Austria ရဲ့ Formula 1 ပြိုင်ကားသူရဲကောင်းကြီး Niki Lauda သေဆုံး

Formula 1 ပြိုင်ကားလောကမှ “Legend” အဖြစ်သတ်မှတ်ထားတဲ့ Austria ရဲ့ သူရဲကောင်းကြီး Niki Lauda ဟာ အသက် ၇၀နှစ်နဲ့ မေလ ၂၀ရက် တနင်္လာနေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်းသိရပါတယ်။ Lauda ဟာ အဆုတ် လဲ ခြင်းကို (၃)ကြိမ်တိတိ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဇူလိုင်လတုန်းက Lauda ဟာ တုတ်ကွေးရောဂါကို ခံစားခဲ့ရသဖြင့် ၁၀ ရက်ကြာ ဆေးရုံတင်ခဲ့ရပြီး ယခုမှာတော့ သေဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။ Lauda ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့် ကိုယ် ကို ယုံကြည်မှုအပြည့်ရှိသူတစ်ဦးဖြစ်သလို သေရွာမှပြန်ထလာခဲ့သူတစ်ဦး ဆိုလည်းမမှားပါဘူး။ Lauda ဟာ Ferrari နှင့် McLaren တို့ကို ပြိုင်ကားလောကထဲသို့ ခေါ်ဆောင်လာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Lauda ကို ၁၉၄၉ခုနှစ် ဖေဖော်ဝါရီလတွင် Vienna ၌မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ အိမ်မက်ဟာ စီးပွားရေး လုပ်ငန်းရှင် ကြီးတစ်ဦးဖြစ်ဖို့ပဲဖြစ်ပါတယ်။ ထို့ကြောင့် သူဝါသနာပါတဲ့ ပြိုင်ကားမောင်ခြင်းဖြင့် ပိုက်ဆံရှာပြီး စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့ ဆုံးဖြတ်ကာ ပြိုင်ကားလောကထဲကို ဝင်လာခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ သူဟာ Formula 1 world champion ဆုကို (၃)ကြိမ်တိတိ ရယူနိုင်ခဲ့သူဖြစ်သလို Formula 1 Mercedes အသင်း၏ ဥက္ကဌဖြစ်သလို ကိုယ်ပိုင် လေကြောင်း လိုင်းတစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ထို့ကြောင့် သူ့ရဲ့ အိမ်မက်တွေကို သူမသေမီမှာ အ ကောင်အထည်ဖော်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ Formula 1 Mercedes အသင်းတွင် နည်းပြအဖြစ်လည်း လုပ် ဆောင်ခဲ့ပြီး သူ့အသင်းမှ ဗြိတိန်သား Lewis Hamilton ဟာလည်း ၅ကြိမ်တိတိ world champion ဆုကို ရယူ နိုင်ခဲ့ပြီးဖြစ်ပါတယ်။

အခုလိုအောင်မြင်ခဲ့တဲ့ Lauda ဘဝဟာလည်း ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ သူ့ရဲ့ ပထမဦးဆုံး Champion ဆုကြီးရပြီး တစ်နှစ်အကြာ ၁၉၇၆ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် Nurburgring ၌ ယာဉ်မတော်တဆမှုကြီး ဖြစ်ပွား ခဲ့ပြီး တတိယအဆင့် မီးလောင်မှုဒဏ်ကိုခံစားခဲ့ရပါတယ်။ ၎င်းကြောင့် သူ၏ဦးခေါင်းတစ်ခုလုံး မီးလောင်သွားခဲ့ ရပါ တယ်။ သို့သော် Lauda ဟာ ဇွဲမလျော့ပဲ အခင်းဖြစ်ပြီး ရက်၄၀ ဆေးရုံတက်ပြီးတာနဲ့ ပြိုင်ကားပေါ်ကို ပြန်တက်ခဲ့ပါတယ်။ ထိုအချိန်တွင် သူ့ရဲ့ မျက်နှာဟာ မီးလောင်ဒဏ်ရာ အရှင်းမပျောက်သေးသဖြင့် မျက်နှာဖုံးတပ်ကာ ဝင်ရောက် ယှဉ် ပြိုင်ခဲ့တာဖြစ်ပါတယ်။

Lauda ဟာ အိမ်ထောင် ၂ဆက်ရှိခဲ့ပြီး ပထမအိမ်ထောင်နဲ့ သားသုံးယောက်ရခဲ့ပြီး ဒုတိယအိမ်ထောင်မှာတော့ ၂၀၀၉ ခုနှစ်က အမွှာပူးမွေးခဲ့တယ်လို့ သိရပါတယ်။ Lauda ရဲ့ သေဆုံးမှုဟာ Formula 1 ပြိုင်ကားလောကကြီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်သလို အတုယူစရာကောင်းတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *