Apps တွေက သင့်ရဲ့ Data တွေကို ဘာလို့အမြဲယူလို့ရနေတာလဲ။

ဒီနေ့ခေတ်မှာ အင်တာနက်သုံးတဲ့လူတိုင်းက မလုံခြုံပါဘူး။ ဆိုလိုတာက သင့်ကိုအမြဲစောင့်ကြည့်နေတဲ့လူတွေ ရှိပါတယ်။ သင် Facebook သုံးတယ်ဆိုပါစို့။ Facebook က သင့်ရဲ့ မွေးနေ့၊ မွေးရက်၊ သင်ဘာကြိုက်တတ်လဲ၊ ဘာတွေစိတ်ဝင်စားလဲ အကုန်သိပါတယ်။ ဒါပေမယ့် ဒီလိုdata တွေကို Third Party Apps တွေက နည်းမျိုးစုံနဲ့ ယူပါတယ်။ ဥပမာ သင့်ကို facebook အကောင့်သုံးပြီး sign in ဝင်ခိုင်းတာမျိုးတွေ ရှိပါတယ်။ ဒီလို သင်ဝင်လိုက်တဲ့အခါမှာ သင့်ရဲ့ facebook data တွေတော်တော်များများကို Third Party app တွေက ရနိုင်ပါတယ်။ ဒီလိုလူများစွာရဲ့ data တွေကို စီးပွားရေးလုပ်ငန်းနဲ့ ကြော်ညာတော်တော်များများမှာ အသုံးပြုကြပါတယ်။ အချို့ကလည်း လွဲမှားစွာ အသုံးပြုကြပါတယ်။ ဒီလို data တွေပေါက်ကြားမှုကြောင့် facebook နဲ့ Google က တရားခွင်မှာ ရင်ဆိုင်ခဲ့ရပါတယ်။

လူတော်တော်များများက​ settings ထဲက Privacy settings ကို on လိုက်ရင် လုံခြုံသွားတယ်လို့ထင်ကြပါတယ်။ မေးခွန်းက အမှန်တကယ်လုံခြုံရဲ့လားပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ သင်က Location service ကို allow လုပ်ခွင့်ပိတ်ထားပေမယ့်​ သင့် location ကို ip address က တစ်ဆင့် သိနိုင်ပါတယ်။ သင်က website browsing လုပ်တဲ့အခါမှာ cookie တွေကို ပိတ်ထားတာဖြစ်ဖြစ် private mode နဲ့ သုံးတာဖြစ်ဖြစ် သင့်တည်နေရာကို သိနိုင်ပါတယ်။ အနည်းဆုံး သင့် timezone ကကြည့်ပြီး သင် ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ သင့်ရဲ့ data တော်တော်များများကို apps တွေက အလိုအလျောက် apps company တွေကို data တွေ ပို့နေပါတယ်။ ဒီလိုစမ်းသပ်မှုမျိုးကို သိနိုင်တဲ့ software တွေရှိပါတယ်။ အခုဆို developers တော်တော်များများက နောက်ကွယ်က data တွေ ပို့မပို့ စမ်းသပ်မှုမျိုးလုပ်တဲ့အခါ apps ၁၀ခုမှာ ၆ခုလောက်က ကိုယ်မသိပဲနဲ့ data တွေ အလိုအလျောက်ပို့နေပါတယ်။ ဒီလိုမျိုး မဖြစ်အောင် အကုန်လုံးမကာကွယ်နိုင်ပေမယ့် အနည်းဆုံးလျော့သွားအောင် လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

Privacy settings တွေမှာ location service တွေကို ပိတ်ပါ။ နောက်ပြီး ads တွေမပေါ်လာအောင် limit လုပ်ပါ။ sign in with facebook, sign in with google တွေမျိုးတွေ့ရင် သတိထားပါ။ ဖြစ်နိုင်ရင် privacy စည်းမျဉ်းစည်းကမ်းတွေကို သေချာဖတ်ပါ။ Facebook နဲ့ Google account ရဲ့ privacy တွေက အင်တာနက်ခေတ်မှာ အသက်ပါပဲ။ settings တွေကို သင်အမြဲလေ့လာနေမယ်ဆိုရင်တော့ အားလုံး မတားဆီးနိုင်တောင် သင့် data ရနိုင်တဲ့ နည်းလမ်းက နည်းသွားမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *