Arkansas ရှိအမျိုးသားနှစ်ဦး ကျည်ကာအင်္ကျီတီထွင်ပြီး တစ်ဦးကိုတစ်ဦး စမ်းပစ်ရာရဲဖမ်းခံရ

အမေရိကန်ပြည်ထောင်စု Arkansas ပြည်နယ်ရှိ အသက် ၅၀နှစ်အရွယ် Charles Eugene Ferris နှင့် အသက် ၃၆နှစ်အရွယ် Christopher Hicks တို့ဟာ ကိုယ်ပိုင်ကျည်ကာအင်္ကျီကို တီထွင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂ရက် နေ့ အင်္ဂါနေ့တွင် တရားမဝင် သေနတ်အသုံးပြုမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

Charles Eugene Ferris နှင့် Christopher Hicks တို့ဟာ ၎င်းတို့ရဲ့ ကျည်ကာအင်္ကျီကို Hobbs ပြည်နယ်ရှိ သစ်တောထဲတွင် သွားရောက်စမ်းသပ်နေတာဖြစ်တယ်လို့သိရပါတယ်။ အင်္ဂါနေ့မှာတော့ သူတို့ ၂ ဦးလုံးဟာ အရက် မူးမူးဖြင့် ကျည်ကာကို စမ်းသပ်ခဲ့ပါတယ်။ Ferris က ကျည်ကာကိုဝတ်ပြီး Hicks ကို ပစ်ခိုင်းခဲ့ပါတယ်။ Hicks က .22-caliber semi-automatic rifle ဖြင့်ပစ်လိုက်ရာတွင် ကျည်ကာမှ ကျည်ကိုကာခဲ့နိုင်သော်လည်း Ferris ရဲ့ရင် ဘက်မှာ အထိနာသွားခဲ့ပါတယ်။

ထိုစဉ် Ferris က ဒေါသထွက်ပြီး Hicks ရဲ့ နောက်ကျောဘက်ကို သေနတ်ဖြင့် ထုခဲ့တယ်လို့ သိရပါတယ်။ အခင်း ဖြစ်ပြီးနောက် Ferris နှင့် Hicks တို့ Rogers ဆေးရုံကိုသွားပြီး Ferris ရဲ့ ရင်ဘက်ကိုဆေးကုသခဲ့တယ်လို့ သိရ ပါတယ်။ ဆရာဝန်များက မည်သို့ဒဏ်ရာရခဲ့သည်ကို မေးမြန်းရာမှာ လုပ်ကြံပြီးဖြေနေတာကို ဆရာဝန်များက ရိပ်မိသဖြင့် ရဲများကိုခေါ်ယူပြီး စစ်ဆေးခိုင်းရာမှ ဖြစ်ရပ်မှန်ကို သိရှိခဲ့ရတာဖြစ်ပါတယ်။ Charles Eugene Ferris နှင့် Christopher Hicks တို့ဟာ ၎င်းပြစ်မှုကြောင့် ထောင်ဒဏ် ၆နှစ် ကျမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Sources : FOX News

Leave a comment

Your email address will not be published. Required fields are marked *