Apple မှ iPhone ကင်မရာများတွင် AR နည်းပညာထည့်သွင်းဖို့ ကြံစည်

iPhone ကင်မရာများမှာ Augmented Reality (AR) လို့ခေါ်တဲ့ နည်းပညာကို ထည့်သွင်းဖို့ Apple မှ လျှို့ဝှက်စွာကြံစည်နေတယ် ဆိုပြီး Business Insider ရဲ့ သတင်းတစ်ခုမှာ ဖော်ပြသွားပါတယ်။ AR နည်းပညာဆိုတာ ကင်မရာနဲ့မြင်ကွင်းပေါ်မှာ မိမိထည့်သွင်းပေါင်းစပ်လိုတဲ့ အရာတွေနဲ့ဖြည့်ဆည်းထားပြီး အခြားကမ္ဘာငယ် တစ်ခုပုံစံဖြစ်အောင် တည်ဆောက်ပေးနိုင်တဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။

Apple ကတော့ သူ့ရဲ့ iPhone ကင်မရာထဲမှာ AR နည်းပညာကို ထည့်သွင်းအသုံးချပြီး 2D, 3D object တွေထည့်သွင်း သတ်မှတ်ခြင်း၊ မျက်နှာပြင် scan ဖတ်ခြင်း စသည်တို့ကို လုပ်ဆောင်စေနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း AR နည်းပညာထည့်သွင်းမှုနဲ့ပတ်သတ်၍ Apple ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း Apple မှ ထိုသတင်းကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *