မြန်မာ့တပ်မတော်သည် ရယူလိုမှုအနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအများဆုံး အဖွဲ့အစည်းဖြစ်တယ်လို့ ဦးစီးချုပ် မင်းအောင်လှိုင်ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ရယူလိုမှုအနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအများဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၄ရက်နေ့ မနက်တွင် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်များပေးအပ်တဲ့ ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။   “နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုတွင် တပ်မတော်ဟာ ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်မှု အမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်လို့ အစဉ်အလာ တစ်ဆယ့်နှစ်ရပ်လို ထင်ရှားမြင်သာတဲ့ ဝိသေသလက္ခဏာများနဲ့ ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့တာဖြစ်တယ်။ နိုင်ငံရေးတာဝန်ထမ်းဆောင်ရာမှာ ကျရာတာဝန်တွေကို မဆုတ်မနစ်တဲ့ ဇွဲ ၊လုံးလ ၊ဝီရိယ စိုက်ထုတ်ပြီး သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သူတွေ စဉ်ဆက်မပြတ် ပေါ်ထွန်းနေတာကြောင့် ကမ္ဘာမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရယ်လို့ ထင်ရှား ထည်ဝါစွာ ရပ်တည်နေနိုင်ခြင်း ဖြစ်တယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ထို ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ပေးအပ်ပွဲမှာ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ဦး… Continue reading မြန်မာ့တပ်မတော်သည် ရယူလိုမှုအနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအများဆုံး အဖွဲ့အစည်းဖြစ်တယ်လို့ ဦးစီးချုပ် မင်းအောင်လှိုင်ပြောကြား

တောင်အာဖရိကတွေ ခရီးသည်တင်ရထားတစ်စီးသည် လော်ရီကားတစ်စီးနှင့် တိုက်မိပြီး မီးလောင်ခဲ့ရာ လူ ၄ဦးသေဆုံးခဲ့

တောင်အာဖရိကနိုင်ငံတွင် ဒေသစံတော်ချိန် နံနက် ၉နာရီ ၁၅မိနစ်တွင် ခရီးသည်တင် ရထားတစ်စီးက လော်ရီကားကို တိုက်မိခဲ့ပြီး မီးလောင်ပေါက်ကွဲခဲ့တာကြောင့် လူ အနည်းဆုံး ၄ဦးသေဆုံးပြီး ရာကျော်ဒဏ်ရာရခဲ့ပါတယ်။ ထိုခရီးသည်တင်ရထားသည် ပို့အဲလစ်ဇဘတ်ကနေ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့သို့ အသွားတွင် ယခုလိုတိုက်မိခဲ့တာဖြစ်ပြီး တိုက်မိချိန်တွင် ရထားထဲတွင် မီးခိုးတွေနဲ့ ပြည့်နေတာကြောင့် ခရီးသည်တွေက ပြတင်းပေါက်ကနေခုန်ချကာ အသက်ဘေးကလွတ်အောင် ပြေးခဲ့ရတယ်လို့ သိရပါတယ်။ မီးသတ်သမားများက ရထားတွဲမှ ထွက်လာသော မီးတောက်များကို ငြိမ်းသတ်နေစဉ်မှာ ဝန်းကျင်ရှိ လမ်းတွေနဲ့ ကွင်းပြင်တွေမှာ ခရီးသည်တွေထိတ်လန့် ထွက်ပြေးနေခဲ့တယ်လို့ သိရပါတယ်။ ခရီးသည်တစ်ဦးက ရထားမတိုက်မှီ အချိန်တော်တော်ကြာကြာမှာကတည်းက ရထားကဟွန်းတီးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ တောင်အာဖရိက အရေးပေါ်ဆေးကုသ ဝန်ဆောင်မှုလုပ်ငန်းက ပြောခွင့်ရသူက ဆေးတပ်သားတွေသည် အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး လူအနည်းဆုံး ၁၀၀လောက်ကို ကုသပေးနေတယ်လို့ ပြောခဲ့ကြောင်း သိရှိရပါတယ်။

တရုတ်အစိုးရက ကိုးရီးယားနှစ်နိုင်ငံအကြား ပြုလုပ်မည့် ဆွေးနွေးပွဲကို ကြိုဆိုထောက်ခံကြောင်းပြောကြား

တရုတ်အစိုးရသည် တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားနှစ်နိုင်ငံအကြား ဖြစ်ပေါ်နိုင်တဲ့ ဆွေးနွေးပွဲကို ကြိုဆိုထောက်ခံခဲ့ပါတယ်။ ဇန်နဝါရီလ ၁ရက်နေ့တွင် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုးရီးယားနှင့် ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်းနှင့် အိုလန်ပစ်ပြိုင်ပွဲမှာ မြောက်ကိုးရီးယား ကစားသမားများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ကမ်းလှမ်းခဲ့ပါတယ်။ ထိုသတင်းကို တရုတ်အစိုးရက ကြားသိထားပြီးဖြစ်ကြောင်းနှင့် ကိုးရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တာကြောင့် နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်ပြီး ကိုးရီးယားကျွန်ဆွယ်တွင် နျူကလီးယားလက်နက်ကင်းစင်ရန် အခွင့်အရေးတစ်ရပ်လည်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရဖြစ်သူ GENG SHUANG ပြောတာကတော့” ကိုးရီးယားနှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့နှင့် အိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုးရီးယား ကစားသမားများ ယှဉ်ပြိုင်ခွင့်ရရန် နှစ်နိုင်ငံခေါင်းဆောင်တွေ အပြုသဘောဆောင်တဲ့ သတင်းထုတ်ပြန်ချက်တွေ ပြုလုပ်တာကို တရုတ်အစိုးရကသိရှိပြီးပါပြီး ၊ဒီအချက်တွေဟာ ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်တယ်။ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန် ၊တင်းမာမှုတွေလျော့ချရန်နှင့် ကိုးရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်တွေ ကင်းစင်ဖို့အတွက် အခွင့်အရေးတစ်ရပ်လဲဖြစ်ပြီး စိတ်အားထက်သန်စွာနဲ့ ကြိုးပမ်းနေတဲ့ ကိုးရီးယားနှစ်နိုင်ငံကို တရုတ်အစိုးရက ထောက်ခံကြိုဆိုပါတယ်”လို့ ဖြစ်ပါတယ်။

ကွဲသွားသော်လည်း ကွဲစလေးနှစ်ခုကို ပူးကပ်ပေးထားရုံနဲ့ အကောင်းတိုင်းပြန်ဖြစ်နိုင်တဲ့ မှန်ကိုတီထွင်နိုင်ခဲ့

ဒီဇင်ဘာ၂၈ရက်မှာ ဂျပန်နိုင်ငံရဲ့ သုတေသီတစ်ယောက်ဟာ စိုစွတ်တဲ့မျက်နှာပြင်တွေပေါ်မှာ သုံးလို့ရနိုင်မည့် ကော်တွေကို တီထွင်နေရာကနေ မထင်မှတ်ဘဲ ကွဲသွားသော်လည်း ကိုယ်တိုင်ပြန်ဆက်နိုင်တဲ့ မှန်သစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။   ထိုတီထွင်မှုကြောင့် မှန်ကွဲသွားတဲ့ဖုန်းကို လက်နဲ့ဖိပေးလိုက်ရုံနဲ့ အကောင်းတိုင်းပြန်ဖြစ်နိုင်တော့မည်လား။ ဒါပေမယ့် အဲဒီအဆင့်ထိတော့မရောက်သေးပါဘူး ၊ သို့သော်လည်း ပိုမိုဒဏ်ခံနိုင် ပေါ့ပါးပြီးမှန်နဲ့တူတဲ့အရာကို ကားမှန်၊ဆောက်လုပ်ရေးပစ္စည်း၊ငါးကန်နဲ့ နေ့စဉ်သုံးပစ္စည်းတွေမှာတော့ အသုံးပြုလာနိုင်ပြီး ပစ္စည်းရဲ့သက်တမ်းကိုလည်း သုံးဆလောက်တိုးစေပါတယ်။ တိုကျိုတက္ကသိုလ်က ဓာတုဗေဒသုတေသီ ယုယာနာဂီဆာဝါသည် အေအက်ဖ်ပီအတွက် ဓာတ်ခွဲခန်းနမူနာပြရာမှာ နမူနာမှန်ကို နှစ်ခုခွဲပြခဲ့ပြီး ထိုအပိုင်းနှစ်ခုကို စက္ကန့်သုံးဆယ်လောက် ပူးထားပေးတဲ့အခါ မှန်သည် ပြန်လည်ပူးကပ်သွားပြီး နဂိုတိုင်းပြန်လည်ဖြစ်သွားပါတယ်။ Polyether thioureas ခေါ် ပစ္စည်းတစ်မျိုးနဲ့ပြုလုပ်ထားတဲ့ အော်ဂဲနစ်မှန်သည် အခရိုင်းလစ်နဲ့ ပိုမိုနီးစပ်ပါတယ်။အချို့ သိပ္ပံပညာရှင်တွေကတော့ ရာဘာ သို့မဟုတ် ဂျယ်စတဲ့ ပစ္စည်းတွေသုံးပြီး စွမ်းရည်တူပုံစံကိုပြခဲ့သော်လည်း ယာနာဆီဂါဝါရဲ့ မှန်သည် ကိုယ်တိုင်ပြန်လည်ဆက်နိုင်တဲ့ အစွမ်းရှိတဲ့မှန်ဖြစ်တာကြောင့် ပထမဆုံးသော တီထွင်မှုဖြစ်ခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် နာဗာလ်နီသည် ပြစ်မှုတွေကြောင့် သမ္မတရွေးကောက်ပွဲဝင်ခွင့်ပိတ်ခံရ

ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရုရှား ဗဟိုရွေးကောက်ပွဲကော်မရှင်သည် အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာလ်နီကို သမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ နာဗာလ်နီဟာ သမ္မတပူတင်ကို ဝေဖန်လေ့ရှိတဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်။ ရုရှားရွေးကောက်ပွဲကော်မရှင်ကတော့ မဲပေးရွေးချယ်ရာမှာ သူသည် အရင်ကကျူးလွန်ခဲ့တဲ့ အပြစ်တွေကြောင့် ရွေးကောက်ပွဲဝင်ရန် အရည်အချင်းမပြည့်မှီတာကြောင့် ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ “အလက်ဆီ ကျူးလွန်ခဲ့သောပြစ်မှုတွေဟာ ပြစ်မှုကြီးတွေဖြစ်ပြီး ထိုပြစ်မှုတွေကို ကျူးလွန်သူသည် ရုရှားသမ္မတရာထူး ဝင်ရောက် အရွေးခံပိုင်ခွင့်ကို တားမြစ်တဲ့ ပြစ်မှုတွေဖြစ်တယ်” လို့ ရုရှား ဗဟိုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘောရစ် ဆလပ်ဗဆီယော့က ပြောပါတယ်။ အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာလ်နီက “ယခုကိစ္စသည် ကျွန်တော့် ကိစ္စမဟုတ်ပါ ၊ ရုရှားနိုင်ငံရှိ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို ပွင့်လင်းစွာပြောကြားမယ့် သမ္မတလောင်းတစ်ဦးလိုနေတဲ့ ကိစ္စ ၊ ထိုသူဟာ ရုရှားနိုင်ငံမှာဖြစ်နေတာတွေကို ပွင့်လင်းစွာပြောကြားမည့်သူ ရုရှားရဲ့ အနာဂတ် ကင်းမဲ့နေမှု ဆင်းရဲနွမ်းပါးကြောင်း အစစ်မှန် အခြေနေတွေကို… Continue reading အတိုက်အခံခေါင်းဆောင် နာဗာလ်နီသည် ပြစ်မှုတွေကြောင့် သမ္မတရွေးကောက်ပွဲဝင်ခွင့်ပိတ်ခံရ

ပရီးမီးယားလိပ် ဘောက်ဆင်ဒေးပွဲစဉ်တွင် ၅ဂိုး၂ဂိုးဖြင့် စပါးက ဆောက်သမ်တန်ကို အနိုင်ရခဲ့

တော့်တင်ဟမ်ဟော့စပါးအသင်းသည် ပရီးမီးယားလိပ် ဘောက်ဆင်ဒေးပွဲစဉ်တွင် ၅ဂိုး၂ဂိုးဖြင့် ဆောက်သမ်တန်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ စပါးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဟယ်ရီကိန်း၊ဆွန်ဟောင်မင်၊အယ်လီ၊အဲရစ်ဆင် အစရှိတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ အိမ်ကွင်းအသာနဲ့ ကစားခဲ့ရတယ်ဆိုသော်လည်း စပါးအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအနည်းငယ်ပဲ အသားစီးရခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်းပဲရှိခဲ့ပါတယ်။ ပွဲကစားချိန် ၂၂မိနစ်တွင် စပါးအသင်း၏ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ သွင်းဂိုးနဲ့စတင်ခဲ့ပြီး ၃၉မိနစ်၊၆၇မိနစ်တို့မှာလဲ ဟယ်ရီကိန်းကပဲသွင်းယူကာ ဟက်ထရစ် ရရှိခဲ့ပါတယ်။ ကျန်သွင်းဂိုးတွေကတော့ ၄၉မိနစ်မှာ အယ်လီ ၊၅၁မိနစ်မှာ ဆွန်ဟောင်မင်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာလဲဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၄မိနစ်မှာ ဘူဖောလ်ကတစ်ဂိုး ၊၈၂မိနစ်တွင် တာဒစ်က တစ်ဂိုး စုစုပေါင်းနှစ်ဂိုးတာသွင်းယူနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ တိုက်စစ်မှူးဟာရီကိန်းသည် ၂၀၁၇ခုနှစ်အတွင်းမှာ စပါးအတွက် ၄၉ဂိုး၊အင်္ဂလန်အသင်းမှာ ၇ဂိုး၊ စုစုပေါင်း ၅၆ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂၀၁၇ခုနှစ် အတွင်း ဥရောပ… Continue reading ပရီးမီးယားလိပ် ဘောက်ဆင်ဒေးပွဲစဉ်တွင် ၅ဂိုး၂ဂိုးဖြင့် စပါးက ဆောက်သမ်တန်ကို အနိုင်ရခဲ့

“တမ်ဘင်”မုန်းတိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် သေဆုံးသူ ၂၃၀ ကျော်ထိမြင့်တက်လာပါတယ်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းကို ဒီဇင်ဘာလနှောင်းပိုင်းတွင် “တမ်ဘင်” အမည်ရှိ မုန်းတိုင်းတစ်ခုဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ ထိုမုန်းတိုင်းသည် အပူပိုင်းမုန်တိုင်းအမျိုးအစားဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် ရေကြီးမှုတွေ မြေပြိုမှုတွေအထိဖြစ်ခဲ့ရပါတယ်။ ၎င်းမုန်တိုင်းဒဏ်ကြောင့်လည်း သေဆုံးခဲ့ရသူ ၂၃၀ကျော်အထိမြင့်တက်ခဲ့ပြီး လူအများအပြားကတော့ ပျောက်ဆုံးနေသေးပါတယ်။ ကယ်ဆယ်ရေးတွေကတော့ ဝေးလံခေါင်သီတဲ့ အရပ်တွေထိသွားရောက်ကာ ကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပြီး ထိုဝေးလံတဲ့အရပ်တွေအထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ ရောက်ရှိပြီးမှပဲ ပျက်စီးဆုံးရှုံးမှု အတိအကျကို သိရှိနိုင်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်းမှာ ခရီးသည်တင်ကားနှင့် ဂျစ်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ ပြည်နယ်တစ်ခုတွင် ခရီးသည်တင် ဂျစ်ကားတစ်စီး နှင့် ဘတ်စ်ကားတစ်စီးတို့ ယဉ်မတော်တဆဖြစ်ပွားခဲ့ကြရာ အနည်းဆုံး လူ၁၉ ဦးသေဆုံးခဲ့ ပြီး ၂၅ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ မနီလာမြို့မြောက်ပိုင်းလမ်းမပေါ်ရှိ တောင်ဘက်သို့ဦးတည်နေသော လမ်းကြောင်းပေါ်တွင် နံနက် ၃နာရီ၃၀မိနစ်တွင် မြောက်ဘက်သို့ဦးတည်လာသော ဘတ်စ်ကားတစ်စီးသည် အရှေ့မှ ယာဉ်တစ်စီးကို ကျော်တက်ရန် ကြိုးစားချိန်တွင် တစ်ဖက်လမ်းမှ ခရီးသည်တင် ဂျစ်ကားတစ်စီးနဲ့ ခေါင်းချင်းဆိုင်တိုက်မိတာဖြစ်ပါတယ်။ Lauzon ကျွန်း La Union ပြည်နယ် Agooမြို့ ရဲချုပ် Roy Villanueva က အဆိုပါ ယဉ်တိုက်မှုကြောင့် ဂျစ်ကားပေါ်မှ ခရီးသည် ၂၉ဦးတွင် ၁၉ဦးသေဆုံးခဲ့ပြီး ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၅ဦး ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ပြောပါတယ်။ သေဆုံးသူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို စုံစမ်းနေကြောင်းနဲ့ သေဆုံးသူများထဲတွင် အသက်… Continue reading ဖိလစ်ပိုင်မြောက်ပိုင်းမှာ ခရီးသည်တင်ကားနှင့် ဂျစ်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွား

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအရေးတွင် ပြင်ပနိုင်ငံများ ဝင်မပါရန် တရုတ်နိုင်ငံတိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှပြောခွင့်ရှိသူ Hua Chunying သည် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် တို့ကြားရှိ ပြဿနာတွေကို သူတို့ဘာသာဖြေရှင်းနေခြင်းကို ပြင်ပနိုင်ငံများအနေနဲ့ ရှုပ်ထွေးအောင်လုပ်နေမည့်အစား လိုအပ်တာတွေကို ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ ၆၃၀,၀၀၀ကျော် ရိုဟင်ဂျာများ ထွက်ပြေးခဲ့ရခြင်းသည် မြန်မာပြည်တွင်းအရေးသာဖြစ်ပြီး ရှုပ်ထွေးနက်နဲတဲ့ သမိုင်းကြောင်း ၊ဘာသာရေး နှင့် အမျိုးသားရေးများပါဝင်နေကြောင်း Hua Chunyingက  ဒီဇင်ဘာလ ၂၁ရက်တွင် ပြောဆိုခဲ့ကြောင်း ဝါရှင်တန်ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။ “ဘင်္ဂါလီတို့၏ အနာဂတ်အတွက် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ ဖြေရှင်းနေခြင်းကို နိုင်ငံတကာအတိုင်းဝိုင်းများအနေနဲ့ ဝင်ရောက်ပြီး ရှုပ်ထွေးမှုတွေဖြစ်အောင်မလုပ်ပဲနဲ့ လိုအပ်နေတာတွေနဲ့ အကျိူးရှိမယ့်အကူညီတွေကို ပေးသင့်တယ်လို့ ကျွန်မထင်တယ်”လို့ Hua Chunying က သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအစိုးရက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီကို မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်ပိတ်ပင်ခဲ့ပြီးနောက်မှာ တရုတ်က ယခုလိုမျိူး တိုက်တွန်းခဲ့တာလဲဖြစ်ပါတယ်။

မြောက်ကိုးရီးယားစစ်သားတစ်ဦးကို မြောက်ကိုးရီးယားစစ်သားများကပစ်ခတ်မှုကြောင့် တောင်ကိုးရီးယားသို့ ထွက်ပြောခဲ့ရ

ဒီဇင်ဘာလ ၂၁ ရက် မနက် ၈နာရီ ၄မိနစ်လောက်တွင် မြောက်ကိုးရီးယားစစ်သားတစ်ဦးသည် မြောက်ကိုးရီးယားနှင့်တောင်ကိုးရီးယားတို့၏ နယ်စပ်စည်းကိုဖြတ်ကျော်ကာ တောင်ကိုးရီးယားဘက်သို့ ထွက်ပြေးခဲ့တယ်လို့ တောင်ကိုးရီးယားစစ်တပ်ပြောခွင့်ရ ရိုဂျေချောင်က ပြောခဲ့ပါတယ်။ နှစ်ဖက်နိုင်ငံနယ်စပ်တွင် စစ်တပ်များ အကြီးကျယ်ချထားတဲ့ကြားကနေ ဖြတ်ကျော်လာတဲ့ မြောက်ကိုးရီးယားစစ်သားကို မြောက်ကိုးရီးယားစစ်သားတွေက လိုက်လံပစ်ခတ်ခဲ့တာကြောင့် တောင်ကိုးရီးယားက သတိပေးတဲ့အနေနဲ့ သေနတ် အချက်၂၀ လောက်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုးရီးယား ယွန်ဟပ်သတင်းတွင် ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၉ရက်နေ့မှာလဲ မြောက်ကိုးရီးယားဖက်မှ စစ်သားတစ်ဦးသည် သေနတ်ဒဏ်ရာများစွာနဲ့ တောင်ကိုးရီးယားသို့ ထွက်ပြေးလာနိုင်ခဲ့ပါတယ်။ ထို့ကြောင့် ယခုလို မြောက်ကိုးရီးယားမှ စစ်သားများနယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုးရီးယားသို့ ထွက်ပြေးခြင်းသည် ဒုတိယမြောက်ဖြစ်ကြောင်းလဲသိရှိရပါသည်။