Beijing ရှိ နဂါးခေါင်းပုံ မိုးမျှော်တိုက်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ထားပြီး ဒေါ်လာ ၇၃၄ သန်းဖြင့် လေလံတင် ရောင်းချ

တရုတ်နိုင်ငံ မြို့တော် Beijing တွင် အိုလံပစ်အားကစားပွဲကြီး ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ပြီး လက်ရှိမှာ Pangu Plaza အဖြစ်ဖွင့်လှစ်ထားသော ၃၉ထပ်ရှိ မိုးမျှော်တိုက်ကြီးကို Online ပေါ်တွင် လေလံတင် ရောင်းချခဲ့ရာတွင်နှစ်ဖက်ညှိုနှိုင်းသဘောတူညီချက်ထားကာ ဒေါ်လာ ၇၃၄သန်းဖြင့် Beijing ရှိ အိမ်ခြံမြေအရောင်း အဝယ် ကုမ္ပဏီကြီး ဖြစ်တဲ့ Yucheng Zhiye က လေလံအောင်ခဲ့ပါတယ်။

Beijing ၏အထင်ကရ Bird’s Nest အားကစားကွင်းနဲ့ မိုက်ဝက်လောက်အကွာမှာ တည်ရှိတဲ့ ၆၂၉ ပေအမြင့်ရှိတဲ့ နဂါးခေါင်းပုံ မိုးမျှော်တိုက်ကြီးရဲ့ ပိုင်ရှင်ကတော့ တရုတ်နိုင်ငံတရားရုံးက လိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှု တို့ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်တွင်တိမ်းရှောင်နေတဲ့ ဝရမ်းပြေးဘီလယံနာသူဌေးကြီး Guo Wengui ပဲဖြစ်ပါတယ်။ သူရဲ့မိုးမျှော်တိုက်ကို e-commerce လောကတွင် အကြီးဆုံးဖြစ်တဲ့ Alibaba ကတစ် ဆင့် လေလံပွဲကို ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ကြမ်းခင်းဈေးကိုတော့တရုတ်ယွန် 5 သန်း(ဒေါ်လာ708,000) နဲ့ ဖွင့်ခဲ့တယ်လို့ သိရပါတယ်။

Guo Wengui ဟာ တရုတ်ယွန် 5.19 billion (အမေရိကန်ဒေါ်လာ734 million) နဲ့ လေလံအောင်မြင် ခဲ့တာဖြစ်တဲ့ အတွက် သူ့ရဲ့ ကြမ်းခင်းဈေးထက် ၄၀ရာနှုန်းပိုမိုကာ ရရှိခဲ့သော်လည်း ၁၀ရာခိုင်နှုန်းသာ သူမြတ်ခဲ့တာဖြစ်ကြောင်း သူ၏ပြောပြချက်အရသိရပါတယ်။ Guo Wengui ရဲ့ မိုးမျှော်တိုက်ကို လေလံဝင်ပြိုင်ခဲ့တဲ့သူ ဘီလယံနာ (၂)ဦးသာ ရှိ ခဲ့တာဖြစ်ပြီး ထိုလေလံပွဲကို ကြည့်ဖို့ရန်အတွက် မှတ်ပုံတင်ထားတဲ့ လူကတော့ ၁သိန်းခွဲ ရှိတယ်လို့ သိရှိရပါတယ်။ Guo Wengui မိုးမျှော်တိုက်ရဲ့ ထူးခြားချက်ကတော့ နဂါးခေါင်းပုံရှိနေပြီး သူ့ဘေးမှာရှိနေတဲ့ မိုးမျှော်တိုက်တွေက နဂါးရဲ့ ခန္ဓာကိုယ်နဲ့ အမြီးပုံသဏ္ဍာန် အဖြစ် တည်ရှိနေခြင်းပဲဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *