Apple ရဲ့ product ထုတ်လုပ်တဲ့နေရာကို တရုတ်မှ ထိုင်ဝမ်သို့ပြောင်းရန် Foxconn founder တိုက်တွန်း။

Foxcoon company က ကမ္ဘာမှာ electronic parts supplier company ကြီးတစ်ခုဖြစ်ပါတယ်။ ထိုင်ဝမ်မှာ တည်ရှိပြီး Apple က အစ အားထားနေရတဲ့ Supplier company ကြီးတစ်ခုလည်းဖြစ်ပါတယ်။ အမေရိကန် နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပြီးနောက်ပိုင်းမှာ အမေရိကန်နိုင်ငံက ကားစက်ရုံတွေနဲ့ နာမည်ကြီး နည်းပညာ company ကြီးတော်တော်များများက နစ်နာမှုတွေ ဖြစ်ခဲ့ပါတယ်။ Taiwan အခြေစိုက် Foxconn company ရဲ့ founder Terry Gou က Apple company ကို product တွေအားလုံးကို Taiwan မှာ ထုတ်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်ရှိ Apple ရဲ့ product parts တော်တော်များများကို Zhengzhou မြို့မှာ ထုတ်လုပ်ပါတယ်။ တရုတ်နဲ့ အမေရိကန်ကုန်သွယ်ရေးစစ်ပွဲဖြစ်တဲ့အချိန်မှာတော့ Apple ရဲ့ product အချို့ကို အခြားနိုင်ငံမှာ ပြောင်းထုတ်ခဲ့ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲမှာ Apple က သူ့ရဲ့ product တွေကို ထိန်ချန်ပေးရန် သမ္မတကို ဖြောင်းဖြပေမယ့် သမ္မတက မလိုက်လျောခဲ့ပါဘူး။ ဒါကြောင့် Apple ကလည်း သူ့ product တွေကို တရုတ်နိုင်ငံမဟုတ်ပဲ အခြား နိုင်ငံမှာ ထုတ်ဖို့ စလှုပ်ရှားလာခဲ့ပါတယ်။

Apple အနေနဲ့ product ထုတ်ဖို့နိုင်ငံက Taiwan တစ်ခုတည်းမဟုတ်ပဲ Mexico, Indonesia, India နဲ့ Vietnam လိုနိုင်ငံများစွာ ရှိပါတယ်။ Product cost အကုန်ကျနည်းမှ iPhone နဲ့ အခြား product တွေ စျေးသက်သာမှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ iPhone တွေမှာ ပါတဲ့ စာသား “Assembled in China” ဆိုတဲ့စာသားလေးလည်း ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *