Apple က Google ရဲ့AI နည်းပညာရှင်ကို ဒါရိုက်တာရာထူးပေးပြီး ငှားရမ်း

Apple က Google ရဲ့ AI အဖွဲ့ ခေါင်းဆောင် Ian Goodfellow ကို ငှားရမ်းလိုက်ပြီးဖြစ်ကြောင်း ဧပြီလ ၄ရက်နေ့ ကြာ သပတေးနေ့တွင် Ian Goodfellow ရဲ့ Instagram အကောင့်မှာ ရေးသားထားချက်အရသိရှိရပါတယ်။ Apple ဟာ Software၊ Hardware အပြင် AI စနစ်ဖြစ်တဲ့ FaceID၊ Siri အစရှိတဲ့ ၄င်းတို့ရဲ့ နည်းပညာတွေကို မြှင့်တင်ဖို့ အတွက် Ian Goodfellow ကို မတ်လကတည်းက ငှားလိုက်တာဖြစ်ကြောင်း Instagram post အရ သိရှိရ ပါ တယ်။

Apple ဟာပြီးခဲ့တဲ့ နှစ်ကလည်း Google ရဲ့ AI နည်းပညာရှင်ဖြစ်တဲ့ John Giannandrea ကို ငှားရမ်းပြီး အသုံးပြု ခဲ့ပါတယ်။ ယခုနှစ်မှာလည်း Google အတွက် အရေးပါတဲ့ AI အဖွဲ့ခေါင်းဆောင် Ian Goodfellow ကို Google မှ ထွက်အောင် စည်းရုံပြီး Apple မှာ ဒါရိုက်တာ ရာထူးပေးခဲ့တာဖြစ်ပါတယ်။ Ian Goodfellow ဟာ AI နည်းပညာ မှာ အရေးပါတဲ့ Generative Adversarial Networks (GANs) နည်းပညာရဲ့ ဖခင်တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ Montreal တက္ကသိုလ်ကနေ Ph.D. ဘွဲ့ရခဲ့တာဖြစ်ပါတယ်။

Ian Goodfellow ဟာ Ph.D. ဘွဲ့ရပြီးနောက် OpenAI နဲ့ Google တို့မှာ အလုပ်လုပ်ခဲ့ပါတယ်။ OpenAI မှာ လုပ်တုန်းက တစ်လကို ဒေါ်လာ 800,000 နဲ့ OpenAI က ငှားရမ်းခဲ့ရတယ်လို့ သိရပါတယ်။ Ian Goodfellow ဟာ Google မှာ GANs အပိုင်းနှင့် နည်းပညာဆိုင်ရာ လုံခြုံရေးအပိုင်းကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ Apple ဟာ Ian Goodfellow ကိုခေါ်ယူပြီးနောက် AI နည်းပညာ Lattice.io ကို ဒေါ်လာသန်း20 ပေးပြီး ဝယ်ခဲ့တယ်လို့လည်း သိ ရှိရပါတယ်။

Source : CNBC News

Leave a comment

Your email address will not be published. Required fields are marked *