Blue Origin က Moon Lander Engine ကို ပထမဆုံး စမ်းသပ်။

Aerospace Company တစ်ခုဖြစ်တဲ့ Blue Origin က ပထမဆုံးအကြိမ် Moon Lander Engine ကို စမ်းသပ်ခဲ့ပါတယ်။ Moon Lander Engine ဆိုတာက အာကာသမှတစ်ဆင့် ကမ္ဘာမြေကိုပျံလာတဲ့ ယာဉ်ကိုဆင်းသက်နိုင်အောင် အထောက်အကူပြုတဲ့ Engine (BE-7) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို Nasa ရဲ့ Marshall Space Flight Center မှာ စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုကတော့ Company အတွက် ပထမဦးဆုံး ကြီးမားတဲ့ခြေလှမ်းဖြစ်ပါတယ်။ Moon Lander ကို  အနာဂတ်မှာ Blue Origin ရဲ့ ကိုယ်ပိုင်အာကာသယာဉ်ဖြစ်တဲ့ Blue Moon မှာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

Blue Origin ရဲ့ Founder ဆိုလည်းဟုတ်၊ Amazon ရဲ့ Founder ဆိုလည်းဟုတ်တဲ့ Jeff Bezoz ကတော့ ပထမဆုံးစမ်းသပ်မှုကို Twitter ပေါ်မှာ တင်ခဲ့ပါတယ်။ Engine စပြီး စမ်းသပ်ခဲ့စဉ်က မီးခိုးပုံစံမထွက်လာပဲ အစိမ်းရောင်မီးခိုးပုံစံ ထွက်လာပါတယ်။ ပြီးမှ မီးခိုးက အစိမ်းရောင်ပုံစံ ပျောက်သွားပြီး ပုံမှန်ပြန်ဖြစ်သွားတယ်။ မီးခိုးအစိမ်းရောင် ထွက်တဲ့အကြောင်းရင်းကတော့ engine ကို လောင်ကျွမ်းအောင် လုပ်ပေးတဲ့ လောင်စာဆီအရည်တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဒီအရည်တွေ လောင်ကျွမ်းသွားမှ ထွက်တဲ့မီးခိုးအရောင်က အကြည်ရောင် အဖြစ်ပြောင်းလဲသွားပါတယ်။ Engine မှာ အသုံးပြုတဲ့အရည်လောင်စာဆီတွေက Oxygen နဲ့ Hydrogen အရည်ကို သုံးထားပါတယ်။ နှစ်ခုလုံးက ရေကထွက်တဲ့ ဓါတ်ခွဲ compound တွေသာဖြစ်ပါတယ်။

Jeff Bezoz ပြောကြားချက်အရ Company ရဲ့ BE-7 ကိုတော့ Nasa ရဲ့ Plan အသစ်ဖြစ်တဲ့ လူတွေကို လ နဲ့ ကမ္ဘာကြား သွားလာမှုတဲ့ ယာဉ်တွေမှာသုံးတဲ့ အခွင့်အရေးရရင် ကူညီသွားချင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီနှစ်မကုန်ခင်မှာတော့ company က space travel နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက် အသေးစိတ် plan ကို ချပြသွားမယ်လို့လည်း သိရပါတယ်။ အခုဆို အမေရိကန်နိုင်ငံမှာ Aerospace Company က NASA တစ်ခုတည်းသာမက Elon Musk ရဲ့ Space-X company နဲ့အပြိုင် အခြား aerospace companies ပေါင်းများစွာရှိနေပြီ ဖြစ်ပါတယ်။ သိပ်မကြာတော့တဲ့ အနာဂတ်မှာတော့ လူသားတွေ အာကာသကို ခရီးသွားနိုင်တော့မှာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။​

Leave a comment

Your email address will not be published. Required fields are marked *