ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေတဲ့ ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒဏ်ရာတွေနဲ့ လုံးပန်းနေရပြီး ပုံမှန်ပွဲထွက်ခွင့်တွေပါ ပျောက်ဆုံးနေရတဲ့ ဝေးလ်လက်ရွေးစင် ကစားသမား ဂါရတ်ဘေးလ်ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ စွန့်ခွာသွားဖို့ စဉ်းစားနေပြီလို့ သိရှိရပါတယ်။

အသက် ၂၇နှစ်အရွှယ်ရှိ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာပြသနာများကြောင့် ဒီနှစ်ဘောလုံးရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲပေါင်း ၁၃ပွဲနဲ့ ချန်ပီယံလိဂ်ပွဲပေါင်း ၄ပွဲအထိကို လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာအရှိန်များကြောင့် ကစားပုံပါ ကျဆင်းလာခဲ့ပြီး ရီးရဲလ်နည်းပြ ဇီးဒန်းက ဘေးလ်မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ကိုသာ ပွဲထွက်ကစားသမားအဖြစ် စိတ်ဆန္ဒပြင်းပျနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘေးလ်အနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွေ့မှာ ရီးရဲလ်ကနေ ထွက်ခွာပြီး သူကိုပုံမှန်နေရာပေးနိုင်တဲ့ အသင်းတစ်သင်းကို ပြောင်းရွေ့ကစားဖို့ အလိုရှိနေတာဖြစ်ပါတယ်။ မီဒီယာတစ်ခုရဲ့ ထုတ်ဖော်ချက်အရ ဘေးလ်ဟာ မန်ယူ ၊ ချဲလ်ဆီး ၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကိုသာ ပြောင်းရွေ့လိုကြောင်း အေးဂျင့်ဖြစ်သူကို ပြောဆိုထားတယ်လုု့ိ သိရှိရပါတယ်။

ဘေးလ်ဟာ ၂၀၁၃ခုနှစ်က စပါးအသင်းကနေ ရီးရဲလ်အသင်းကို စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၁၄၉ပွဲ ပါဝင်ကစားထားခဲ့ပြီး ၆၇ဂိုးသွင်းယူပေးထားခဲ့ကာ ၅၁ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်ခင်ဗျာ။

Zawgyi Font : ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာသြားဖုိ႔ အစီအစဥ္ရွိေနတဲ႔ ဂါရတ္ေဘးလ္

ရီးရဲလ္မက္ဒရစ္အသင္းမွာ ဒဏ္ရာေတြနဲ႔ လုံးပန္းေနရၿပီး ပုံမွန္ပြဲထြက္ခြင့္ေတြပါ ေပ်ာက္ဆုံးေနရတဲ႔ ေဝးလ္လက္ေရြးစင္ ကစားသမား ဂါရတ္ေဘးလ္ဟာ လာမယ့္ေႏြရာသီမွာ အသင္းကေန စြန္႔ခြာသြားဖုိ႔ စဥ္းစားေနၿပီလုိ႔ သိရွိရပါတယ္။

အသက္ ၂၇ႏွစ္အရႊယ္ရွိ ဂါရတ္ေဘးလ္ဟာ ဒဏ္ရာျပသနာမ်ားေၾကာင့္ ဒီႏွစ္ေဘာလုံးရာသီ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ လာလီဂါပြဲေပါင္း ၁၃ပြဲနဲ႔ ခ်န္ပီယံလိဂ္ပြဲေပါင္း ၄ပြဲအထိကုိ လြဲေခ်ာ္ခဲ႔ရပါတယ္။ ဒါ့အျပင္ ဒဏ္ရာအရွိန္မ်ားေၾကာင့္ ကစားပုံပါ က်ဆင္းလာခဲ႔ၿပီး ရီးရဲလ္နည္းျပ ဇီးဒန္းက ေဘးလ္မပါဝင္ႏုိင္တဲ႔ ပြဲစဥ္ေတြမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနတဲ႔ ဂ်ိမ္းစ္ရုိဒရီဂြတ္ကုိသာ ပြဲထြက္ကစားသမားအျဖစ္ စိတ္ဆႏၵျပင္းပ်ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ေဘးလ္အေနနဲ႔ လာမယ့္ေႏြရာသီအေျပာင္းအေရြ႕မွာ ရီးရဲလ္ကေန ထြက္ခြာၿပီး သူကိုပုံမွန္ေနရာေပးႏုိင္တဲ႔ အသင္းတစ္သင္းကုိ ေျပာင္းေရြ႕ကစားဖုိ႔ အလုိရွိေနတာျဖစ္ပါတယ္။ မီဒီယာတစ္ခုရဲ႕ ထုတ္ေဖာ္ခ်က္အရ ေဘးလ္ဟာ မန္ယူ ၊ ခ်ဲလ္ဆီး ၊ ပီအက္စ္ဂ်ီနဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းတုိ႔ကုိသာ ေျပာင္းေရြ႕လုိေၾကာင္း ေအးဂ်င့္ျဖစ္သူကုိ ေျပာဆုိထားတယ္လုု႔ိ သိရွိရပါတယ္။

ေဘးလ္ဟာ ၂၀၁၃ခုႏွစ္က စပါးအသင္းကေန ရီးရဲလ္အသင္းကုိ စံခ်ိန္တင္ေျပာင္းေရြ႕ေၾကးနဲ႔ ေျပာင္းေရြ႕လာခဲ႔တာျဖစ္ပါတယ္။ ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၁၄၉ပြဲ ပါဝင္ကစားထားခဲ႔ၿပီး ၆၇ဂုိးသြင္းယူေပးထားခဲ႔ကာ ၅၁ဂုိး ဖန္တီးေပးထားႏုိင္ခဲ႔ပါတယ္ခင္ဗ်ာ။

Leave a comment

Your email address will not be published. Required fields are marked *