Auckland ရှိ Asics စတိုးဆိုင်တွင် နာရီနဲ့ချီပြီး ညစ်ညမ်းရုပ်ပုံများပြသခဲ့သဖြင့် ကုမ္ပဏီက ပြန်လည်တောင်းပန်

စက်တင်ဘာလ (၂၉)ရက် တနင်္ဂနွေနေ့တွင် Auckland ရှိ ဂျပန်နိုင်ငံအခြေစိုက် အားကစားပစ္စည်းရောင်းချတဲ့ Asics ကုမ္ပဏီကြီး၏ Store ဆိုင်တွင် Porn နဲ့ ပတ်သက်တဲ့ ညစ်ညမ်းရုပ်ပုံများကို ပြသခဲ့သဖြင့် Asics က ပြန်လည် တောင်းပန်ခဲ့ပါတယ်။ ထိုရုပ်ပုံများဟာ Auckland ရှိ Asics store ဆိုင်၏ ပရိုမိုးရှင်း ကြေငြာဆိုင်းဘုတ်ပေါ်တွင် တနင်္ဂနွေနေ့ မနက် ၁၀နာရီ ဝန်ထမ်းများ စက်မပိတ်မီအချိန်အထိ (၉)နာရီကြာအောင် ပွင့်နေခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်း မီဒီယာများ၏ပြောပြချက်အရ လူတစ်ချို့ဟာ ဆိုင်အရှေ့တွင်ဆွံ့အပြီး ရပ်ကြည့်နေကြတယ်လို့သိရပါတယ်။ Asics ကုမ္ပဏီ၏ ပြောပြချက်အရ ဟက်ကာတစ်ဦးက ပြုလုပ်လိုက်တာဖြစ်ပြီး ထိုပုံများကိုတွေ့မြင်ခဲ့ရတဲ့ ပြည်သူအားလုံး ကို တောင်းပန်ကြောင်း Facebook လူမှုကွန်ရက်ပေါ်တွင် ပြောကြားခဲ့ပါတယ်။

Asics  ကုမ္ပဏီက တနင်္ဂနွေနေ့ မနက်တွင်ဖြစ်ပွားခဲ့တဲ့ကိစ္စအတွက် တောင်းပန်ကြောင်း ပြောကြားခဲ့ပြီး နောက်ထပ် ယခုလိုမဖြစ်ပွားစေရန်အတွက် သူတို့ရဲ့ ကိုယ်ပိုင် Software များအပြင် လုံခြုံရေးအပိုင်းကို ယခုထပ်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.