Huawei ဟာ ၂၀၂၁ မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမက်ဖုန်းထုတ်လုပ်သူအဖြစ် ရောက်ရှိဖို့အတွက် ရည်ရွယ်ထား

တရုတ်နိုင်ငံရဲ့ စမက်ဖုန်းထုတ်လုပ်ရောင်းချသူဖြစ်သော Huawei ဟာ ၂၀၂၁ မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမက်ဖုန်းထုတ်လုပ်သူအဖြစ် ရောက်ရှိဖို့အတွက် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ Huawei အပေါ်မှာရှိတဲ့ Apple နဲ့ Samsung ကို ဖြတ်ကျော်ဖို့အတွက် ကြိုးစားနေသလို အနာဂတ်ဈေးကွက်ဝေစုတွေကို လည်း ရယူနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ Huawei ရဲ့ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်အတွင်းမှာ စမက်ဖုန်းအလုံးရေ ၃၈.၄ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ပြီး အဆိုပါ အရေအတွက်က လွန်ခဲ့သော ၂၀၁၆ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်ထက် ၂၀ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့တာဖြစ်ပါတယ်။ နှိုင်းယှဉ်ရရင်တော့ တူညီတဲ့ အချိန်မှာပဲ Apple ကတော့ ၄၁ သန်းကျော်ရောင်းချခဲ့ ရပြီး ၂၀၁၆ အဲဒီအချိန်တုန်းက အလုံးရေ ၄၀.၄ သန်းကျော်ရောင်းချခဲ့ရလို့… Continue reading Huawei ဟာ ၂၀၂၁ မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမက်ဖုန်းထုတ်လုပ်သူအဖြစ် ရောက်ရှိဖို့အတွက် ရည်ရွယ်ထား

iPod nano နှင့် Shuffle ထုတ်လုပ်မှုကို Apple ရပ်ဆိုင်း

ယနေ့အချိန်ကတော့ iPod Nano နှင့် Shuffle တို့အတွက် ၀မ်းနည်းစရာဖြစ်လာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ Apple က iPod nano နှင့် Shuffle ထုတ်လုပ်မှုတွေကို ရပ်စဲလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ် လောက် က iPod Classic လိုမျိုး ဖြစ်ပျက်သွားတာမျိုး ဖြစ်ပါတယ်။ iPod nano နှင့် Shuffle တို့ကို apple ရဲ့ တရားဝင် ၀က်ဆိုက်ကနေပါ ဖယ်ထုတ် လိုက်ပြီဖြစ် ပါတယ်။ ထိုအစား iPod Touch ကို Storage နှစ်ဆ ထည့်သွင်းကာ ဆက်လက်ရောင်းချ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အချိန်မှာ Apple Music Player သီးသန့်ကို ၀ယ်ချင်တယ်ဆိုရင်တော့… Continue reading iPod nano နှင့် Shuffle ထုတ်လုပ်မှုကို Apple ရပ်ဆိုင်း

notifications ပုံစံသစ်ကို iPhone 8 မှာ မြင်တွေ့နိုင်တော့မှာလား

iPhone 8 ဟာ ဒီနေ့အချိန်မှာတော့ ပွဲထွက်နိုင်ဖို့အတွက် မြန်မြန်ဆန်ဆန်နဲ့ နီးကပ် လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တစ်ချို့အကြောင်းအရာတွေကတော့ ဆွေးနွေးငြင်း ခုံကြတုန်းပဲ ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် Touch ID ကို ဘယ်နားမှာ ထားမှာ လည်းဆိုတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Apple ရဲ့ iPhone 10 နှစ်ပြည့်ဖုန်းမှာ ပါဝင်မယ့် မေးခွန်း တစ်ချို့ ဟာလည်း ထပ်မံရှိနေသေး ပါတယ်။ Forbes နှင့် ဈေးကြီးတဲ့ ကာဗာတွေကို ထုတ်လုပ်တဲ့ နက်နက်ရှိုင်းရှိုင်း သိနေတာတစ်ခုကတော့ iPhone 8 ဟာ ပိုပြီး ပြီးပြည့်စုံတဲ့ အလား အလာရှိမယ်လို့ဆိုပါတယ်။ ဖုန်းမှာပါဝင်မယ့် Bezels ကတော့ ၄ မီလီမီတာသာ… Continue reading notifications ပုံစံသစ်ကို iPhone 8 မှာ မြင်တွေ့နိုင်တော့မှာလား

အမေရိကတွင် Apple အနေဖြင့် ကြီးမားသော စက်ရုံ သုံးရုံ တည်ဆောက်မည်ဖြစ်ကြောင်း ထရန့် ပြောကြား

Apple အနေဖြင့် Apple ထုတ်ကုန်တွေကို ပိုမိုထုတ်လုပ်နိုင်ရန်အတွက် အမေရိကတွင် စက်ရုံသုံးရုံ တည်ဆောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က Wall Street Journal နှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားလိုက်ပါတယ်။ Apple CEO ဖြစ်သူ Tim Cook ကို သူ့အနေဖြင့် ခေါ်ယူပြီး အမေရိကတွင် ကြီးမားသော စက်ရုံသုံးရုံ တည်ဆောက်ဖို့ရန် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက် အသေး စိတ်တွေ မသိနိုင်သေးပါဘူး။ Apple အနေဖြင့်လည်း အဆိုပါသတင်းနှင့် ပတ်သက်ပြီး ဂျာနယ်ကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သလို ဘယ်လိုတုန့်ပြန်ပြောဆိုမှုများကိုမှလည်း မပြုလုပ်ခဲ့ပါဘူး။ တကယ်လို့ အဆိုပါသတင်းသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် Apple အနေဖြင့် ကြီးကြီးမားမားနဲ့… Continue reading အမေရိကတွင် Apple အနေဖြင့် ကြီးမားသော စက်ရုံ သုံးရုံ တည်ဆောက်မည်ဖြစ်ကြောင်း ထရန့် ပြောကြား

iPhone 8 ဟာ ထုးခြားဆန်းကြယ်မှုတွေကို သယ်ဆောင်လာမှာလား

ယခုနှစ်မှာ မိတ်ဆက်မယ်လို့မျှော်လင့်နေကြတဲ့ iPhone အသစ်ဟာ ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့ ဒီဇိုင်းပိုင်းအပြင်အဆင်ကအစ ပြောင်းလဲလာလိမ့်မယ်လို့ထင်ကြေးတွေ ရှိနေပါတယ်။ ထိုအတူ Apple အနေဖြင့်လည်း အဆိုပါ iPhone အသစ်ရောင်းချမှုကနေ ကုမ္ပဏီကို ၁ ထွီလီယံ (သန်းပေါင်း ၁ သောင်း)ကျော် တန်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့မျှော်လင့်နေပါတယ်။ ဒါပေမယ့် မေးခွန်းတစ်ခုကတော့ အသစ်ထွက်လာမယ့် iPhone 8 သို့မဟုတ် iPhone Pro ဟာ ဘယ်တော့ စတင်ရောင်းချနိုင်မလဲ ဆိုတာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Apple အနေဖြင့် iPhone အသစ်တွေကို စက်တင်ဘာလထဲမှာပဲ စတင် ရောင်းချ လေ့ရှိပါတယ်။ ဆိုလိုတာကတော့ လာမည့် ရက်အနည်းငယ်အတွင်းမှာပဲ တတိယသုံးလ ပတ် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ လေ့လာသူတွေရဲ့… Continue reading iPhone 8 ဟာ ထုးခြားဆန်းကြယ်မှုတွေကို သယ်ဆောင်လာမှာလား

iPhone 9 အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်တဲ့ Apple

iPhone 8 အတွက် သတင်းတွေ အမျိုးမျိုးထွက်နေတဲ့ကြားထဲကမှ အခုအချိန်မှာတော့ iPhone 9 အတွက် ပြင်ဆင် မှုတွေပြင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကိုရီးယား စီးပွားရေးနေ့စဉ် သတင်းစာက ထုတ်ဖော် လိုက်ပါပြီ။ Apple ရဲ့ ၂၀၁၈ ခုနှစ်မော်ဒယ် iPhone 9 အတွက် LG ကနေ ဘက်ထရီပိုင်းကို အဓိက တာဝန်ယူထုတ်လုပ် ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေဖြင့် သူ့ရဲ့ ထုတ်ကုန်တွေ အတွက် ပစ္စည်းထောက်ပံ့မှုတွေကို အခုလို တစ်ခုတည်းကိုသာ မဟုတ်ဘဲ အခြားသော ပြိုင်ဘက်တွေကိုလည်း အသုံးပြုတက်ပါတယ်။ ယခုလိုမျိုး အခြားသော ပြိုင်ဘက် ကုမ္ပဏီတွေကို ပစ္စည်းတစ်ခုတည်းကို အပြိုင်ထောက် ပံ့ မှုတွေကို ပြုလုပ်စေခြင်းဖြင့် ဖုန်းတွေရဲ့ ဈေးနှုန်းတွေကို ကြိုတင်ခန့်မှန်းလို့… Continue reading iPhone 9 အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်တဲ့ Apple

Samsung Galaxy S8+ နှင့် One Plus 5 နှိုင်းယှဉ်ချက်များ

မိတ်ဆက် ယနေ့မှာတော့ flagship killer တွေဖြစ်တဲ့ One Plus 5 နဲ့ Galaxy S8+ တို့ကို နှိုင်းယှဉ် ချက်တွေကို ပြောသွား မှာ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ တူညီတဲ့ ပရိုဆက်ဆာတွေ ကို အသုံးပြုထားတဲ့ အပြင် အခြားအခြေခံအ ချက်တွေက လည်း တူညီနေကြပါတယ်။ ဒါပေမယ့် မတူညီတဲ့ အချက်တစ်ခုကတော့ Galaxy S8+ ကတော့ မျက်နှာပြင် ပိုကြီးမား ပါတယ်။ ဒါကြောင့် ဖုန်းနှစ်လုံးစလုံးမှာ ပါဝင်တဲ့ အားနည်းချက်တွေ အားသာချက်တွေကို တစ်ခုချင်းစီ လေ့လာကြည့် ရအောင်။ OnePlus 5 OnePlus 5 ဟာ ဒီနှစ်ထဲမှာ ထွက်သမျှဖုန်းတွေထဲမှာ လူပြောများလှတဲ့ စမက်ဖုန်းတစ်လုံး ပါပဲ။ ပြီးတော့လည်း… Continue reading Samsung Galaxy S8+ နှင့် One Plus 5 နှိုင်းယှဉ်ချက်များ

Apple ရဲ့ iPhone 8 ပေါ်က Touch ID အကြောင်း သိထားသမျှ

လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက Apple ရဲ့ ၂၀၁၇ ခုနှစ်မှာ ထက်ရှိမယ့် iPhone နဲ့ ပတ်သက်ပြီး မျှော်လင့်တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီလိုပဲ အခုအချိန်ထိလည်း အဖြေမရသေးတဲ့ မေးခွန်း တွေ များစွာ ကျန်နေပါသေးတယ်။ ဘယ်လိုပဲ ဖြစ်စေ အခုနှစ်ဝက်ကျော်လာသည်အထိ လျှို့ဝှက် ဆန်းကြယ်မှုတွေကတော့ ကျန်နေပါသေးတယ်။ အခုနှစ်မှာ Apple က အသစ်ထွက်လာမယ့် ဖုန်းကို နာမည်ဘယ်လိုခေါ်မလဲ ဆိုတာတောင် ကျွန်တော်တို့ အခုချိန်အထိ မသိကြသေးပါဘူး။ iPhone 8 လို့ပဲ နာမည်ကျော်မှာလား၊ ဒါမှမဟုတ် အခြားနာမည်တစ်ခုခုလား၊ OLED display ကို အသုံးမှာလား၊ iPhone 8 ဟာ ပုံမှန်ထွက်နေကြအချိန်မှာပဲ ထွက်မှာလား၊ နောက်ကျပြီးမှ ထွက်မှာ… Continue reading Apple ရဲ့ iPhone 8 ပေါ်က Touch ID အကြောင်း သိထားသမျှ

စမတ်ဖုန်းတစ်လုံးအတွက် RAM ပမာဏာ အမှန်တကယ်လိုအပ်သလဲ

ဒီနေ့လို ခေတ်မျိုးမှာ စမတ်ဖုန်းတွေ ဝယ်ရတာ တော်တော်လေး စိတ်ရှုပ်ထွေးစရာပါပဲ။ အဲဒါတွေ ကတော့ များပြားလှတဲ့ အချက်အလက်တွေကို ကြည့်ရတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု ပြောမယ့်အကြောင်းကတော့ ဖုန်းတွေမှာ အဓိက နေရာကလိုမျိုး ပါဝင်လာတဲ့ RAM ခေါ် Random Access Memory အကြောင်းပဲ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးအတွက် အလိုအပ်ဆုံးRAM ပမာဏဟာ ဘယ်လောက်လဲဆိုတာ သိချင်နေတယ်ဆို ရင် အဲဒါ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီမေးခွန်းဟာ စမက်ဖုန်းသုံးသူတွေကြားမှာ ခဏ ခဏ မေးနေ ကြားနေရတဲ့ စကားပါပဲ။ ဒါကြောင့် ဒီအကြောင်းနဲ့ပတ်သက်ပြီး RAM ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လို အလုပ်လုပ်လဲ၊ တကယ်ပဲစမက်ဖုန်းတွေဟာ မရှိမဖြစ် လိုအပ်တဲ့ အရာလား ဆိုတာတွေကို သိနိုင်အောင်… Continue reading စမတ်ဖုန်းတစ်လုံးအတွက် RAM ပမာဏာ အမှန်တကယ်လိုအပ်သလဲ

ရုပ်ရှင်ရုံများအတွက် ကမ္ဘာ့ပထမဆုံးသော ဖန်သားအသုံးပြုထားသည့် မျက်နှာပြင်ကို Samsung မှ တီထွင်ဖန်တီး

ရုပ်ရှင်ရုံများတွင် ပြသသည့် ဖန်သားမျက်နှာပြင်ကို Samsung မှကမ္ဘာ့ပထမဆုံး အဖြစ် ဖန်တီးနိုင် ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ဖန်သားပြင်ကို ပရိုဂျက်တာ မပါပဲကြည့်ရှုနိုင်မှာဖြစ်ပြီး သူ့ရဲ့ ရုပ်ထွက်တွေ အတွက် LED တွေကို အသုံးပြုကာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ပထမဆုံးအနေဖြင့် အဆိုပါ LED screen ကို Lotte Cinema World Tower တွင် ပြီးခဲ့သည့် သောကြာနေ့က စတင်ပြသထားပါတယ်။ Samsung Electronic မှ တာဝန်ရှိသူတစ်ဦးက ပြော တာ ကတော့ theater system မှာ လုပ်ဆောင်ချက်ကတော့ ultrahigh-definition 4K အရည်အသွေးရှိ ရုပ်ထွက်တွေကို ထောက်ပံ့ပေးနိုင်ပြီး အသံအရည်အသွေးပိုင်းကိုတော့ Harman International ရဲ့ Audio System… Continue reading ရုပ်ရှင်ရုံများအတွက် ကမ္ဘာ့ပထမဆုံးသော ဖန်သားအသုံးပြုထားသည့် မျက်နှာပြင်ကို Samsung မှ တီထွင်ဖန်တီး