Apple ရဲ့ ဒေါ်လာ ၆၀၀၀ တန် ​Mac Pro တွေကို တရုတ်မှာပဲ ထုတ်လုပ်မည်။

Apple ရဲ့မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Mac Pro ကွန်ပျူတာတွေကို တရုတ်မှာပဲ ထုတ်လုပ်တော့မည်ဖြစ်ကြောင်း Wall Street Journal က Apple မှ သတင်းရရှိခဲ့ပါတယ်။ Apple ရဲ့ products တော်တော်များများကို တရုတ်နိုင်ငံမှာပဲ ထုတ်လုပ်တပ်ဆင်တာဖြစ်ပါတယ်။ Apple ရဲ့ ကွန်ပျူတာတွေဖြစ်တဲ့ Mac pro series တွေကိုတော့ US မှာ ထုတ်တာဖြစ်ပါတယ်။ Donald Trump နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်တဲ့အချိန်မှာတော့ Apple ကလည်း ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့လိုလာပါတယ်။ အကြောင်းရင်းကတော့ ကုန်ကြမ်းပစ္စည်းအားလုံးက တရုတ််မှာပဲ စျေးသက်သက်သာသာနဲ့ ရရှိနိုင်ပြီး တပ်ဆင်လို့လည်း လွယ်ကူနေတာကြောင့်ဖြစ်ပါတယ်။ အမေရိကန်မှာ တပ်ဆင်မယ်ဆိုရင် တရုတ်ကဝယ်ယူရတဲ့ ကုန်ကြမ်းရဲ့ အခွန်က များလာနိုင်ပြီး apple ရဲ့ ပစ္စည်းတွေက စျေးအဆမတန်များသွားနိုင်တာကြောင့် ဖြစ်ပါတယ်။

Apple က တရုတ်မှာရှိတဲ့ ကွန်ပျူတာ​ company တစ်ခုဖြစ်တဲဲ့ Quanta company နဲ့ပူးပေါင်း​ပြီး Mac Pro ကို တရုတ်မှာအပြီးသပ် ထုတ်လုပ်တပ်ဆင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Apple product တွေရဲ့ suppliers စက်ရုံတွေကလည်း အနီးနားမှာ ရှိနေတဲ့အတွက် ကုန်ပစ္စည်းပို့ဆောင်တဲ့ ကုန်ကျစရိတ်လည်း သက်သာမှာ ဖြစ်တယ်။ တရုတ်ကမှာယူတဲ့ပစ္စည်းတန်ဖိုးရဲ့ ၂၅% က US မှာ အခွန်အဖြစ်ပေးရတာကြောင့် Apple က ကုန်ပစ္စည်းထုတ်လုပ်တဲ့ ပုံစံကိုပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *