AT&T မှ 5G မိုဘိုင်းဒေတာစနစ်ကို မြို့ ၂ မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်

မိုဘိုင်းလ်ဒေတာကွန်ရက် ချိတ်ဆက်မှုတွေ တစ်ဖြည်းဖြည်းနဲ့ အဆင့်မြှင့်တင်လာကြတာ 2G, 3G, 4G ကနေ အခု 5G စနစ်အထိ မြင့်တက်လာပါပြီ။ အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီ AT&T ကတော့ သူတို့ရဲ့ 5G ဝန်ဆောင်မှုကို မြို့နှစ်မြို့မှာ အကောင်အထည်ဖော်ရွက်သွားမယ်လို့သိရပါတယ်။ Austin နဲ့ Indianapolis အမည်ရတဲ့ မြို့ နှစ်မြို့မှာ စတင်မှာ ဖြစ်ပြီး လက်ရှိသုံးနေတဲ့ အမြန်နှုန်းထက် အဆ ၄၀ ခန့် ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။ 5G ကွန်ရက်ချိတ်ဆက်မှုမှာ သီအိုရီ အရ 1Gps ချိတ်ဆက်နိုင်စွမ်းရှိသော်လည်း လက်တွေ့မှာ ဘယ်လိုဖြစ်မလဲဆိုတာကတော့ မသိသေးပါဘူး။ မပြည့်တော့ ရရှိအုံးမှာ မဟုတ်ပါဘူး။ လက်ရှိမှာတော့ AT&T က ဒီ ပရောဂျက်ကို စတင်ဖို့ ပြင်ဆင်နေပါပြီ။ မြန်မာပြည်ကတော့ 4G တောင် နေရာတိုင်းမရသေးပါဘူး။ စမ်းသပ်ဆဲ အဆင့်သာ ရှိနေပြီး 4G ပြောင်းလိုက်မှ အင်တာနက်အမြန်နှုန်းပိုနှေးသွားတာမျိုးတောင် ကြုံရတဲ့သူတွေ အများကြီးပါ။ လောလောဆယ်တော့ ဒီသတင်းလေးကိုဖတ်ပြီး အားကျရုံဘဲ တတ်နိုင်ပါအုံးမယ်။

Leave a comment

Your email address will not be published. Required fields are marked *