Bugatti ကားကုမ္ပဏီက ကမ္ဘာ့ဈေးအကြီးဆုံး ကားကို စတင်မိတ်ဆက်ကြေညာလိုက်ပြီ

La Voiture Noire လို့နာမည်ပေးထားတဲ့ $19 million တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံးကားကို Bugatti က စတင် မိတ်ဆက်လိုက်ပါတယ်။ Bugatti ကုမ္ပဏီဟာ ကမ္ဘာ့ဈေးအများဆုံး ကားတွေကို ထုတ်နေကျ ကားကုမ္ပဏီကြီး တစ်ခုဖြစ်ပါတယ်။ယခု မိတ်ဆက်လိုက်တဲ့ La Voiture Noire ဟာ ၁၉၃၀ ခုနှစ်က Bugatti ထုတ် 57 SC Atlantic လို့ခေါ်တဲ့ ကားရဲ့ Design ကို ယူပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ 57 SC Atlantic ရဲ့ Design ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ပြစ်သစ်ကို ဂျာမဏီက မကျူးကျော်မီ အချိန်တိုလေး အတွင်းမှာ ပျောက်သွားတာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စကို ယခုအချိန်ထိ အတိအကျ မသိကြသေးပါဘူး။


La Voiture Noire ရဲ့အခွန်ပါပြီး တန်ဖိုးဟာ $19 million ဖြစ်ပြီး အခွန်လွတ်ဆိုရင်တော့ $12.5 million ဖြစ်ပါတယ်။ La Voiture Noire ရဲ့ အဓိပ္ပာယ်ကတော့ ရိုးရှင်းတဲ့ အမဲရောင်ကားလေးလို့ အဓိပ္ပာယ်ရပါတယ်။ Bugatti ကုမ္ပဏီဟာ ဝယ်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်တော့မှ ထုတ်ဖော်လေ့မရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါ တယ်။ သေချာတာတစ်ခုကတော့ Bugatti ရဲ့ ကားတွေကို ဝယ်နိုင်တဲ့သူတွေကတော့ ဝင်ငွေအရမ်းကောင်းတဲ့ လုပ်ငန်း တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်မယ်ဆိုတာပါပဲ။

၁၉၃၀ ထုတ် 57 SC Atlantic ကားကို Design ဆွဲခဲ့တဲ့သူကတော့ Bugatti ကိုတည်ထောင်သူ Ettore Bugatti ရဲ့သား Jean Bugatti ပဲဖြစ်ပါတယ်။ Jean Bugatti ဟာ အမြဲတမ်းဆိုသလို သူ့အဖေရေးဆွဲခဲ့တဲ့ Design တွေကို ကြည့်ပြီး အလွန်လှပတဲ့ ကား Design တွေ ရေးဆွဲလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

Source: CNN News

Leave a comment

Your email address will not be published.