ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်မထွက်ရန် ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံသားများ မလိုက်နာ

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေအစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီဖြစ်သလို ကူးစက်သူဦးရေပေါင်း ၁သန်းကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ကူးစက်ပျံ့ပွားမှုနှုန်းအမြင့်ဆုံးကတော့ အမေရိကန်နိုင်ငံဖြစ်လာပြီး အစိုးရမှ အရေးကြီးကိစ္စမရှိဘဲ အိမ်ပြင်မထွက်ရန် ညွှန်ကြားချက်များ ထုတ်ထားသလို အချို့ပြည်နယ်နဲ့ မြို့တွေကိုလည်း Lock Down ချထားတာမျိုးလဲ ရှိလာပြီ ဖြစ်ပါတယ်။ သို့သော်လည်း Dr. Anthony Fauci ရဲ့ ပြောကြားချက်အရ ” ဘာဖြစ်လို့ လူတွေက စည်းကမ်းချက်တွေ မလိုက်နာကြလဲဆိုတာ မပြောတတ်တော့ပါဘူး၊ အိမ်ပြင်မထွက်ခိုင်းထားပေမယ့် အခုချိန်ထိ အသွားအလာမပြတ်သေးပါဘူး ” လို့ ဆိုပါတယ်။ ပြည်နယ်ပေါင်း ၃၀ မှာ ကိစ္စမရှိဘဲ အပြင်မထွက်ကြရန်၊ အိမ်မှာဘဲ နေကြရန် ညွှန်ကြားထားပြီး စည်းကမ်းချက်များကို မလိုက်နာသူများလည်း ရှိနေတယ်လို့ သိရပါတယ်။ ကူးစက်ခံရသူပေါင်း… Continue reading ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်မထွက်ရန် ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံသားများ မလိုက်နာ

ကမ္ဘာကျော် MMA တိုက်ခိုက်ရေးသမား Conor McGregor ကို စမတ်ဖုန်း လုယူဖျက်ဆီးမှုဖြင့် ဖမ်းဆီး

ကမ္ဘာကျော် MMA တိုက်ခိုက်ရေးသမား ကော်နာကို ဖလော်ရီဒါတောင်ပိုင်းမှာ ဖုန်းလုယက်ဖျက်ဆီးခြင်းဆိုတဲ့ ခေါင်း စဉ်နဲ့ ရဲများက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ၎င်းအား ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ အသက် ၂၂ အရွယ် အမျိုးသား ဆီမှ ဖုန်းကို လုယူခဲ့ပြီး အဆိုပါ ဖုန်းကို ပစ်ချခြင်း၊ ရိုက်ခွဲခြင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် လုယက်ဖျက်ဆီးခြင်း ဥပဒေနဲ့ ရဲများ က ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူများရဲ့ ပြောပြချက်အရ ကော်နာဟာ စမတ်ဖုန်းကို လုယူခဲ့ပြီး အကြိမ်ကြမ်ပစ်ချခြင်း၊ ရိုက်ခွဲခြင်းများ ပြုလုပ် ခဲ့ကာ အခင်းဖြစ်ရာ နေရာကနေ ထွက်သွားခဲ့တာ ဖြစ်ပါတယ်လို့ သိရပါတယ်။ ကော်နာဟာ အဆိုပါ အမှုအတွက် အာမခံကြေး ဒေါ်လာ ၁၂၅၀၀ ပေးဆောင်ရမှာ ဖြစ်ပြီး အချုပ်ထောင်ထဲမရောက်စေဖို့အတွက် ကော်နာရဲ့… Continue reading ကမ္ဘာကျော် MMA တိုက်ခိုက်ရေးသမား Conor McGregor ကို စမတ်ဖုန်း လုယူဖျက်ဆီးမှုဖြင့် ဖမ်းဆီး

တရုတ်နိုင်ငံတွင် Boeing 737 Max 8 Model လေယာဉ်များအား ပျံသန်းအသုံးပြုမှု ရပ်ဆိုင်း

တရုတ်နိုင်ငံတွင် Boeing 737 Max 8 မော်ဒယ် လေယာဉ်အားလုံးကို ပျံသန်းခွင့် ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။ အကြောင်းရင်းမှာ လုံခြုံစိတ်ချရမှုမရှိသည့်အတွက် ချက်ချင်း ပျံသန်းခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည် ဟု သိရှိရသည်။ မတ်လ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အီသီယိုပီးယား လေကြောင်းလိုင်း၏ လေယာဉ်အမျိုးအစား မှာ Boeing 738 800 မော်ဒယ်အမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသူ ခရီးသည် အားလုံး သေဆုံး ခဲ့သည်။ Boeing 737 Max 8 မော်ဒယ် အမျိုးအစားသည် ၅လအတွင်း ၂ကြိမ်တိုင်တိုင် ပျက်ကျခဲ့ပြီး အဆိုပါ လေယာဉ် အမျိုး အစားတွင် တည်ဆောက်ရေးဆိုင်ရာ ပြဿနာရှိမည်ဟု တရုတ်နိုင်ငံမှ ယူဆခဲ့ပြီး အန္တရာယ်ကို ကြိုတင်… Continue reading တရုတ်နိုင်ငံတွင် Boeing 737 Max 8 Model လေယာဉ်များအား ပျံသန်းအသုံးပြုမှု ရပ်ဆိုင်း

Published
Categorized as News Tagged

အမေရိကန်ပြည်ထောင်စု ဗားမောင့်ပြည်နယ်ရှိ မြို့ငယ်တစ်ခုတွင် ဆိတ်တစ်ကောင်အား မြို့တော်ဝန်အဖြစ် ခန့်အပ်

အမေရိကန်ပြည်ထောင်စု ဗားမောင့်ပြည့်နယ်မှာ ရှိတဲ့ မြို့ငယ်တစ်ခုမှာ ဆိတ်တစ်ကောင်ကို မြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။ တိရစ္ဆာန်တွေကို မြို့တော်ဝန်အဖြစ် ခန့်အပ်တာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ မြို့နယ်လေး တစ်ခုမှာလည်း ကြောင်တစ်ကောင်ကို မြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိပါတယ်။ မြို့တော်ကို စီမံခန့်ခွဲသူ ဂျိုးစက် ဂန်သာ မှ တိရစ္ဆာန်တွေကို မြို့တော်ဝန်အဖြစ် တင်မြှောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး တိရစ္ဆာန်ပေါင်း ၁၆ ကောင်မှ မြို့တော်ဝန်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ လင်ကွန်း လို့ အမည်ရတဲ့ ဆိတ်တစ်ကောင်ကတော့ သူ့ရဲ့ အဓိကပြိုင်ဖက်တွေ ဖြစ်တဲ့ ဆမ်မီ လို့အမည်ရတဲ့ ခွေးကလေးတစ်ကောင်ကို ၂ မဲ အသာစီးပြီး အနိုင်ရရှိလိုက်တာ ဖြစ်ပါတယ်။… Continue reading အမေရိကန်ပြည်ထောင်စု ဗားမောင့်ပြည်နယ်ရှိ မြို့ငယ်တစ်ခုတွင် ဆိတ်တစ်ကောင်အား မြို့တော်ဝန်အဖြစ် ခန့်အပ်

Published
Categorized as News

Facebook က ဗြိတိန်နိုင်ငံအခြေစိုက် သတင်းတု ကွန်ရက်များကို စတင်ဖယ်ရှား

သတင်းတုဆိုတာ မြန်မာနိုင်ငံတစ်ခုထဲတင် ရှိတာ မဟုတ်ပါဘူး။ ဒါဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ ကိစ္စ တစ် ခုလည်း ဖြစ်ပါတယ်။ ဒီလို လူမှုကွန်ရက်ပေါ်မှာ သတင်းတုတွေ ဖြန့်ကျက်နေတာကို အရေးယူဖို့အတွက် Facebook ကနေ ဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဗြိတိန်အခြေစိုက် သတင်းတုကွန်ရက်တွေကို Facebook ကနေ ရှာဖွေ ဖယ်ရှားနေပါတယ်။ လက်ရှိမှာတော့ Facebook အကောင့်ပေါင်း ၁၃၀ ၊ Page များနှင့် Group တွေကို ဖယ်ရှားပစ်ပြီးပြီလို့ သိရပါ တယ်။အဆိုပါ အကောင့်တွေ၊ စာမျက်နှာတွေနဲ့ Group တွေဟာ ဗြိတိန်နိုင်ငံနဲ့ပတ်သတ်ပြီး သတင်းတုတွေကို ဖြန့် ကျက်နေတဲ့ သူတွေဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ဗြိတိန်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။ အဆိုပါ Facebook… Continue reading Facebook က ဗြိတိန်နိုင်ငံအခြေစိုက် သတင်းတု ကွန်ရက်များကို စတင်ဖယ်ရှား

အသက် ၆၅ နှစ်အရွယ် စိန်ကုန်သည် ဘီလီယံနာ သူဌေးကြီးတစ်ဦး လိင်အင်္ဂါခွဲစိတ်ရင်း သေဆုံး

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ Ehud Arye Laniado ဟာ ဘီလီယံနဲ့ချီပြီး ချမ်းသာတဲ့ စိန်ကုန်သည်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ လိင်အင်္ဂါခွဲစိတ်ပြုပြင်မှုလုပ်နေရင်း နှလုံးရုတ်တရက်ရပ်တန့်ကာ သေဆုံးခဲ့ရပါတယ်။ Ehud Arye Laniado ဟာ ပြင်သစ်နိုင်ငံက မြို့တစ်မြို့ရဲ့ အမည်မဖော်ပြထားတဲ့ Private ဆေးခန်းတစ်ခုမှာ ခွဲစိတ်မှု ပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။ ဝန်ထမ်းများရဲ့ အဆိုရ Enhud Arye Laniado ဟာ စိန်ပါရဂူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဘီလီယံနဲ့ရှိတယ်လို့ ဆိုပါတယ်။ Laniado ဟာ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကို အထူးဂရုစိုက်သူတစ်ဦးဖြစ်ပြီး တစ်ခါတစ်လေကျရင် သူ့ရဲ့ ဘဏ် အ ကောင့်ကို တစ်နေ့ကို အကြိမ်ပေါင်းများစွာ ပြန်စစ်တဲ့ အကျင့်လည်း ရှိတယ်လို့… Continue reading အသက် ၆၅ နှစ်အရွယ် စိန်ကုန်သည် ဘီလီယံနာ သူဌေးကြီးတစ်ဦး လိင်အင်္ဂါခွဲစိတ်ရင်း သေဆုံး

Published
Categorized as News

အမေရိကန်နှင့် မဟာမိတ်တပ်တို့ပူးပေါင်း၍ ဆီးရီးယားကို စတင်တိုက်ခိုက်

ဆီးရီယားနိုင်ငံသို့ အမေရိကန်အပါအဝင် ဗြိတိန် နှင့် ပြင်သစ်တို့ပူးပေါင်း၍ စတင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ဧပြီလ ၁၃ ညမှမှ စတင်တိုက်ခိုက်ခဲ့ပြီး ဆက်တိုက် တိုက်ခိုက်သွားမည်ဟု သိရှိရသည်။ ဆီးရီယားနိုင်ငံ ဒူမာမြို့တွင် ဓာတုလက်နက်အသုံးပြု၍ တိုက်ခိုက်သည့် အရေးကိစ္စနှင့် ပတ်သတ်ပြီး အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံများမှ တုံ့ပြန်လိုက်ခြင်း ဖြစ်သည် ဟု သိရှိရသည်။ လက်ရှိတွင် ဆီးရီးယားနိုင်ငံ၏ ထုတ်ပြန်ချက်အရ အမေရိကန်၊ဗြိတိန်နှင့် ပြင်သစ်တို့မှ ပစ်ခတ်တိုက်ခိုက်လာသော ဒုံးကျည်အရေအတွက် ၁၁၀ ရှိပြီဖြစ်ကြောင်း သိရှိရသည်။

Published
Categorized as News

ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲတွင် မဲပေးစနစ်ကို လက်ဗွေရာစနစ်ဖြင့် မဲပေးရမည်

မကြာမီှီ ကျင်းပမယ့် ဇင်ဘာဘွေနိုင်ငံရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် လက်ဗွေရာစနစ်ဖြင့် မဲပေးရမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဆိုပါ လက်ဗွေရာစနစ်ဖြင့် မဲပေးနိုင်ဖို့အတွက် အမေရိကန်နည်းပညာကုမ္ဗဏီတစ်ခုဖြစ်တဲ့ Ipsidy နဲ့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ လက်ဗွေရာ တင်လိုက်ရုံနဲ့ မဲပေးနိုင်မယ့် စနစ် Automated Fingerprint Identification System (AFIS) ဖြင့် မဲပေးရမှာ ဖြစ်ပြီး ဇင်ဘာဘွေ ရွေးကောက်ရေးကော်မရှင် အဖွဲအစည်းက Ipsidy ကုမ္ဗဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ မဲပေးတဲ့အခါ ပိုမိုတိကျတဲ့ ရလဒ်တွေ ထွက်စေဖို့၊ မသမာမှူတွေ မဖြစ်စေဖို့အတွက် လက်ဗွေရာစနစ်ဖြင့် မဲပေးနိုင်ရေး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလား-မြန်မာနယ်စပ်တွင်ချထားသည့် မြန်မာစစ်တပ်အင်အားလျော့ချပေးရန်ဘင်္ဂလားဒေ့ချ်ပြောကြား

င်္ဂလား-မြန်မာနယ်စပ်ရှိ မြန်မာ့စစ်တပ်အင်အားလျော့ချပေးရန်ဘင်္ဂလားဒေ့ချ်ဘက်ကတောင်းဆိုထားပါတယ်။ ဒါကတော့ပြီးခဲ့တဲ့သောကြာနေ့ကနှစ်နိုင်ငံနယ်စပ်ရေးရာသံတမန်တွေတွေ့ဆုံပြီးနောက်ဘင်္ဂလားဒေချ်ဘက်ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာလုံခြုံရေးကိုအကြောင်းပြပြီးဘင်္ဂလားဒေချ်ကိုရန်မူမယ့်လက္ခဏာဟုစွပ်စွဲပြောဆိုမှု့တွေလည်းရှိနေပါတယ်။အဲဒီလို လုံခြုံရေးတပ်ဖွဲ့တွေ အင်အားတိုးချဲ့ချထားတာဟာ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကြောင့် ဖြစ်တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောပါတယ်။ အခုလို ဆောင်ရွက်တာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျူးကျော်ဖို့ ရန်စတဲ့လုပ်ရပ် မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ ARSA အာဆာအကြမ်းဖက်တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ သတင်းတွေ မိမိတို့ ရရှိထားတဲ့အတွက် ပြင်ဆင်ခြင်းဖြစ်တယ်လို့ သူကပြောကြားခဲ့ပါတယ်။ မကြာသေးမီကာလကစစ်တွေမြို့ဗုံးပေါက်ကွဲခဲ့ပြီးနောက်မြန်မာစစ်တပ်အနေနဲ့ဘင်္ဂလား-မြန်မာနယ်စပ်တစ်လျောက်မှာလုံခြုံရေးတိုးမြှင့်ချထားတယ်လို့AFPသတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

Published
Categorized as News

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဝန်ကြီးချုပ်ရာထူးမှ နှူတ်ထွက်

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီ သည် မိမိ၏ အလိုဆန္ဒ အလျောက် ဝန်ကြီးချုပ် ရာထူးမှ နှူတ်ထွက်လိုက်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ ပြည်ထောင်စုသမ္မတ Facebook စာမျက်နှာ၏ တရားဝင် ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၁/၂၀၁၈ ၁၃၇၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် (၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်) တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ… Continue reading ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဝန်ကြီးချုပ်ရာထူးမှ နှူတ်ထွက်

Published
Categorized as News