ရင်သားကင်ဆာက အမျိုးသမီးများ၏ လိင်မှုကိစ္စကို ထိခိုက်စေနိုင်

သြစတြေးလျနိုင်ငံမှ ပညာရှင်များ၏ လေ့လာချက်အသစ်တစ်ရပ်အရ ရင်သားကင်ဆာရှိသော အမျိုးသမီးများတွင် လိင်မှုဆိုင်ရာပြဿနာများနှင့် ပို၍ကြုံတွေ့ရကြောင်း တွေ့ရှိရသည်ဟု မှတ်ချက်ချခဲ့သည်။ မဲလ်ဘုန်းမြို့၊ မိုနာတက္ကသိုလ် အမျိုးသမီးကျန်းမာရေးစီမံကိန်းဌာနမှ ပါမောက္ခများ ဖြစ်ကြသော ဆူဆန်ဒေးဗစ်နှင့် ရော်ဘင်ဘဲလ်တို့သည် ရင်သားကင်ဆာဖြစ်ပွားပြီး အသက်မသေသူ အမျိုးသမီးပေါင်း ၁ရဝဝကို သုတေသနပြုခဲ့ခြင်း ဖြစ်သည်။ ယင်းတို့အနက် အမျိုးသမီး ၈၃ရာခိုင်နှုန်းသည် ၄င်းတို့၌ ရင်သားကင်ဆာဖြစ်ပွားကြောင်း မသိရှိရသေးခင်က လိင်ကိစ္စ၌ အဆင်ပြေခဲ့သည်ဟု ဆိုသည်။ ရင်သားကင်ဆာဖြစ်ပွားကြောင်း သိရှိရပြီးနောက် ၂နှစ်အတွင်း အမျိုးသမီး ရဝရာခိုင်နှုန်းသည် လိင်မှုကိစ္စနှင့် ပတ်သက်သော ပြဿနာများ ပေါ်ပေါက်ခဲ့သည်ဟု ဆိ်ုပါတယ်။ အမျိုးသမီးများတွင် ဟော်မုန်းက လှုံ့ဆော်ပေးနိုင်သော ရင်သားကင်ဆာရှိကြောင်း တွေ့ရှိရပြီး အီစထရိုဂျင်ဟော်မုန်းလျော့နည်းအောင် ကုသချက်ပေးခဲ့ရသောကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေဖြင့် လိင်မှုဆိုင်ရာ ပြဿနာများရဲ့အစဟာ ကင်ဆာရောဂါကုသမှု၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်ကြောင်း သဘောပေါက် နားလည်ရန်လည်း အရေးကြီးပါတယ်။ အမျိုးသမီးများ ကြုံတွေ့ရတဲ့ လိင်မှုဆိုင်ရာ ပြဿနာတွေဟာ လိင်ဆန္ဒလျော့နည်းခြင်းနှင့် မိမိကိုယ်မိမိ ရုပ်ပိုင်းဆိုင်ရာအရ ချို့ယွင်းမှုရှိကြောင်း ခံစားရပြီးနောက်  လိင်စိတ် ကုန်ခမ်းသွားခြင်းတို့ကြောင့်လည်း ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *