မြန်မာပြည်က ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေ အမှန်တစ်ကယ် ကောင်းမွန်နေပြီလား

ခေါင်းစဉ်ကြည့်လိုက်ရင် အူကြောင်ကျားနိုင်တယ်လို့ ထင်ရပေမယ့် လက်တွေ့မှာလဲ အူကြောင်ကျားပါဘဲ ခင်ဗျာ။ ဘဏ်ဘဲဟာ.. ကိုယ်ပိုက်ဆံသွင်းထားရင် ပိုက်ဆံထုတ်လို့ရမှာပေါ့လို့ စဉ်းစားစရာရှိပေမယ့် လက်တွေ့မှာ အချိန်ဘယ်လောက်စောင့်ရလဲဆိုတာ စာဖတ်သူ ပရိတ်သတ်တို့လည်း သိမှာပါ။ လူတိုင်း လူတိုင်းမှာ တန်ဖိုးရှိတဲ့ အချိန်တွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ အချိန်တစ်ချို့ကို ဘဏ်တွေရဲ့ ဝန်ဆောင်မှုအချို့ကြောင့် အလကားသတ်သတ် ဆုံးရှုံးလိုက်ရပါတယ်။

၁။ ငွေလွှဲခြင်း

ငွေလွှဲတဲ့ အပိုင်းကိုကြည့်မယ်ဆိုရင် အချို့ဘဏ်တွေမှာ ဝန်ဆောင်မှု မြန်ဆန်သလို တစ်ချို့ဘဏ်တွေမှာ နာရီနဲ့ ချီပြီး စောင့်ရတာမျိုး တွေရှိပါတယ်။ တစ်ခါတစ်လေလား ဆိုတော့လည်း အမြဲတမ်းဖြစ်နေတာပါဘဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင် ဘဏ်စာအုပ်ထဲ ပိုက်ဆံထည့်တာတောင် မနက် ၁၀ နာရီကနေ စောင့်လိုက်တာ နေ့လည် ၁၂ နာရီထိုးတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါတောင် Customer က ကောင်တာမှာ မျက်နှာဆူပုပ်ပြီး သောင်းကျန်းမှ လုပ်ပေးတာပါ။ ဒါ့အပြင် ငွေလွှဲတဲ့အခါမှာလည်း အချိန်တွေ အရမ်းကြာလွန်းပါတယ်။ ငွေတစ်ခါလွှဲဖို့ နာရီနဲ့ချီပြီး စောင့်နေရတာ အဆင်မပြေပါဘူး။ အကြောင်းပြချက်ကတော့ System တွေပြောင်းလိုက်လို့ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒါဟာ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး။ System ပြောင်းလိုက်ရင် ပိုမိုမြန်ဆန်လာရမှာ ဖြစ်ပါတယ်။ System ပြောင်းလဲမှု၊ Software ပြောင်းလိုက်တယ်ဆိုတဲ့ အကြောင်းပြချက်တွေက Customer နဲ့ မသက်ဆိုင်ပါဘူး။

money-transfer

၂။ ATM စက်တိုင်းမှာ ကဒ်ထည့်လိုက်တိုင်း ငွေထွက်ချင်ရင် MPU Card များများဆောင်ထားပါ

အမှန်ပါဘဲ။ ATM စက်တိုင်းမှာ ကဒ်ထည့်လိုက်တိုင်း ငွေထွက်ချင်ရင် ဘဏ်တိုင်းမှာ MPU Card တွေလုပ်ထားပါ။ ဒါမှသာလျှင် တစ်ခုမရ နောက်တစ်ခု ထည့်ပြီး ပိုက်ဆံထုတ်လို့ရမှာပါ။ ဆိုလိုချင်တာက ATM စက်တွေလိုင်းကျတာနဲ့ MPU Network လိုင်းကျခြင်းပါ။ ဥပမာအားဖြင့် KBZ MPU ကဒ်နဲ့ KBZ ATM စက်မှာ ပိုက်ဆံထုတ်တာ ပြဿနာမရှိပေမယ့် အခြား MPU Card ထည့်လိုက်တဲ့အခါ ပိုက်ဆံမထွက်တာတို့၊ Pin Error တက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ တစ်ဖက် Server နဲ့ MPU Network ကြားမှာ လိုင်းကျသွားခြင်း သို့မဟုတ် အကြောင်းတစ်စုံတစ်ခုကြောင့် ချိတ်ဆက်မရခြင်းကြောင့် Error တက်တာမျိုးပါ။ ဒါကြောင့် OP တို့ကတော့ MPU Card ၅ ကဒ်ဆောင်ထားပါတယ်။ ပိုက်ဆံတွေကို ဘဏ်တွေမှာ ခွဲထည့်ထားရပါတယ်။ ဒါမှသာလျှင် တစ်ခုခုဆို တစ်ကဒ်ပြီး တစ်ကဒ်ထုတ်ပြီး ပိုက်ဆံထုတ်လို့ရမှာ။ အရင်တစ်ခေါက်ကတောင် Ocean Super Center က ATM စက်တစ်ခုမှာ ပိုက်ဆံထုတ်တာ ကဒ်ပြန်မထွက်လာတော့လို့ ပိုက်ဆံအိတ်ထဲမှာ အမြဲဆောင်ထားတဲ့ အခြား MPU Card နဲ့ နောက်ထပ် ATM စက်တစ်ခုမှာ သွားထုတ်လိုက်ရသေးတယ်။

MPU-Card

၃။ Mobile Banking သုံးတဲ့အခါ သတိထား

သတိဆိုတာ ပိုတယ်ဆိုတာ မရှိပါဘူး။ ဘဏ်မှာ ငွေလွှဲရတာ အချိန်ကုန်လို့ Mobile banking နဲ့လွှဲတဲ့အခါ သတိရှိပါ။ Mobile banking ကနေ အကောင့်အချင်းချင်းပိုက်ဆံလွှဲလို့ရသလို ဖုန်းဘေလ်ဝယ်ယူခြင်း၊ ဘေလ်ဆောင်ခြင်း၊ မီတာခ ဆောင်ခြင်း အပြင် Visa/Master/ MPU ကဒ်တွေထဲကို ပိုက်ဆံလွှဲထည့်လို့ရပါသေးတယ်။ အခု စမ်းသပ်ဖူးသမျှမှာ Mobile banking ကနေ အကောင့်အချင်းချင်းလွှဲတာ ပြဿနာ တစ်စုံတစ်ခုမှ မရှိသေးပါဘူး။ ဒါပေမယ့် ဘဏ်တစ်ခုနဲ့ တစ်ခု မတူညီတဲ့ သတ်မှတ်ချက်တွေနဲ့ ဖွဲ့စည်းပုံတွေရှိပါတယ်။

KBZ နဲ့ AYA ဘဏ်တို့ရဲ့ mobile banking မှာ ဘဏ်အကောင့်နဲ့ MPU ကဒ်တို့ဟာ တူတူဘဲဖြစ်ပါတယ်။ ဘဏ်အကောင့်ထဲ ပိုက်ဆံတွေကို MPU Card နဲ့ ထုတ်ယူနိုင်ပါတယ်။ CB ဘဏ်ရဲ့ Mobile banking က ဘဏ်အကောင့်နဲ့ MPU ကိုခွဲထားပါတယ်။ MPU ကဒ်ထဲမှာ ပိုက်ဆံမရှိတော့လို့ ပိုက်ဆံထုတ်ချင်ရင် ကိုယ်ပိုင်အကောင့် ကနေ တစ်ဆင့် MPU ကဒ်ထဲကို အရင် လွှဲထည့်ရပါတယ်။ ပြီးမှ ATM စက်တွေမှာ ပြန်ထုတ်ရတာ ဖြစ်ပါတယ်။

Mobile banking ကနေ Visa/Master ကဒ်ထဲကို ပိုက်ဆံလွှဲတဲ့အခါ သတိထားပါ။ တစ်ခါတစ်လေ Transaction already existed ဆိုပြီး message ပြပေမယ့် ပိုက်ဆံက လွှဲထားတာမျိုး ဖြစ်ပါတယ်။ ကိုယ်တိုင်ကတော့ အဲ့လိုမျိုး Message ပြနေလို့ မဝင်ဘူးထင်ပြီး နောက်တစ်ခါ transfer လုပ်ပါတယ်။ နောက်တစ်ခါ ထပ်လွှဲမှ Transaction successful ဖြစ်ကြောင်း ပြပါတယ်။

ဒါပေမယ့် အကောင့်ထဲပိုက်ဆံစစ်ကြည့်တဲ့အခါ ပိုက်ဆံ ၂ ဆလျော့သွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် OP ရဲ့ Visa ကဒ်ကို ပိုက်ဆံတွေ ၂ဆ ရောက်သွားပါတယ်။ ရောက်မှာပေါ့ နှစ်ခါလွှဲသလို ဖြစ်သွားတာကိုး။ ဖုန်းဘေလ်ထည့်တုန်းကလဲ ဖြစ်ဖူးပါတယ်။ ၅ ခေါက်လောက်ရှိပါပြီ။ Transaction already existed ဆိုပြီး ပိုက်ဆံနှုတ်သွားတာ စဉ်းစားလို့မရပါ။ ပိုက်ဆံနှုတ်သွားရင် Transaction successful ဆိုတဲ့ message ဘဲ တက်သင့်ပါတယ်။ အဲ့ဒီ Bug ရှိနေတဲ့ App ကတော့ CB Mobile Banking App ဖြစ်ပါတယ်။

Mobile-Banking

အချုပ်အားဖြင့် ကြည့်လိုက်ရင်တော့ ဘဏ်အားလုံးရဲ့ ဝန်ဆောင်မှုဟာ သိပ်ပြီးထူးထူးကဲကဲရယ်လို့ မတွေ့မိပါဘူး။ အဓိက ပြောချင်တာကတော့ အချိန်ကုန်သက်သာဖို့နဲ့ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးဖို့ ယူဆပါတယ်။ System ပြောင်းတယ်၊ Software ပြောင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဘဲ Customer တွေရဲ့ တန်ဖိုးရှိတဲ့အချိန်ကို ဖြုန်းတီးမပစ်လိုက်ပါနဲ့လို့ဘဲ ပြောချင်ပါတယ်။

Zawgyi Font : ျမန္မာျပည္က ဘဏ္ေတြရဲ႕ ဝန္ေဆာင္မႈေတြ အမွန္တစ္ကယ္ ေကာင္းမြန္ေနၿပီလား

ေခါင္းစဥ္ၾကည့္လိုက္ရင္ အူေၾကာင္က်ားႏိုင္တယ္လို႔ ထင္ရေပမယ့္ လက္ေတြ႕မွာလဲ အူေၾကာင္က်ားပါဘဲ ခင္ဗ်ာ။ ဘဏ္ဘဲဟာ.. ကိုယ္ပိုက္ဆံသြင္းထားရင္ ပိုက္ဆံထုတ္လို႔ရမွာေပါ့လို႔ စဥ္းစားစရာရွိေပမယ့္ လက္ေတြ႕မွာ အခ်ိန္ဘယ္ေလာက္ေစာင့္ရလဲဆိုတာ စာဖတ္သူ ပရိတ္သတ္တို႔လည္း သိမွာပါ။ လူတိုင္း လူတိုင္းမွာ တန္ဖိုးရွိတဲ့ အခ်ိန္ေတြ ရွိပါတယ္။ ဒါေပမယ့္ အဲ့ဒီ အခ်ိန္တစ္ခ်ိဳ႕ကို ဘဏ္ေတြရဲ႕ ဝန္ေဆာင္မႈအခ်ိဳ႕ေၾကာင့္ အလကားသတ္သတ္ ဆုံးရႈံးလိုက္ရပါတယ္။

၁။ ေငြလႊဲျခင္း

ေငြလႊဲတဲ့ အပိုင္းကိုၾကည့္မယ္ဆိုရင္ အခ်ိဳ႕ဘဏ္ေတြမွာ ဝန္ေဆာင္မႈ ျမန္ဆန္သလို တစ္ခ်ိဳ႕ဘဏ္ေတြမွာ နာရီနဲ႔ ခ်ီၿပီး ေစာင့္ရတာမ်ိဳး ေတြရွိပါတယ္။ တစ္ခါတစ္ေလလား ဆိုေတာ့လည္း အၿမဲတမ္းျဖစ္ေနတာပါဘဲ။ ကိုယ့္ရဲ႕ ကိုယ္ပိုင္ ဘဏ္စာအုပ္ထဲ ပိုက္ဆံထည့္တာေတာင္ မနက္ ၁၀ နာရီကေန ေစာင့္လိုက္တာ ေန႔လည္ ၁၂ နာရီထိုးတယ္ဆိုတာ မျဖစ္သင့္ပါဘူး။ ဒါေတာင္ Customer က ေကာင္တာမွာ မ်က္ႏွာဆူပုပ္ၿပီး ေသာင္းက်န္းမွ လုပ္ေပးတာပါ။ ဒါ့အျပင္ ေငြလႊဲတဲ့အခါမွာလည္း အခ်ိန္ေတြ အရမ္းၾကာလြန္းပါတယ္။ ေငြတစ္ခါလႊဲဖို႔ နာရီနဲ႔ခ်ီၿပီး ေစာင့္ေနရတာ အဆင္မေျပပါဘူး။ အေၾကာင္းျပခ်က္ကေတာ့ System ေတြေျပာင္းလိုက္လို႔ ျဖစ္ပါတယ္လို႔ ေျပာပါတယ္။ ဒါဟာ လက္ခံႏိုင္ဖြယ္ရာ မရွိပါဘူး။ System ေျပာင္းလိုက္ရင္ ပိုမိုျမန္ဆန္လာရမွာ ျဖစ္ပါတယ္။ System ေျပာင္းလဲမႈ၊ Software ေျပာင္းလိုက္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြက Customer နဲ႔ မသက္ဆိုင္ပါဘူး။

၂။ ATM စက္တိုင္းမွာ ကဒ္ထည့္လိုက္တိုင္း ေငြထြက္ခ်င္ရင္ MPU Card မ်ားမ်ားေဆာင္ထားပါ

အမွန္ပါဘဲ။ ATM စက္တိုင္းမွာ ကဒ္ထည့္လိုက္တိုင္း ေငြထြက္ခ်င္ရင္ ဘဏ္တိုင္းမွာ MPU Card ေတြလုပ္ထားပါ။ ဒါမွသာလွ်င္ တစ္ခုမရ ေနာက္တစ္ခု ထည့္ၿပီး ပိုက္ဆံထုတ္လို႔ရမွာပါ။ ဆိုလိုခ်င္တာက ATM စက္ေတြလိုင္းက်တာနဲ႔ MPU Network လိုင္းက်ျခင္းပါ။ ဥပမာအားျဖင့္ KBZ MPU ကဒ္နဲ႔ KBZ ATM စက္မွာ ပိုက္ဆံထုတ္တာ ျပႆနာမရွိေပမယ့္ အျခား MPU Card ထည့္လိုက္တဲ့အခါ ပိုက္ဆံမထြက္တာတို႔၊ Pin Error တက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ျဖစ္ရတဲ့ အေၾကာင္းရင္းကေတာ့ တစ္ဖက္ Server နဲ႔ MPU Network ၾကားမွာ လိုင္းက်သြားျခင္း သို႔မဟုတ္ အေၾကာင္းတစ္စုံတစ္ခုေၾကာင့္ ခ်ိတ္ဆက္မရျခင္းေၾကာင့္ Error တက္တာမ်ိဳးပါ။ ဒါေၾကာင့္ OP တို႔ကေတာ့ MPU Card ၅ ကဒ္ေဆာင္ထားပါတယ္။ ပိုက္ဆံေတြကို ဘဏ္ေတြမွာ ခြဲထည့္ထားရပါတယ္။ ဒါမွသာလွ်င္ တစ္ခုခုဆို တစ္ကဒ္ၿပီး တစ္ကဒ္ထုတ္ၿပီး ပိုက္ဆံထုတ္လို႔ရမွာ။ အရင္တစ္ေခါက္ကေတာင္ Ocean Super Center က ATM စက္တစ္ခုမွာ ပိုက္ဆံထုတ္တာ ကဒ္ျပန္မထြက္လာေတာ့လို႔ ပိုက္ဆံအိတ္ထဲမွာ အၿမဲေဆာင္ထားတဲ့ အျခား MPU Card နဲ႔ ေနာက္ထပ္ ATM စက္တစ္ခုမွာ သြားထုတ္လိုက္ရေသးတယ္။

 ၃။ Mobile Banking သုံးတဲ့အခါ သတိထား

သတိဆိုတာ ပိုတယ္ဆိုတာ မရွိပါဘူး။ ဘဏ္မွာ ေငြလႊဲရတာ အခ်ိန္ကုန္လို႔ Mobile banking နဲ႔လႊဲတဲ့အခါ သတိရွိပါ။ Mobile banking ကေန အေကာင့္အခ်င္းခ်င္းပိုက္ဆံလႊဲလို႔ရသလို ဖုန္းေဘလ္ဝယ္ယူျခင္း၊ ေဘလ္ေဆာင္ျခင္း၊ မီတာခ ေဆာင္ျခင္း အျပင္ Visa/Master/ MPU ကဒ္ေတြထဲကို ပိုက္ဆံလႊဲထည့္လို႔ရပါေသးတယ္။ အခု စမ္းသပ္ဖူးသမွ်မွာ Mobile banking ကေန အေကာင့္အခ်င္းခ်င္းလႊဲတာ ျပႆနာ တစ္စုံတစ္ခုမွ မရွိေသးပါဘူး။ ဒါေပမယ့္ ဘဏ္တစ္ခုနဲ႔ တစ္ခု မတူညီတဲ့ သတ္မွတ္ခ်က္ေတြနဲ႔ ဖြဲ႕စည္းပုံေတြရွိပါတယ္။

KBZ နဲ႔ AYA ဘဏ္တို႔ရဲ႕ mobile banking မွာ ဘဏ္အေကာင့္နဲ႔ MPU ကဒ္တို႔ဟာ တူတူဘဲျဖစ္ပါတယ္။ ဘဏ္အေကာင့္ထဲ ပိုက္ဆံေတြကို MPU Card နဲ႔ ထုတ္ယူႏိုင္ပါတယ္။ CB ဘဏ္ရဲ႕ Mobile banking က ဘဏ္အေကာင့္နဲ႔ MPU ကိုခြဲထားပါတယ္။ MPU ကဒ္ထဲမွာ ပိုက္ဆံမရွိေတာ့လို႔ ပိုက္ဆံထုတ္ခ်င္ရင္ ကိုယ္ပိုင္အေကာင့္ ကေန တစ္ဆင့္ MPU ကဒ္ထဲကို အရင္ လႊဲထည့္ရပါတယ္။ ၿပီးမွ ATM စက္ေတြမွာ ျပန္ထုတ္ရတာ ျဖစ္ပါတယ္။

Mobile banking ကေန Visa/Master ကဒ္ထဲကို ပိုက္ဆံလႊဲတဲ့အခါ သတိထားပါ။ တစ္ခါတစ္ေလ Transaction already existed ဆိုၿပီး message ျပေပမယ့္ ပိုက္ဆံက လႊဲထားတာမ်ိဳး ျဖစ္ပါတယ္။ ကိုယ္တိုင္ကေတာ့ အဲ့လိုမ်ိဳး Message ျပေနလို႔ မဝင္ဘူးထင္ၿပီး ေနာက္တစ္ခါ transfer လုပ္ပါတယ္။ ေနာက္တစ္ခါ ထပ္လႊဲမွ Transaction successful ျဖစ္ေၾကာင္း ျပပါတယ္။

ဒါေပမယ့္ အေကာင့္ထဲပိုက္ဆံစစ္ၾကည့္တဲ့အခါ ပိုက္ဆံ ၂ ဆေလ်ာ့သြားတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ OP ရဲ႕ Visa ကဒ္ကို ပိုက္ဆံေတြ ၂ဆ ေရာက္သြားပါတယ္။ ေရာက္မွာေပါ့ ႏွစ္ခါလႊဲသလို ျဖစ္သြားတာကိုး။ ဖုန္းေဘလ္ထည့္တုန္းကလဲ ျဖစ္ဖူးပါတယ္။ ၅ ေခါက္ေလာက္ရွိပါၿပီ။ Transaction already existed ဆိုၿပီး ပိုက္ဆံႏႈတ္သြားတာ စဥ္းစားလို႔မရပါ။ ပိုက္ဆံႏႈတ္သြားရင္ Transaction successful ဆိုတဲ့ message ဘဲ တက္သင့္ပါတယ္။ အဲ့ဒီ Bug ရွိေနတဲ့ App ကေတာ့ CB Mobile Banking App ျဖစ္ပါတယ္။

အခ်ဳပ္အားျဖင့္ ၾကည့္လိုက္ရင္ေတာ့ ဘဏ္အားလုံးရဲ႕ ဝန္ေဆာင္မႈဟာ သိပ္ၿပီးထူးထူးကဲကဲရယ္လို႔ မေတြ႕မိပါဘူး။ အဓိက ေျပာခ်င္တာကေတာ့ အခ်ိန္ကုန္သက္သာဖို႔နဲ႔ ဝန္ထမ္းေတြရဲ႕ ကြၽမ္းက်င္မႈကို ျမႇင့္တင္ေပးဖို႔ ယူဆပါတယ္။ System ေျပာင္းတယ္၊ Software ေျပာင္းတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ဘဲ Customer ေတြရဲ႕ တန္ဖိုးရွိတဲ့အခ်ိန္ကို ျဖဳန္းတီးမပစ္လိုက္ပါနဲ႔လို႔ဘဲ ေျပာခ်င္ပါတယ္။

Leave a comment

Your email address will not be published.