iPhone ကို ခနဲ့လိုက်တဲ့ Samsung ရဲ့ Galaxy Series ကြေငြာအသစ်

နိုဝင်ဘာ ၆ ရက်နေ့မှာ Samsung က Galaxy series ကြေငြာဗီဒီယိုတစ်ခုကို Twitter မှာ တင်ခဲ့ပြီး Samsung ရဲ့ ကြေငြာဗီဒီယိုမှာ iPhone ကို ခနဲ့လိုက်တဲ့ အကြောင်းအရာတွေ ပါနေပါတယ်။ စမတ်ဖုန်းလောကမှာ Apple နဲ့ Samsung တို့ ပြိုင်ဆိုင်မှူ ပြင်းထန်ခဲ့ကြပြီး ကြေငြာဗီဒီယိုမှာကတော့ iPhone မှာ မပါတဲ့ features တွေကို Samsung မှာ ရနေတယ်ဆိုပြီး ခနဲ့လိုက်တဲ့ ကြေငြာဖြစ်ပါတယ်။ ရေစိမ်ခံနိုင်ခြင်း၊ ကြိုးမဲ့အားသွင်းနိုင်ခြင်း၊ Pen ကို အသုံးပြု၍ note အနေဖြင့် သိမ်းဆည်းမှတ်တမ်းတင်နိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို iPhone နဲ့ Samsung Galaxy series စမတ်ဖုန်းတွေနဲ့ နှိူင်းယှဉ်ပြသွာတဲ့ ကြေငြာဘဲ ဖြစ်ပါတယ်။ https://twitter.com/SamsungMobileUS/status/927252108461649926

Published
Categorized as News, Tech

တိုင်ဖုန်းမုန်တိုင်းကြောင့် ဗီယက်နမ်တွင် အိမ်ပေါင်း ၄သောင်းကျော်ပျက်စီး၊ လူသေဆုံးမှူ ဖြစ်ပွား

တိုင်ဖုန်း ဒမ်ရေး အမည်ရှိသည့် အင်အားကြီး တိုင်ဖုန်း မုန်တိုင်းတစ်ခု ဗီယက်နမ်တွင် တိုက်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှူံးခဲ့ရပြီး လူသေဆုံးမှူများ ဖြစ်သည့်အထိ ပျက်စီးဆုံးရံှူးမှူများ ဖြစ်ခဲ့ရသည်။ စနေနေ့တွင် မုန်တိုင်း စတင်တိုက်ခတ်ပြီး တစ်နာရီလျှင် ၉၀ မိုင်နှူန်းအရှိန်ဖြင့် ပြင်းထန်စွာ တိုက်ခတ်ခဲ့ကြောင်း သိရှိရသည်။ လူနေအိမ်ပေါင်း လေးသောင်း ကျော်ပျက်စီးဆုံးရံှူးခဲ့ပြီး အနည်းဆုံး လူ ၂၇ ဦး သေဆုံး၍ ၂၀ကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ရေကြီးမှူများလည်းဖြစ်ပေါ်ခဲ့ပြီး လမ်းပေါ်သာမက အိမ်အတွင်းထိ ရေများဝင်၍ လူနေအိမ်ပျက်စီးမှူများ ဖြစ်ခဲ့ကြောင်း သိရှိရသည်။ လျှပ်စစ်မီးပြတ်တောက်မှူများလည်း ဖြစ်ပေါ်ခဲ့ပြီး လမ်းပေါ်တွင် သစ်ပင်များ ပြိုလဲခြင်း၊ လူနေအချို့ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့်  အစိုးရအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရံှူးမှူအသေးစိတ်ကိုမူ လက်ရှိတွင် စာရင်းမထုတ်ရသေးချေ။

Published
Categorized as News

အမေရိကန်ကို ပြစ်မှားလျှင် ရလဒ်အဖြစ် ဗုံးကြဲလေယာဉ်များပို့ဆောင်လိုက်မည်ဟု မြောက်ကိုးရီးယားအား သတိပေး

အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ရဲ့ စစ်ရေးတင်းမာမှူဟာ အမြင့်ဆုံးအချိန်သို့ တစ်ဖန် ရောက်ရှိလာပြီး အမေရိကန်အနေနဲ့ မြောက်ကိုးရီးယားကို ထပ်မံသတိပေးလိုက်ပါတယ်။ မြောက်ကိုးရီးယားဟာ ၂၀၁၇ ခုနှစ်ရဲ့ ပထမ ၁၀ လ အတွင်းမှာ ဒုံးကျည် ၂၂ စင်းနဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို စမ်းသပ်ခဲ့ပါတယ်။ လက်ရှိ ရက်ပိုင်းအနည်းငယ်အတွင်းမှာ မြောက်ကိုးရီးယားဘက်မှ စစ်ရေးနဲ့ပတ်သတ်တဲ့ ထုတ်ပြန်ချက် မရှိသေးဘဲ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ကလေးပစ္စည်းထုတ်လုပ်ရေး စက်ရုံကို သွားပြီး ကြီးကြပ်ကွပ်ကဲနေတယ်လို့ မြောက်ကိုးရီးယားနိုင်ငံပိုင်သတင်းစာ KCNA က ဖော်ပြထားပါတယ်။ မြောက်ကိုးရီးယားဟာ ကိုယ်ပိုင်ဂြိုလ်တုလွှတ်တင်ဖို့အတွက်လည်း ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပြီး အမေရိကန်နဲ့ ပတ်သတ်တဲ့ စစ်ရေးစစ်ရာ သတင်းထုတ်ပြန်မှူကတော့ ဒီအပတ်ထဲမှာ မရှိခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိမှာ အမေရိကန်အနေနဲ့ မြောက်ကိုးရီးယားကို ပြင်းထန်စွာ သတိထပ်မံပေးလိုက်ပြီး ဗုံးကြဲယာဉ်တွေကို အဆင်သင့် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံပိုင် ရေနက်ဆိပ်ကမ်းအပေါ် ဖြတ်သန်းပြီး ဒုံးကျည်ပစ်လွှတ်မှူကိစ္စနဲ့ပတ်သတ်လို့ မြောက်ကိုးရီးယားကို တန်ပြန်အရေးယူရန် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ နှစ်ဦးသဘောတူ ပူးပေါင်းထားကြောင်းလဲ သိရပါတယ်။… Continue reading အမေရိကန်ကို ပြစ်မှားလျှင် ရလဒ်အဖြစ် ဗုံးကြဲလေယာဉ်များပို့ဆောင်လိုက်မည်ဟု မြောက်ကိုးရီးယားအား သတိပေး

Published
Categorized as News

သိန်းနီမြို့နယ်၊ မိုင်းလီကျေးရွာအနီးတွင် တရားမဝင်ကျောက်စိမ်းတုံးများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

သိန်းနီမြို့နယ်၊ မိုင်းလီကျေးရွာအနီးတွင် တရားမဝင်ကျောက်စိမ်းတုံးများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အနီးရှိ ရေပူစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ဆေးရေးဂိတ်၏ အနောက်တောင်ဘက် ၄ မိုင်ခွဲခန့်အကွာရှိ မိုင်းလီကျေးရွာအနီး မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ NISSAN MARCH အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ်ပေါ်၌ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ၁၄၀ တုံးကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အဆိုပါ မော်တော်ယာဉ်နှင့်ကျောက်စိမ်းတုံးများအား လားရှိုးမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။  

Published
Categorized as News