Australia မှ မြို့ပတ်ပြီးလူသတ်ခဲ့သူကို ဖမ်းဆီးရမိ

ဇွန်လ ၄ရက် အင်္ဂါနေ့ညက Australia နိုင်ငံ Darwin မြို့၌ မြို့ပတ်ပြီး လူသတ်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိခဲ့ပါတယ်။ အ သက် ၄၀နှစ်အရွယ်ရှိတဲ့ အမျိုးသားတရားခံဟာ တစ်ညထဲမှာပဲ မြို့ထဲရှိ ဆင်ခြေဖုံးရပ်ကွက်များထဲသို့သွားပြီး လူ သတ်ခဲ့တာဖြစ်ပါတယ်။ ၎င်းအမှုကြောင့် စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲဌာန၏ပြောပြချက်အရ တရားခံကြောင့် Woolner ရပ်ကွက်ရှိ Palms Hotel တွင် လူတစ်ဦးကို သေခဲ့ပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကာ၊ Buff Club တွင်တစ်ဦး၊ Gardens Hill Crescent တွင် တစ်ဦးနှင့် Jolly Street တွင်တစ်ဦး စုစု ပေါင်း (၄)ဦးသေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ တရားခံကို Palms Hotel ရှေ့တွင် ပထမဦးဆုံး ပစ်ခက်မှုအပြီး ၁ နာရီခန့် အကြာမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ တရားခံဟာ Peter McAulay ရဲစစ်ဆင်ရေးဌာနကိုလည်း ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

မြောက်ပိုင်းနယ်မြေအပိုင် ရဲကော်မရှင်နာ Reece Kershaw ၏ပြောပြချက်အရ တရားခံဟာ အင်္ဂါနေ့တွင် တားမြစ် ထားတဲ့ 12-gauge pump-action shotgun သေနတ်ကို အသုံးပြုခဲ့တာဖြစ်ပြီး မျက်မြင် သက်တစ်ဦးပြောပြချက်အရ တရားခံဟာ Alex ဆိုတဲ့ လူကိုရှာဖွေခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ရဲများက တရားခံရဲ့ အမည်နဲ့ ထိခိုက်ခဲ့တဲ့ လူ တွေရဲ့ အသေးစိတ်အချက်အလက်ကို ပြောပြခဲ့ခြင်းမရှိပါဘူး။

Australia ဟာ ၁၉၉၆ ခုနှစ်တွင် သေနတ်ဥပဒေကို ပြဌာန်းပြီးကတည်းက ပြည်သူတွေက မကျေနပ်ကြပဲ သေနတ်ဖြင့် လူသတ်မှုတွေ ဖြစ်ပွားလာတာဖြစ်ပါတယ်။ ဥပဒေကိုပြဌာန်းတဲ့ ၁၉၉၆ ခုနှစ်မှာပဲ Tasmania တွင် ပြစ်ခတ် မှု ဖြစ် ပွားခဲ့ပြီး ၃၅ဦး သေဆုံးခဲ့ရပါတယ်။ အနှစ် (၂၀)အတွင်း အဆိုးဝါးဆုံး သေနတ်ဖြင့်လူသတ်မှုကတော့ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မိသားစု (၇)ယောက်လုံးကို သတ်ပြီး တရားခံကိုယ်တိုင် သတ်သေသွားတဲ့အမှုပဲဖြစ်ပါတယ်။ ယခုနှစ် ဧပြီ လတုန်းကလည်း Melbourne ရှိ နာမည်ကြီး Nightclub တစ်ခု၏အပြင်ဘက်တွင် ပစ်ခတ်ခဲ့မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Source : BBC News

Leave a comment

Your email address will not be published.