Apple ရဲ့ ပထမဦးဆုံး ဖုန်း Game ဖြစ်တဲ့ Warren Buffett’s Paper Wizard ကို Apple Store မှာရယူနိုင်ပြီး

မေလ ၆ရက် တနင်္လာနေ့တွင် Apple က ၎င်းတို့ရဲ့ပထမဦးဆုံး IPhone Game ဖြစ်တဲ့ Warren Buffett’s Paper Wizard ကို မိတ်ဆက်ခဲ့ပါတယ်။ Apple ဖုန်းတွေမှာရှိတဲ့ Apple Store မှာ အဲဒီ Game ကို Free Download ရယူပြီး ကစားလို့ ရပြီဖြစ်ပါတယ်။ Apple ဟာ Paper Wizard ကို ၂၀၀၈ခုနှစ်ကတည်းက ပြုလုပ်နေ တာ ဖြစ်ပြီး ယခုအခါမှာတော့ မိတ်ဆက်ပွဲနှဲ့အတူ ချပြလိုက်တာဖြစ်ပါတယ်။အဲဒီ Game ဟာ သတင်းစာပို့ရတဲ့ Gameအမျိုးအစားဖြစ်ပါတယ်။ကစားသူဟာ သတင်းစာပို့သူအဖြစ် ပါဝင်ကစားရမှာဖြစ်ပြီး အိမ်တွေမှာရှိတဲ့ ပစ်မှတ်ကို သတင်းစာနဲ့ ထိအောင် ပစ်ရမှာဖြစ်ပါတယ်။ ပစ်လို့ထိသွားခဲ့ရင် အမှတ်တိုးလာမှာဖြစ်ပါတယ်။ Apple ရဲ့ ရှယ်ယာဝင် Buffett က သူ့အိမ် ကို သတင်းစာလာပို့တာနဲ့ California ရှိ Apple ရုံးကို သတင်းစာပို့တာတွေကို ကြည့်ပြီး ဒီGame ကို တီထွင်ဖို့ စိတ်ကူး အကြံ ရရှိသွားတာဖြစ်တယ်လို့သိရပါတယ်။ Apple စီအီးအို Tim Cook’s က Omaha ရှိ Buffett နေအိမ် ကို သွားရောက်ပြီး ဆွေးနွေးတိုင်ပင်ကာ အဆိုပါ Game ကို ထုတ်လုပ်ရန် သဘောတူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Warren Buffett’s Paper Wizard Game ဟာ Apple ရဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ Game ဖြစ်တဲ့အပြင် Apple က ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ Apple ရဲ့ ပထမဦးဆုံး Game ထုတ်ကုန်ဖြစ်ပါတယ်။ Apple ဖုန်းကို အသုံးပြုနေတဲ့ ပရိတ်သတ်တွေအနေနဲ့ Warren Buffett’s Paper Wizard ကို စိတ်ဝင်စားပါက အခုပဲ Apple Store ထဲမှာ Free Download ရယူပြီး ကစားကြည့်လိုက်ပါနော်။

Source : Gamasutra News

Leave a comment

Your email address will not be published.