Boston Dynamics ကုမ္ပဏီရဲ့ Spot စက်ရုပ်ကို လုပ်ငန်းခွင်တွင် တရားဝင်အသုံးပြုခွင့်ရပြီ

ဇွန်လတုန်းက Boston Dynamics ကုမ္ပဏီက မိန့်ဆက်ပေးခဲ့သော Spot လို့ခေါ်တဲ့ စက်ရုပ်ကို ယခုအချိန်မှာ မိမိရဲ့ လုပ်ငန်းများတွင် တရားဝင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ သို့သော် အပြင်သို့ထုတ်ရောင်းမှာမဟုတ်ဘဲ မိမိရဲ့ လုပ်ငန်းကို Boston Dynamics သို့တင်ပြပြီး Boston Dynamics ကုမ္ပဏီက စီစစ်ကာ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါ တယ်။

Boston Dynamics ကုမ္ပဏီ၏ ပြောပြချက်အရ သူတို့ရဲ့ စက်ရုပ်တွေဟာ အဓိကအားဖြင့် စစ်ဘက်ဆိုင်ရာတွင် အသုံးပြုနိုင်ရန်အတွက် သီးသန့်ထုတ်လုပ်တဲ့ စက်ရုပ်တွေဖြစ်ပြီး Spot ကိုတော့ လူသားတွေ အကျိုးအတွက်ထုတ်လုပ် ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Spot မှာ ကင်မရာပါပြီး အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာမဆို ဟန်ချက်ညီ အောင် ထိန်းနိုင်ခြင်းပဲဖြစ်ပါတယ်။

Spot များကို လူတွေအတွက် အန္တာရာယ်ရှိတဲ့ လုပ်ငန်းတွေမှာ အသုံးပြုစေဖို့ရန်အတွက် တရားဝင်ရောင်းချခွင့်ပြုခဲ့ တာဖြစ်ပါတယ်။အဓိကအားဖြင့် လူတွေကို အန္တာရယ်ပေးနိုင်တဲ့ ဓာတ်ငွေ့ယိုစိမ့်ခြင်းလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ် ငန်းများ အစရှိတဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ရန်အတွက်ဖြစ်ပါတယ်။

Spot ရဲ့ ခန္ဓာကိုယ်ပေါ်တွင် hardware modules (၄)ခုအထိတပ်ဆင်လို့ရမှာဖြစ်ပြီး မိမိခိုင်းစေလိုတဲ့ လုပ်ငန်းအပေါ်မူတည်ပြီး ပစ္စည်းများကိုတပ်ဆင်ပေးရမှာဖြစ်ပါတယ်။ ဥပမာ ဓာတ်ငွေ့ယိုစိမ့်မှု စစ်ဆေးရန်အတွက်ဆိုလျှင် ဓာတ်ငွေ့စစ်တဲ့ ကိရိယာကိုတပ်ဆင်ပေးရမှာဖြစ်ပါတယ်။ ထို့အတူ ပစ္စည်းများသယ်ယူဖို့အတွက်ဆိုလျှင် ပစ္စည်းသယ်ယူတဲ့ ကိရိယာကိုတပ်ဆင်ရမှာဖြစ်ပြီး လုံခြုံရေးအတွက် အဝေးကိုလွှတ်မယ်ဆိုလျှင် အသံဖမ်းစက်နှင့် အဝေးထိန်းကိရိယာကို တပ်ဆင်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Spot များဟာ ဟန်ချက်ကိုထိန်းနိုင်တဲ့အပြင် လိုသလိုလှုပ်ရှားနိုင်လို့ လူတွေအတွက် အကဖြင့် ဖျော်ဖြေတင်ဆက်တဲ့နေရာမှာလည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Source : The Verge News

Leave a comment

Your email address will not be published. Required fields are marked *