Cupertino ရှိ Steve Jobs theater မြေအောက်ခန်း တွင် မတ်လ ၂၅ရက် တနင်္လာနေ့ ညနေက Apple ရဲ့ ဝန်ဆောင်မှု အသစ်မိတ်ဆက်ပွဲကြီး ပြုလုပ်ခဲ့ပါတယ်။ ၎င်းပွဲ မှာ Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook အပါအဝင် နာမည်ကြီးတွေဖြစ်ကြတဲ့ Steven Spielberg နဲ့ Oprah Winfrey တို့က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာ Apple TV+, Apple News+, Apple Card နှင့် Apple Arcade ဝန်ဆောင်မှု Software တွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ၎င်း Software တွေဟာ Apple အသုံးပြုသူတွေအတွက်တော့များစွာ အထောက် အကူပြုမှာဖြစ်ပါတယ်။ Apple Device တစ်ခုရှိယုံနဲ့ ၎င်းဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple TV+ ဆိုတာက Apple အသုံးပြုသူတွေကသာ ဝယ်ယူအသုံးပြုနိုင်တဲ့ Apple ရဲ့ TV Channel ဖြစ်ပါတယ်။ Apple TV+ ဟာ Netflix ကဲ့သို့ မိမိကြိုက်နှစ်သက်ရာ Videos တွေကို တိုက်ရိုက်ကြည့်ရှုနိုင်သလို Download လုပ်ထားပြီး offline လဲ ကြည့်နိုင်ပါတယ်။ ထို့အပြင် Live သတင်းတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Apple News+ ကို Tim Cook က ကမ္ဘာမှာ အကောင်းဆုံး News App တစ်ခုလို့ ပြောကြားခဲ့ပါတယ်။ Apple News+မှာ magazine ပေါင်း ၃၀၀ ကျော်ကို တစ်လ $9.99 ဖြင့်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အပြင်မှာ Magazine တစ်အုပ်ကို $10 ကျော်ပေးနေရတဲ့ အချိန်မှာ Apple News+ က $9.99 နဲ့ magazine ပေါင်း ၃၀၀ ကျော်ကို ဖတ် နိုင်မယ်ဆိုတော့ အရမ်းတန်တဲ့ ဝန်ဆောင်မှု Software တစ်ခုပဲဖြစ်ပါတယ်။

Apple Card ကတော့ Apple နဲ့ Goldman Sachs တို့ ပူးပေါင်းပြီး ထုတ်လိုက်တဲ့ Apple ရဲ့ ကိုယ်ပိုင် credit card Software ပဲဖြစ်ပါတယ်။ Apple Card ကို IOS Device တွေမှာရှိတဲ့ Wallet app နဲ့တွဲသုံးရမှာဖြစ်ပါတယ်။ Apple Card နဲ့ ပေးချေတဲ့ မည်သည့်ဝယ်ယူမှုမှာမဆို ၂ရာခိုင်နှုန်း သက်သာခွင့်ရရှိမှာဖြစ်ပြီး Apple ရဲ့ ထုတ် ကုန်တွေကို ဝယ်မယ်ဆိုရင်တော့ ၃ရာခိုင်နှုန်းအထိသက်သာခွင့်ရရှိမှာဖြစ်ပါတယ်။

Apple Arcade ဆိုတာကတော့ ကြော်ငြာတွေမပါတဲ့ Apple ရဲ့ Game ဝန်ဆောင်မှု software ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ IOS Game ပေါင်း ၁၀၀ကျော်ဆော့လို့ရမှာဖြစ်ပြီး နောက်ထပ် IOS Game တွေကိုလည်း ထည့် သွင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ IOS Device တစ်ခု ဥပမာ Apple Laptop နဲ့ Game တစ်ခုကို ဆော့နေ ရင်း Pause လုပ်လိုက်ပြီး Apple Phone နဲ့ ပြောင်းပြီးတော့ ဆော့မယ်ဆိုရင် လက်ရှိ Pause လုပ်ထားတဲ့ နေရာက နေပဲ ဆက်ဆော့လို့ရမှာဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.