Apple မှ စွမ်းဆောင်ရည်မြင့် Desktop ကွန်ပြူတာအသစ်တစ်မျိုး ထုတ်လုပ်ရန် ပြင်ဆင်နေ

Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ကတော့ မကြာမှီအချိန်အတွင်းမှာ စွမ်းဆောင်ရည်မြင့် desktop ကွန်ပြူတာ အသစ်တစ်မျိုးကို ပြင်ဆင်နေတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။ မကြာမှီအချိန်အတွင်းက ရောင်းချခဲ့တဲ့ Apple ရဲ့ MacBook  များထက် အဆပေါင်းများစွာသာတဲ့ အနေအထားကို ဖန်တီး မှာ ဖြစ်ပြီး ယခုဖန်တီးနေတဲ့ desktop version ကိုတော့ မျက်နှာပြင်ခပ်ကြီးကြီး၊ RAM၊ CPU နဲ့ Storage အပိုင်းတို့ကို အကောင်းဆုံး အမြန်ဆုံး Performance နဲ့ စျေးကွက်ထဲကို ပို့ဆောင်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် Apple အနေနဲ့ ဘယ်လို desktop series ကို update အနေနဲ့ထုတ်မှာလဲဆိုတာကို မရှင်းသွားပါဘူး။ လက်ရှိမှာ Mac-Mini နဲ့ Mac-Pro series, All in One ဆိုပြီး ၃ ခုရှိနေပြီး အသစ်ထွက်မယ့် series က ဘယ်လိုမျိုးလဲဆိုတာ မပြောသွားပါဘူး။ ဘယ်လိုဘဲ ဖြစ်ဖြစ် အသစ်ထွက်ရှိမယ့် Apple desktop series ကတော့ Graphic designer, Video Editing, နဲ့ Studio ပိုင်းတွေကို ကိုင်တွယ်နေတဲ့ သူတွေအတွက်တော့ သရေယိုစရာပါဘဲ။

Ref : The Verge

Leave a comment

Your email address will not be published. Required fields are marked *