Burkina Faso ရှိ ခရစ်ယာန်ကျောင်းကို အကြမ်းဖက်သမားများဝင်ရောက်တိုက်ခိုက်

ဧပြီလ ၁၂ရက် တနင်္ဂနွေနေ့က အာဖရိကရှိ Burkina Faso မြောက်ပိုင်းက Dablo မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုမှာ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်သမားများဦးရေဟာ ၂၀မှ ၃၀အထိ ရှိကြောင်း သိရှိ ရပါတယ်။ အကြမ်းဖက် သမားများဟာ ဘုရားကျောင်းကို ဝိုင်းထားပြီး အထဲထိ ဝင်ရောက်ပစ်ခေတ်ခဲ့ကာ ကျောင်း နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်အချို့ကိုပါ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရှိရပါတယ်။

အကြမ်းဖက်မှုဟာ ဒေသစံတော်ချိန် 09:00 လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လူ(၆)ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အခင်းဖြစ်ပွားမှုအပြီးမှာ ဆေးရုံတွင် လူနာများဖြင့် ပြည့်နှ က် သွားပြီး အဲဒီနေ့တစ်ရက်လုံးမှာ မည်သူမှ အပြင်မထွက်တော့ပဲ တစ်မြို့လုံးဟာ တိတ်ဆိတ်ငြိမ်သက်သွား ခဲ့တယ်လို့ မြို့ တော်ဝန် Ousmane Zongo ပြောပြချက်အရသိရှိရပါတယ်။ စုံစမ်းစစ်ဆေးလို့ ရသလောက်ကတော့ အကြမ်းဖက် သမားများဟာ al-Qaedaအဖွဲ့၊ IS အဖွဲ့တို့နဲ့ ပတ်သက်ဆက်နွယ်မှုရှိကြောင်းသိရပေမယ့် အဲဒီဒေသမှာ Ansarul Islam အဖွဲ့လည်းရှိနေတာဖြစ်တဲ့အတွက် ဘယ်အဖွဲ့ကပြုလုပ်သလဲဆိုတာကို အတိအကျမသိရသေးပါဘူး။

လက်ရှိမှာ Burkina Faso တစ်မြို့လုံးရှိ စာသင်ကျောင်းများနဲ့ ဆိုင်များကို ပိတ်ထားကြပြီး အခြေအနေ တည် ငြိမ်သွားမှသာ ပြန်လည်ဖွင့်သွားမှာဖြစ်ပါတယ်။ Burkina Faso ဟာ ဂျီဟက်အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက် ခိုက်နေကျ နေရာဖြစ်ပါတယ်။ အကြမ်းဖက်သမားများဟာ ခရစ်ယာန်ကျောင်းများကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက် နေတာတွေ့ရှိရပါတယ်။ ယခုအကြမ်းဖက်မှုအပါအဝင် တစ်ပတ်အတွင်း ခရစ်ယာန်ကျောင်းကို တိုက်ခိုက်မှုဟာ ၃ကြိမ် မြောက်ဖြစ်ပြီး ယခုတစ်ခေါက်က ထိခိုက်မှုအများဆုံးဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *