ရခိုင်ပြည်နယ်အတွင်း မွတ်စလင်တွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု ကုလသမဂ္ဂ၏ ဖော်ပြချက်အား ဒေါ်အောင်ဆန်းစုကြည် စစ်ဆေးမည်

ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်နေစဉ်ကာလမှာ စစ်တပ်က မွတ်စလင်တွေအပေါ် ရာဇဝတ်မှု တွေကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ကျင်းပတဲ့ တံခါးပိတ် အစည်းအဝေးပွဲမှာ မြန်မာကိုယ်စားလှယ်က လက်မခံဘဲ ငြင်းဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် ကိုထွက်ပြေးလာကြတဲ့ လူပေါင်း နှစ်ရာကျော်ကို မေးမြန်းမှုအရ အစုလိုက်အပြုံလိုက် သတ်ခြင်း၊ အုပ်စုလိုက် အဓမ္မကျင့်မှုတွေ အပါအဝင် ကလေးငယ်တွေကိုပါ သတ်ဖြတ်တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံမှာ သတင်းတု၊သတင်းယောင်၊ လုပ်ကြံသတင်းတို့၏ သားကောင်ဖြစ်နေရကြောင်း၊ စွပ်စွဲချက်များမှ မှန်ကန်ခဲ့ရင် အရေးယူမည် ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ၄၃မျက်နှာပါ ကုလသမဂ္ဂရဲ့အစီအရင်ခံစာ အချက်တွေကိုလည်း စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *