Sony ရဲ့ အဲကွန်း အင်္ကျီ။

Air con ကို နံရံမှာ တပ်ထားစရာမလိုပဲ ကိုယ်မှာလည်း ဝတ်ဆင်နိုင်မာယ့် အဲကွန်းတစ်မျိုးကို Sony က မိတ်ဆက်လိုက်ပါတယ်။ လက်ရှိမှာတော့ production မလုပ်ရသေးပေမယ့် sony ရဲ့ crowdfunding website ထဲမှာ ရေပန်းစားနေပါတယ်။ စျေးနှုန်းအနေနဲ့က​ ဂျပန်ငွေ ၁၂၇၆၀ ယမ်း ငွေကျသင့်မှာ ဖြစ်ပြီး အမေရိကန်ငွေကြေးအနေနဲ့ ၁၁၇ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အေးတဲ့ဒေသတွေနဲ့ အရမ်းအပူချိန်များတဲ့ ဒေသတွေမှာ သုံးဖို့ရည်ရွယ်ချက်နဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အပူချိန်ကိုထိန်းဖို့အတွက် ph ထဲမှာ ရှိတဲ့ app နဲ့ ထိန်းညှိနိုင်ပါတယ်။ ဒီ wearable AC နာမည်က Reon Pocket လို့နာမည်ရပါတယ်။ အားအပြည့်သွင်းထားမယ်ဆိုရင် ၂၄နာရီ ခံပြီး… Continue reading Sony ရဲ့ အဲကွန်း အင်္ကျီ။

Facial Recognition ရဲ့ အဓိက ပြဿနာများ။

Facial Recognition ကို ဒီနေ့ခေတ် smartphone တော်တော်များများမှာ တွေ့နိုင်ပါတယ်။ Security and Payment system တွေမှာ Finger Print ကို အသုံးမပြုကြတော့ပဲ facial recognition တွေကို အသုံးပြုလာကြပါတယ်။ Facial Recognition system တွေကို ရဲတွေပါ အသုံးပြုလာတဲ့အခါမှာတော့ ပြဿနာတွေ ရင်ဆိုင်လာရပါတယ်။ မကြာသေးမီ လအနည်းငယ်က San Francisco မှာ ရဲတွေကို Facial Recognition အသုံးပြုမှုကို တားမြစ်လိုက်ပါတယ်။ San Francisco က ကမ္ဘာမှာ နည်းပညာထွန်းကားတဲ့ မြို့တစ်မြို့ဖြစ်ပြီး Facial Recognition ကိုတောင် တားဆီးပိတ်ပင်လိုက်ရပါတယ်။ Facial Recognition ဆိုတာ A.I နည်းပညာပေါ်အခြေခံပြီး တည်ဆောက်ထားတဲ့ system… Continue reading Facial Recognition ရဲ့ အဓိက ပြဿနာများ။

ကမ္ဘာမှာ အင်အားအကြီးဆုံး Internet Company တစ်ခုဖြစ်လာတဲ့ Tencent

Tencent ဆိုတဲ့နာမည်က​ မြန်မာလူမျိုးတွေနဲ့ မစိမ်းပါဘူး။ အထူးသဖြင့် လူငယ်တော်တော်များများ ရင်းနှီးပြီးသား နာမည်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီနေ့ခေတ် ရေပန်းအစားဆုံး Mobile game တစ်ခုဖြစ်တဲ့ PUBG ကလည်း Tencent က ထုတ်တဲ့ Game တစ်ခုဖြစ်ပါတယ်။ ဒီနေ့ပြောပြသွားမယ့်အကြောင်းရာကတော့ Tencent ဆိုတာဘာလဲ ဖြစ်ပါတယ်။ Tencent ဆိုတာဘာလဲ။  Tencent ဆိုတာ တရုတ်ပြည်က အင်တာနက် company တစ်ခုဖြစ်ပြီး တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံး company တစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဒီနေ့လူတော်တော်များများသိတဲ့ wechat app ရဲ့ မိခင် company လည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ယှဉ်ရင် Tencent က ကမ္ဘာမှာ ငါးခုမြောက် အကြီးဆုံးအင်တာနက် company စာရင်းမှာ… Continue reading ကမ္ဘာမှာ အင်အားအကြီးဆုံး Internet Company တစ်ခုဖြစ်လာတဲ့ Tencent

အာဖရိကတိုက်ရဲ့ Online Shopping ဘုရင် Jumia (ဂျူမီယာ)။

Amazon နဲ့ Alibaba နာမည်ကို လူတိုင်း မိတ်ဆက်စရာမလိုအောင် အားလုံးသိထားကြပါတယ်။ ဒီနေ့ခေတ်မှာ သင်ဘယ်နိုင်ငံကဖြစ်ဖြစ် online shopping (အရောင်း၊ အဝယ်) လုပ်မယ်ဆို သူတို့နှစ်ခုကို အားကိုးရပါတယ်။ မြန်မာနိုင်ငံမှာဆို onlineshopping.com.mm ကို Alibaba က ဝယ်ယူခဲ့ပြီး ဒီနေ့ပစ္စည်းတော်တော်များများကို aliexpress ကလည်း တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။ Alibaba နဲ့ Amazon တို့ကို ယှဉ်နိုင်တယ့် local ပြည်တွင်းဖြစ် သူရဲကောင်းတစ်ဦးရှိပါတယ်။ သူ့နာမည်က Jumia ဖြစ်ပြီး အာဖရိကတိုက်က နိုင်ငံသားတွေအားထားနေရတဲ့ online shopping company တစ်ခုဖြစ်ပါတယ်။ Jumia ကို ၂၀၁၂ ခုနှစ် မှာ အနောက်နိုင်ငံသားတွေဖြစ်တဲ့ founders တွေ စတင် တည်ထောင်ခဲ့ပါတယ်။ သူတို့နာမည်တွေက… Continue reading အာဖရိကတိုက်ရဲ့ Online Shopping ဘုရင် Jumia (ဂျူမီယာ)။

၂၀၂၀ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ တွေ့ရမယ့် စက်ရုပ်များ။

စက်ရုပ်နိုင်ငံလို့ တင်စားပြီး ခေါ်ဝေါ်ကြတဲ့ ဂျပန်နိုင်ငံမှာ အိုလံပစ်ပွဲကို ၂၀၂၀ ခုနှစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ နည်းပညာတိုးတက်နေတဲ့ခေတ်မှာ စက်ရုပ်တွေက နေရာတိုင်း မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်လာခဲ့ပါတယ်။ လက်ရှိ A.I နည်းပညာတွေနဲ့ စက်ရုပ်တွေ ပူးပေါင်းလိုက်တဲ့အခါမှာ​​ စက်ရုပ်တွေက ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းတွေရှိလာပြီး ဆုံးဖြတ်ချက်တွေ ချတတ်လာပါတယ်။ အိုလံပစ်ပွဲကို နိုင်ငံကြီးတော်တော်များများမှာ ကျင်းပပြီး ပုံစံမျိုးစုံနဲ့ နိုင်ငံရဲ့ယဉ်ကျေးမှုပေါ် အခြေခံပြီး ကျင်းပကြပါတယ်။ ၂၀၂၀ ခုနှစ် ဂျပန်မှာကျင်းပမယ့် အိုလံပစ်အားကစားပွဲတော်ကိုတော့ ဂျပန်က တစ်မျိုးတစ်ဖုံ စက်ရုပ်တွေသုံးပြီး ပြသပေးသွားမှာ ဖြစ်ပါတယ်။ စားစရာ၊ သောက်စရာ စက်ရုပ်တွေ၊ ပွဲကြည့်ပရိတ်သတ်တွေကို နေရာလိုက်ပြပေးမယ့် စက်ရုပ်တွေ နဲ့ အခြား အားကစားပစ္စည်းတွေကို လိုက်ပြပေးမယ့် စက်ရုပ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကြက်တောင်ကောက်တဲ့ စက်ရုပ်၊ တန်းနစ်ဘောလုံးကိုကောက်ပေးတဲ့… Continue reading ၂၀၂၀ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ တွေ့ရမယ့် စက်ရုပ်များ။

NASA ရဲ့ ပထမဆုံး Flight Director ဖြစ်တဲ့ Chris Kraft ကွယ်လွန်။

လူ့သက်တမ်းသမိုင်းတစ်လျှောက်မှာ လကမ္ဘာမှာလူသားတွေ ခြေချနိုင်အောင် လုပ်ခဲ့တဲ့ NASA ရဲ့ ပထမဦးဆုံး flight director ဖြစ်တဲ့ Chris Kraft က တနင်္လာနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်တဲ့အချိန်မှာ ဆရာကြီး Chris Kraft က အသက် ၉၅ နှစ်ရှိနေပါပြီ။ ဆရာကြီး Kraft က NASA Space Task Group ကို ၁၉၅၈ ခုနှစ်မှာ Flight Director အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ လူသားတွေပထမဦးဆုံး အာကာသထဲမှာ ကမ္ဘာပတ်လမ်းကြောင်းအတိုင်းသွားတဲ့ mission မှာ ကူညီခဲ့တဲ့ လူလည်းဖြစ်ပါတယ်။ Space Mission ထဲက တစ်ခုဖြစ်တဲ့ Apollo program မှာလည်း ဆရာကြီး Kraft က… Continue reading NASA ရဲ့ ပထမဆုံး Flight Director ဖြစ်တဲ့ Chris Kraft ကွယ်လွန်။

Rubik Cube ကို ဖြေရှင်းဖို့ ၁.၂ စက္ကန့်အချိန်သာ အသုံးပြုသွားတဲ့ A.I

ကယ်လီဖိုနီးယား တက္ကသိုလ်က​ သုတေသနပညာရှင်တွေဖြစ်တဲ့ Irvine က Rubik Cube ကို ဖြေရှင်းဖို့ Artificial Intelligence တစ်ခုကို ဖန်တီးခဲ့ပါတယ်။ AI က Rubik Cube ကို အခါနှစ်ဆယ် ရွှေ့လျားမှုနဲ့ အချိန်  ၁.၂ စက္ကန့်အတွင်းမှာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကမ္ဘာမှာ Rubik Cube ကို အမြန်ဆုံး ဖြေရှင်းနိုင်တဲ့ လူသားရဲ့စံချိန်က ၃.၄၇ စက္ကန့်ဖြစ်ပြီး ဒီနေ့မှာတော့ A.I က ၁.၂ စက္ကန့်နဲ့ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လူသားအသုံးပြုပြီး Rubik Cube ကိုဖြေရှင်းတုန်းက ရွေ့လျားမှုအကြိမ် ငါးဆယ် လုပ်ခဲ့ရပါတယ်။ Rubik Cube ကို ဖြေရှင်းဖို့ သီးသန့်ထုတ်ထားတဲ့ A.I တွေရှိသလိုမျိုး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး… Continue reading Rubik Cube ကို ဖြေရှင်းဖို့ ၁.၂ စက္ကန့်အချိန်သာ အသုံးပြုသွားတဲ့ A.I

Podcasts ဆိုတာဘာလဲ။

“Podcast” စာလုံးကို Apple users တော်တော်များများ ရင်းနှီးဖူးကြမှာပါ။ အထူးသဖြင့် iPhones နဲ့ iPods အသုံးပြုသူတွေ ရင်းနှီးဖူးသားစကားလုံး ဖြစ်ပါတယ်။ Podcast ဆိုတာက ဒီနေ့ ခေတ်ပေါ်ရေဒီယို ဖြစ်ပါတယ်။ Online Radio လို့လည်းခေါ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ခန့်က​ အစီအစဉ်တစ်ခုကို နားထောင်ချင်ရင် ရေဒီယိုကို နားထောင်ရပါတယ်။ ရေဒီယိုကတစ်ဆင့် ကိုယ်နားထောင်ချင်တဲ့ အစီအစဉ်နဲ့ ကြိုက်တဲ့သီချင်းတွေကို အချိန်တစ်ခုစောင့်ပြီး နားထောင်ခဲ့ရပါတယ်။ Internet ခေတ်ရောက်လာတဲ့အခါမှာတော့ ကိုယ်ပိုင် creation လုပ်နိုင်တဲ့လူတွေက ကိုယ်ပိုင်စိတ်ကြိုက် ကမ္ဘာတစ်ခု ဖန်တီးလာနိုင်ပြီး ကိုယ့်ပရိတ်သတ်နဲ့ကိုယ် ကမ္ဘာတစ်ခု တည်ဆောက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် facebook မှာမြင်နေရတဲ့ Game Live Streamer, Vloggers, Bloggers နဲ့ အခြား… Continue reading Podcasts ဆိုတာဘာလဲ။

မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

သိပ္ပံရုပ်ရှင်တော်တော်များများမှာ စက်ရုပ်တွေ ကမ္ဘာကြီးကို အုပ်စိုးတာမျိုး၊ လူတွေက စက်ရုပ်လို စွမ်းဆောင်နိုင်အောင် လုပ်လာတာမျိုးတွေကို ရုပ်ရှင်တော်တော်များများမှာ တွေ့ဖူးကြပါလိမ့်မယ်။ လူရဲ့ ကျောရိုး (spinal cord) ကို ခွဲစိတ်မှုအသေးစားလုပ်ပြီး chipset လေးထည့်လိုက်တာနဲ့ စက်ရုပ်တွေလို စွမ်းဆောင်နိုင်တဲ့ လူသားတွေကို ရုပ်ရှင်မှာ လူတိုင်းတွေ့ဖူးကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က​ Elon Musk က ဒီလိုလုပ်နိုင်တဲ့ chipset ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီသတင်းက​ လူတော်တော်များများကို အံ့အားသင့်သွားစေပါတယ်။ တစ်ကယ်တမ်းဒီလို ဖြစ်လာပြီလားဆိုတဲ့ မေးခွန်းတော်တော်များများက မီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒီ chipset ထုတ်တဲ့ company နာမည်က Neuralink ဖြစ်ပြီး Elon Musk ရဲ့ company အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ company… Continue reading မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

မကြာခင်မှာ ဝယ်နိုင်တော့မယ့် မီးမှုတ် Drone

Drone တွေကို ပုံစံအမျိုးမျိုးနဲ့ ဒီနေ့ခေတ်မှာမြင်ရပြီး လက်နက်ပုံစံ drones တွေကိုလည်း မြင်တွေ့လာရပါတယ်။ လက်နက် drones တွေကို စစ်ဘက်ဆိုင်ရာမှာ အသုံးပြုပြီး ပြည်သူတွေ လက်ထဲကိုတော့ company တွေက ရောင်းချခွင့်မရှိပါဘူး။ Elon Musk ရဲ့ The Boring Company က ထုတ်တဲ့ Flame Thrower (မီးမှုတ်သေနတ်) ကိုတော့ အမေရိကန်မှာ ရောင်းချခဲ့ဖူးပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ out of stock ဖြစ်သွားတဲ့အထိ စံချိန်တင်ရောင်းကောင်းခဲ့ပါတယ်။ Flame Thrower လို gun မျိုးကို drone မှာ တပ်ဆင်ထားတဲ့ Flamethrower drone တွေကိုတော့ မကြာမီ လအနည်းငယ်မှာ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ လောလောဆယ် Drones… Continue reading မကြာခင်မှာ ဝယ်နိုင်တော့မယ့် မီးမှုတ် Drone