Atom ဗံုးသယ္ေဆာင္လာသည့္ အေမရိကန္စစ္သေဘၤာအား ၇၂ႏွစ္အၾကာမွ ျပန္လည္တူးေဖာ္ေတြ႕ရွိ

ဒုတိယကမၻာစစ္ရဲ႕ ေနာက္ဆံုးရက္ျဖစ္တဲ့ ေန႕တစ္ေန႕မွာ ဂ်ပန္ေတြရဲ႕ ေတာ္ပီဒို လက္နက္နဲ႕ ပင္လယ္ၾကမ္းျပင္ေအာက္ကို ႏွစ္ျမဳပ္ျခင္း ခံလိုက္ရတဲ့ အေမရိကန္စစ္သေဘာၤာ USS Indianapolis ကို Microsoft ကုမၸဏီ၏ တြဲဖက္တည္ေထာင္သူ Paul Allen က ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ဂ်ပန္ေတြရဲ႕ ေရငုပ္သေဘၤာ လက္ခ်က္နဲ႕ ႏွစ္ျမွဳပ္သြားတဲ့ USS Indianapolis ဟာ ပင္လယ္ၾကမ္းျပင္မွာ လဲေလ်ာင္းေနခဲ့တာ ယေန႕ဆိုရင္ ၇၂ ႏွစ္ရွိခဲ့ပါျပီ။ ပင္လယ္ၾကမ္းျပင္ ၁၈၀၀၀ ေပ အနက္မွာ ႏွစ္ျမဳပ္ခဲ့တာ ျဖစ္ျပီး အခ်ိန္ ၁၂ မိနစ္သာ ရခဲ့တဲ့အတြက္ သေဘၤာေပၚမွာပါတဲ့ အေမရိကန္ စစ္သားေတြကို ကယ္ဆယ္ဖို႕ အခ်က္မျပႏုိင္ခဲ့သလို အေတာ္မ်ားမ်ားေသဆံုးခဲ့ပါတယ္။

စစ္သားေပါင္း ၁၁၉၆ ဦးပါ၀င္ခဲ့ျပီး သေဘၤာႏွစ္ျမဳပ္မႈေၾကာင့္ ေရနစ္ေသဆံုးမႈ၊ ေတာ္ပီဒိုလက္နက္ေၾကာင့္ ေပါက္ကြဲ ေသဆံုးမႈ၊ လြတ္ေျမာက္ေသာ္လည္း ပင္လယ္အတြင္းတြင္ အစာေရစာငတ္ျပတ္မႈ နဲ႕ ငါးမန္းေတြရဲ႕ တိုက္ခုိက္မႈေၾကာင့္ ၃၁၆ ဦးသာ အသက္ရွင္လ်က္ အေမရိကန္ကို ျပန္ေရာက္လာပါတယ္။ USS Indianaplois ဟာ အေမရိကန္ရဲ႕ သမိုင္း၀င္ စစ္သေဘၤာတစ္ခုလည္း ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားကို ႏ်ဴကလီးယားဗံုးၾကဲဖို႕ လိုအပ္တဲ့ အေရးၾကီး အစိတ္အပိုင္းေတြ အားလံုးကို လွ်ိဳ႕၀ွက္ အစီအစဥ္အေနနဲ႕ USS Indianapolis က သယ္ေဆာင္ေပးခဲ့တာေၾကာင့္ သမိုင္း၀င္ စစ္သေဘၤာအျဖစ္ သတ္မွတ္လိုက္တာ ျဖစ္ပါတယ္။

ယခုအခါမွာေတာ့ သမုိင္း၀င္ USS Indianapolis ကို Microsoft Co-Founder ျဖစ္တဲ့ Paul မွ ဦးေဆာင္ျပီး ရွာေဖြေတြ႕ရွိခဲ့တာဘဲ ျဖစ္ပါတယ္။

Unicode : Atom ဗုံးသယ်ဆောင်လာသည့် အမေရိကန်စစ်သင်္ဘောအား ၇၂နှစ်အကြာမှ ပြန်လည်တူးဖော်တွေ့ရှိ

atom-bomb

ဒုတိယကမ္ဘာစစ်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ နေ့တစ်နေ့မှာ ဂျပန်တွေရဲ့ တော်ပီဒို လက်နက်နဲ့ ပင်လယ်ကြမ်းပြင်အောက်ကို နှစ်မြုပ်ခြင်း ခံလိုက်ရတဲ့ အမေရိကန်စစ်သဘောၤာ USS Indianapolis ကို Microsoft ကုမ္ပဏီ၏ တွဲဖက်တည်ထောင်သူ Paul Allen က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဂျပန်တွေရဲ့ ရေငုပ်သင်္ဘော လက်ချက်နဲ့ နှစ်မြှုပ်သွားတဲ့ USS Indianapolis ဟာ ပင်လယ်ကြမ်းပြင်မှာ လဲလျောင်းနေခဲ့တာ ယနေ့ဆိုရင် ၇၂ နှစ်ရှိခဲ့ပါပြီ။ ပင်လယ်ကြမ်းပြင် ၁၈၀၀၀ ပေ အနက်မှာ နှစ်မြုပ်ခဲ့တာ ဖြစ်ပြီး အချိန် ၁၂ မိနစ်သာ ရခဲ့တဲ့အတွက် သင်္ဘောပေါ်မှာပါတဲ့ အမေရိကန် စစ်သားတွေကို ကယ်ဆယ်ဖို့ အချက်မပြနိုင်ခဲ့သလို အတော်များများသေဆုံးခဲ့ပါတယ်။

စစ်သားပေါင်း ၁၁၉၆ ဦးပါဝင်ခဲ့ပြီး သင်္ဘောနှစ်မြုပ်မှုကြောင့် ရေနစ်သေဆုံးမှု၊ တော်ပီဒိုလက်နက်ကြောင့် ပေါက်ကွဲ သေဆုံးမှု၊ လွတ်မြောက်သော်လည်း ပင်လယ်အတွင်းတွင် အစာရေစာငတ်ပြတ်မှု နဲ့ ငါးမန်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ၃၁၆ ဦးသာ အသက်ရှင်လျက် အမေရိကန်ကို ပြန်ရောက်လာပါတယ်။ USS Indianaplois ဟာ အမေရိကန်ရဲ့ သမိုင်းဝင် စစ်သင်္ဘောတစ်ခုလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဟီရိုရှီးမားကို နျူကလီးယားဗုံးကြဲဖို့ လိုအပ်တဲ့ အရေးကြီး အစိတ်အပိုင်းတွေ အားလုံးကို လျှို့ဝှက် အစီအစဉ်အနေနဲ့ USS Indianapolis က သယ်ဆောင်ပေးခဲ့တာကြောင့် သမိုင်းဝင် စစ်သင်္ဘောအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ သမိုင်းဝင် USS Indianapolis ကို Microsoft Co-Founder ဖြစ်တဲ့ Paul မှ ဦးဆောင်ပြီး ရှာဖွေတွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.