California တွင် လှေတစ်စင်းမီးလောင်မှုဖြစ်ပွားရာ (၃၄)ဦးသေဆုံး

စက်တင်ဘာလ ၁၂ရက် ကြာသပတေးနေ့ ညတွင် အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် Ventura မြို့၌ လှေတစ်စင်းမီးလောင်မှုဖြစ်ပွားခဲ့ရာ လှေထဲတွင်အိပ်ပျော်နေသူ လူ(၃၄)ဦး သေဆုံးခဲ့ကြောင်း အမျိုးသား လုံခြုံရေး နှင့် သယ်ယူပို့ဆောင်ရေး ဘုတ်အဖွဲ့၏ ပြောကြားချက်အရသိရပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ်၏ ပြောပြချက်အရ လှေဟာ (၇၅)ပေအရှည်ရှိပြီး သင်္ဘောသား (၆)ဦးလည်း ပါဝင် နေတယ်လို့သိရပါတယ်။ ထိုသင်္ဘောသား (၆)ဦးအနက် တစ်ဦးကို ညစောင့်အဖြစ် တာဝန်ထားရှိရမှာဖြစ်သော်လည်း ညစောင့်တစ်ဦးမှမရှိပဲ အကုန်လုံးအိပ်နေတဲ့အတွက် အခုလိုမျိုး လှေပေါ်ရှိလူများအားလုံး သေဆုံးခဲ့ရတာ ဖြစ် ကြောင်း ကမ်းခြေစောင့်တပ်က ဝေဖန်သုံးသပ်ခဲ့ပါတယ်။ စက်တင်ဘာလ (၂)ရက်နေ့ကလည်း Santa Cruz ကျွန်းမှာ ယခုလိုပဲ လှေတစ်စင်း မီးလောင်ကာ နှစ်မြုပ်ခဲ့ပါတယ်။ ထိုအမှုမှာလည်း သင်္ဘောသား (၅)ဦးသာ အသက်ရှင် ကျန်ရစ် ခဲ့ပါတယ်။

Source : Reuters News

Leave a comment

Your email address will not be published. Required fields are marked *