နှစ်ခါလောက်ကြည့်ရမယ့် ပုံ ၁၅ ပုံ

တစ်ခါတစ်လေကျရင် ကိုယ့်မျက်လုံးတောင် ကိုယ်ယုံလို့မရပါဘူး။ အထူးသဖြင့် အခုလိုမျိုး လျှပ်တစ်ပြက်ရိုက်ထားတဲ့ ဓါတ်ပုံတွေမှာ သင့်မျက်စိကို သျှင်သျှင်ထားဖို့တော့ လိုပါလိမ့်မယ်။ ၁။ ရေကြည်နေလို့ အရိပ်ထင်နေတာပါ။ လေပေါ်ပျံနေတာမဟုတ်ပါဘူး။ ၂။ သွားဆရာဝန်ရုံးခန်းက မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတစ်ခုပါ။ ၃။ ဟာသ ရှုထောင့်အနေနဲ့ ကြည့်ရမှာပါ။ ခွေးက မကောင်းဆိုးဝါး တစ်ခုလို အရမ်းကိုကြီးနေပါတယ်။ ၄။ ဒေါ်နယ်ထရမ့်ရဲ့ အရိပ်မည်းတစ်ခုလား။ ဒါမဟုတ် ဖရက်ဖလင့်စတုန်းရဲ့ အရိပ်တစ်ခုလားပဲ။ ၅။ ဒီပုံကိုကြည့်မိတဲ့ အချိန်တိုင်း ကြောက်မက်ဖွယ်ရာတစ်ခုလိုဖြစ်နေတာတော့အမှန်ပဲ။ ၆။ ဒီပုံကို ကြည့်ရတာ အနည်းငယ်စိတ်သက်သာရာရမယ်ထင်တယ်။ သင်သာ ခရုကြောက်တတ်တဲ့သူကလွဲရင်ပေါ့။ ၇။ မျက်တောင်အတုကပဲ ပုံပြောင်းစေသလား။ ထင်ယောင်ထင်မှားဖြစ်စေတာလား။ ၈။ ကောင်မလေးရဲ့ ဆံပင်ပုံစံက နောက်ထပ် ခေါင်းတစ်လုံးကို ပြနေပါတယ်။ ၉။ ဒီပုံကတော့ ပဲရစ်က… Continue reading နှစ်ခါလောက်ကြည့်ရမယ့် ပုံ ၁၅ ပုံ

လူတွေ ဘာကြောင့် Facebook ကို စွဲလန်းလာကြတာလဲ

ယနေ့ခေတ်မှာ ကိုယ့်ရဲ့ ဘဝအကြောင်းတွေ၊ ခံစားချက်တွေ၊ အတွေးအမြင်တွေကို လူမှုကွန်ရက်တွေပေါ်မှာ မျှဝေလာကြတာ အတော်ကိုခေတ်စားလာပါတယ်။ ကိုယ့်ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုလည်း နေ့တိုင်း၊ နာရီတိုင်းမှာ စစ်ဆေးကြည့်ကြရင်း အချိန်ကုန်ကြရသည်အထိ စွဲလန်းမှုတွေလည်း ရှိလာကြပါတယ်။ ဒီတစ်ခါမှာတော့ ဘာကြောင့် လူမှုကွန်ရက်တွေကို စွဲလန်းလာကြတာလဲဆိုတာ တင်ပြပေးချင်ပါတယ်။ (၁) တစ်ခါတစ်ရံမှာ လူမှုကွန်ရက်တွေပေါ်မှာ တင်ထားတဲ့ပုံတွေက သူတို့ရုပ်ရည်ကို ဦးစားပေးထားတွေ များပေမယ့် တစ်ချို့ ပုံပြင်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက အခြားသူတစ်ယောက်ကို စိတ်ဓာတ်ခွန်အားပေးတာတွေလည်း ရှိပါတယ်။လူတွေရဲ့ဦးနှောက်က စိတ်ဝင်စားစရာတစ်ခုကို တွေ့ပြီဆိုရင် တက်ကြွနေတတ်ပြီး အဲ့ဒီအရာကို ရှာဖွေတတ်တဲ့အကျင့်ရှိတာကြောင့် ဒီအချက်က လူမှုကွန်ရက်တွေကို စွဲလန်းလာရတဲ့အချက်တစ်ချက်ဖြစ်နေပါတယ်။ (၂) လူမှုကွန်ရက်ပေါ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ပုံတွေကိုပဲ တင်ထားတဲ့သူတစ်ယောက်ကို သူက ကျန်းမာစွာစားသောက်နေထိုင်သူတစ်ယောက်လို့ လွယ်လွယ်သိနိုင်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ သုံးစွဲသူတွေက ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာကို… Continue reading လူတွေ ဘာကြောင့် Facebook ကို စွဲလန်းလာကြတာလဲ

သင်မသိသေးသော Tom နှင့် Jerry ၏ အချက်များ

Tom and Jerry လို့ဆိုလိုက်တာနဲ့ မသိတဲ့လူရှားပါတယ်။ ငယ်ရွယ်စဉ်ကလေးဘဝကတည်း ဒီကာတွန်းတွေနဲ့ကြီးပြင်လာခဲ့ရမှာပါ။ ဒါပေမယ့် သူတို့အကြောင်း သင်မသိနိုင်သေးတာတွေကို ယခုဖော်ပြပေးသွားပါမယ်။ သင်မသိသေးသော Tom နှင့် Jerry ၏ အချက်များ အစက Tom and Jerry လို့မဟုတ်ဘဲ Tom နာမည်က Jasper ၊ Jerry နာမည်က Jinx ဖြစ်ပါတယ်။ ဒီနာမည်ကို ကာတွန်းရေးဆွဲသူတစ်ဦးမှာ စဉ်းစားပေးခဲ့ခြင်းဖြစ်ပြီး ထိုအတွက် ဒေါ်လာ(၅၀)ဆုချီးမြင့်ခံရပါတယ်။ ဒီကာတွန်းဇာတ်လမ်းတွဲဟာ အော်စကာဆု (၇)ကြိမ် စာရင်းဝင်ခဲ့ဖူးပါတယ်။ ၁၉၄၀ခုနှစ်မှ စတင်ပြသခဲ့ခြင်းဖြစ်ပြီး ၁၁၄ပိုင်းထုတ်လွင့်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ အချစ်ဆုံးသူငယ်ချင်း (BFF) တွေအဖြစ် စတင်ဖြစ်လာခဲ့ပါသေးတယ်။ မကြာခဏ ဝေဖန်ခြင်းခံရပါတယ်။ ကာတွန်းထဲမှ ကြမ်းတမ်းသောအပြုအမှုများကြောင့်ပင်ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ပထမဆုံး… Continue reading သင်မသိသေးသော Tom နှင့် Jerry ၏ အချက်များ

၂၀၁၆ခုနှစ် မြန်မာ MMA ဖယ်သာဝိတ်ချန်ပီယံ ဖိုးသော် ရဲ့ ပရဟိတစိတ်ဓါတ်

ဒီကနေ့ မြန်မာ့လက်ဝှေ့လောကမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေ ဆက်တိုက်ရပြီး ထင်ပေါ်ကျော်ကြားလာတဲ့ လက်ဝှေ့သမားကိုပြောပါဆိုရင် ဖိုးသော်လို့ပဲ အားလုံးက ပြောကြပါလိမ့်မယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ ဥပဓိရုပ်ကောင်းလှတဲ့ ဖိုးသော်တစ်ယောက် မင်းသားမလုပ်ဘဲ ကြိုးဝိုင်းထဲရောက်သွားတာကိုလည်း တစ်ချို့က တအံ့တသြ ပြောဆိုသံတွေကြားရပါတယ်။ မြန်မာတို့ရဲ့ အားမာန်တွေ ၊ဂုဏ်ဒြဗ်တွေနဲ့ ပြည့်နေတဲ့ မြို့ရွှေမန္တလာမှာ မွေးဖွားခဲ့တဲ့ ဖိုးသော်တစ်ယောက် စင်ပေါ်ရောက်တာနဲ့ မြန်မာဟေ့လို့ ဂုဏ်ယူကြွေးကြော်နိုင်ခဲ့တာတွေကလည်း မြန်မာပရိတ်သတ်တွေအတွက် အားတက်စရာ၊အားပေးချင်စရာတွေဖြစ်ခဲ့သလို ပရိတ်သတ်ရဲ့ ရင်ထဲက ခင်မင်ချင်တဲ့ မေတ္တာကို လည်းရရှိခဲ့ပါတယ်။ အချိန်တိုအတွင်း သူအခုလိုအောင်မြင်လာတာဟာ သူ့ရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ သူ့ကိုမဖြစ်နိုင်ဘူးလို့ဝေဖန်မှုတွေကို အံတုပြီးဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ စိတ်ဓါတ်ခိုင်မာမှုနဲ့ သူဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရ လူမှုပြောဆိုဆက်ဆံရေးကျွမ်းကျင်လိမ္မာမှု၊ လိုရာကိုကြိုတင်တွေးတောကြံစည်ပြီး ဉာဏ်သုံးတတ်တဲ့ သူ့ရဲ့အားသာချက်တွေကြောင့် ဆိုတာကို သူ မီဒီယာတွေနဲ့တွေ့တိုင်း ပြောခဲ့တာတွေကို နားဆင်ကြည့်ရင်သိနိုင်ပါတယ်။ ပြိုင်ဖက်နဲ့တွေ့လေတိုင်း… Continue reading ၂၀၁၆ခုနှစ် မြန်မာ MMA ဖယ်သာဝိတ်ချန်ပီယံ ဖိုးသော် ရဲ့ ပရဟိတစိတ်ဓါတ်

အရေးပေါ်အသက်ကယ်နိုင်ဖို့ တာမွေမှ မုဒိတာ အောက်စီဂျင် အလှူတော်

အသက်တစ်ရာ မနေကြရပေမယ့် အမှုတစ်ရာပွေရတဲ့လောကကြီးမှာ အသက်ရေးနဲ့ပတ်သက်လာတဲ့ ဒုက္ခက အင်မတန်မှကြီးလွန်းလှပါတယ်။ ဆေးရုံပေါ်မှာ အရေးပေါ်အသက်လုရတဲ့ အခြေအနေမျိုးကို ကြုံဖူးကြသူတိုင်းသိကြမယ်ထင်ပါတယ်။ ချက်ချင်းသွေးသွင်းရမယ်ဆိုလို့ သွေးရှာရတဲ့ဒုက္ခ၊ ချက်ချင်း အသက်ရှူရခက်ခဲလာလို့ အရေးပေါ်အောက်စီဂျင်ပေးရမယ်ဟေ့ ဆိုတဲ့အခါ အောက်စီဂျင်ဗူးတွေ ချက်ချင်းဘယ်ကရနိုင်မလဲ၊ ဘယ်မှာသွားရှာရမလဲလို့ ခေါင်းခဲတဲ့ကိစ္စ၊ ရနိုင်တဲ့နေရာမှာလည်း လိုအပ်တဲ့ လူနာတွေကထပ်နေတော့ မလုံမလောက်မပြည့်မစုံနဲ့ ဒုက္ခ အဖုံဖုံကြုံရတဲ့ အဖြစ်တွေကတော့ ဒီနိုင်ငံသားတွေအတွက် ရတက်မအေးစရာတွေဖြစ်နေဆဲပါပဲ။ အဲ့လိုအခက်အခဲတွေနဲ့ သောကတွေပြေပျောက်စေဖို့ တစ်တပ်တစ်အားကြိုးစားလှူဒါန်းနေကြတဲ့ အဖွဲ့တစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊အရှေ့မြင်းပြိုင်ကွင်းလမ်းနဲ့(၁၆၆)လမ်းဒေါင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနံဘေးမှာတည်ရှိတဲ့ မုဒိတာ အောက်စီဂျင်(လေ) အလှူတော်အဖွဲ့ပဲဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးကို ၂၀၁၅ ခုနှစ် မေလ(၂၆)ရက်နေ့မှာ အောက်ပါရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့ကြပါတယ်။ (က) လူမျိုး၊ဘာသာ၊အသက်အရွယ်မရွေး ရောဂါဝေဒနာခံစားရပြီး အသက်ရှူရခက်ခဲသည့်ဘေးဒုကမှ သက်သာကင်းလွတ်ခွင့်ရရှိစေရန်။ (ခ) ဘဝ၏နောက်ဆုံးချိန်တွင် ညင်ညင်သာသာဖြင့် ဘဝကူးကောင်းစေရန်။ (ဂ) ဆင်းရဲချမ်းသာမရွေး… Continue reading အရေးပေါ်အသက်ကယ်နိုင်ဖို့ တာမွေမှ မုဒိတာ အောက်စီဂျင် အလှူတော်

သင့်စမတ်ဖုန်းက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို ကျစေတယ်ဆိုတာ သိပါသလား

သင့်ကို သင် စာကြည့်တိုက် မှာ သော့ပိတ်ထားပြီး ဖုန်ထူထူ စာအုပ်ပုံ တွေကြား နဲ့ ဒါမှမဟုတ် အပြင်မှာဘဲ စာလုပ်ချင်တဲ့ သူနဲ့ သင့်ရဲ့ ဘွဲ့ ကိစ္စ အတွက် စာတမ်းလုပ်နေတယ်ဆိုပါဆို့။ ကံမကောင်းစွာနဲ့ ပဲ ကြီးမား တဲ့ အနှောင့် အယှက် တစ်ခု ကို သင် မရှင်းထုတ်နိုင်ပါဘူး။ အဲ့ဒါကတော့ သင့် ရဲ့ ဖုန်းပါ။ စက်ပိတ်ထားတယ်ဆိုရင်တောင် သင့်ကို နှောင့်ယှက်နေဦး မှာဖြစ်ပြီး ပြတင်းပေါက်ကနေ လွှင့် ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ နောက်အကြံ တစ်ခုကတော့ သင့်ရဲ့ ဖုန်းကို အိမ်မှာ ထား ခဲ့ပါ။ ချီကာဂိုက တက္ကသိုလ်တစ်ခုက လေ့လာမှုတွေအပြီး အကြံပြုထားတာကတော့ သင့် ဖုန်းကို သင်နဲ့ အနီး… Continue reading သင့်စမတ်ဖုန်းက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို ကျစေတယ်ဆိုတာ သိပါသလား

လှူဒါန်းမှုကို လက်ကမ်းကြိုနေတဲ့ တန်ဖိုးသင့်နေ့လည်စာပရဟိတအဖွဲ့

လူရယ်လို့ဖြစ်လာရတဲ့ ဘဝမှာ သုခဆိုတာထက် ဒုက္ခဆင်းရဲနဲ့သာ နဘန်းလုံးနေရတာဟာ လောကလူသားတွေအတွက် အမှန်တရားတစ်ခုပါပဲ။ မအိုချင်ပေမယ့် အိုလာကြရသလို မနာချင်ပဲနဲ့လည်း နာနေကြရတာ လူ့ဘဝပါပဲ။ နာတယ်ဆိုတဲ့ လူသားတွေထဲမှာမှ ဆေးဝါးကုသမှုတောင် ကောင်းစွာမခံစားရတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာက ဘယ်လောက်တောင်ဆိုးလိုက်လေမလဲ။ တစ်နေ့တစ်နေ့ တောင်ဆူဒန်တို့၊ဆီးရီးယားတို့ကလာတဲ့သတင်းတွေဖတ်ပြီး လောကကြီးလူဖြစ်လာရတာ တကယ့်ဒုက္ခသစ္စာဆိုတာ အမှန်ပါလားလို့ ပိုထင်ရှားသိလာရပါတယ်။ နာလာပြီဆိုရင် ချမ်းသာကြွယ်ဝပြီး စနစ်ကောင်းတဲ့နိုင်ငံသားတွေကတော့ သိပ်ပြီးပူပင်စရာမရှိပေမယ့် ဆင်းရဲတဲ့ နိုင်ငံသားတွေရဲ့ ဒုက္ခကတော့ ရင်နာစရာတွေများလွန်းလှပါတယ်။ ဆေးဝါးမပြည့်စုံ၊ဆေးပညာရှင်မလုံလောက်၊ဝန်ဆောင်မှုဆိုတာဗလာနတ္ထိနဲ့ နာရတဲ့လူနာမှာ ရင်နာစရာတွေကများလှပါတယ်။ ကျွန်တော်တို့နိုင်ငံဟာလည်း အခုမှ ဆင်းရဲတွင်းကလွတ်ဖို့ ကြိုးစားရုန်းကန်လာတဲ့ အချိန်မို့ နိုင်ငံဆင်းရဲသလို ပြည်သူအများစုကလည်းဆင်းရဲတယ်ဆိုတာေ ပြောစရာတောင်မလိုပါဘူး။ ဒါကြောင့် ပြည်သူအများစုအတွက် ကျန်းမာရေးဝန်ဆောင်မှုကတော့ လိုအပ်ချက်တွေများစွာရှိနေပါသေးတယ်။ ဒီလိုလိုအပ်ချက်တွေကို အစိုးရတစ်ခုတည်း အားကိုးနေမယ့်အစား ငွေကြေးပြည့်စုံပြီး စေတနာကောင်းတဲ့ပြည်သူတွေကလည်း ဘဝတူ လောကလူသားတွေအတွက် ပါဝင်ပူးပေါင်းနေကြတာကိုလည်း… Continue reading လှူဒါန်းမှုကို လက်ကမ်းကြိုနေတဲ့ တန်ဖိုးသင့်နေ့လည်စာပရဟိတအဖွဲ့

သင် သိထားရမယ့် ကျောက်စိမ်းအကြောင်း

အားလုံးသိထားကြတာကတော့ ကျောက်စိမ်းဆိုတာ အစိမ်းရောင်အစင်းရှိတဲ့ ကျောက်ကို ကျောက်စိမ်းလို့သိထားကြပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းလို့ခေါ်တဲ့ ကျောက်မျက်မှာ အစိမ်းရောင်အပြင် တခြားသော အရောင်တွေလဲရှိပါသေးတယ်။ အာရှဒေသမှာဆိုရင် ကျောက်စိမ်းကို အထွဋ်အမြတ်ရတနာအနေနဲ့ အဓိက သုံးတဲ့ နိုင်ငံကို ပြပါဆိုရင် တရုတ်နိုင်ငံလို့ပြောရမှာပါ။ ရှေးဘုရင်လက်ထက်အဆက်ဆက်ထဲက အမိန့်အာဏာကို ကိုယ်စားပြုတဲ့ တံဆိပ်တုံးတွေကအစ ကျောက်စိမ်းနဲ့ပြုလုပ်တာ ဖြစ်ပြီး အစီအရင်လက်ဖွဲ့အနေနဲ့လည်း အသုံးပြုကြပါသေးတယ်။ တရုတ်ရိုးရာရဲ့ အယူအဆအရ ကျောက်စိမ်းကို ဆောင်ထားရင် မကောင်းတဲ့ အတတ်ပညာနဲ့ပြုစားလို့မရဘူး၊ ယောက်ျားလေးတွေဆိုရင် မျက်နှာပွင့်လန်းတယ်၊ အခုခေတ် စကားပြောအရဆိုရင်တော့ စော်ကြည်တာပေါ့ဗျာ။ 😛 စာရေးသူဆို ကျောက်စိမ်းဆောင်လို့လားမသိဘူး စော်ကြည်လွန်းလို့ ခါချနေရတယ်။ ဒါက ကြားဖြတ်ကြေငြာတာ။ 😛 နောက်တစ်ခုက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မကောင်းတဲ့ ဓာတ်တွေ၊ အပူအအေးမမျှတမှုတွေကို ကျောက်စိမ်းကုထုံးနဲ့လည်း ကုသလို့ရပါသေးတယ်။ ကျောက်စိမ်းရဲ့ အသုံးပြုပုံတွေတော့သိပြီ၊… Continue reading သင် သိထားရမယ့် ကျောက်စိမ်းအကြောင်း

တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ အဖြူအစိမ်းတွေ လှုပ်လှုပ်ရွရွ မြင်လာရသလို ရင်သွေးရတနာတို့ရဲ့ အနာဂတ်အတွက် မျှော်မှန်းချက်ကြီးစွာထားတတ်ကြတဲ့မိဘတွေရဲ့ ရင်ကိုလည်း မှန်းဝင်ကြည့်မိပါရဲ့။ သားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာ၊ စစ်ဗိုလ်ကြီးလုပ်မှာ ၊ သမီးကတော့ ဆရာဝန်မကြီးလုပ်မှာ အားလုံးကတော့ အတွေးကိုယ်စီနဲ့ပါပဲ။ စာသင်ခန်းတွေဝင်ကြမယ်။ စာကို မနေမနား ကြိုးစားကြမယ်။ ဒီကာလအတွင်း ကလေးတွေရဲ့ ဗီဇနဲ့ဝါသနာပါတဲ့ အရာတွေကိုတောင် မိဘတွေက ခွင့်မပြုချင်ကြဘူး။ ကျောင်းဆိုတာလည်း အမှတ်များဖို့၊ စာမေးပွဲကောင်းကောင်းအောင်ဖို့နဲ့ အောင်ချက်ကောင်းဖို့ကလွဲရင် ဘာကိုမှတန်ဖိုးမထား။ ဆရာတွေဆိုတာကလည်း စာသင်ခန်းထဲရောက်ရင် ငါဆရာ၊ ငါပြောတာသာ မင်းတို့နားထောင်ရမယ်၊ ငါ့ကိုဘာမှဇောဒကမတက်နဲ့ဆိုတဲ့ မပြောင်းလဲတဲ့ အတွေးဟောင်းတွေနဲ့ စာသင်ခန်းကို စိုးမိုးနေရာယူထားတတ်ကြပါတယ်။ ဒီတော့ ကလေးတွေမှာ စာကျက်၊စာလုပ်၊ကျူရှင်၊ဒါတွေကလွဲပြီး ဘာမှ မလုပ်နိုင်တဲ့ ဘာင်ထဲမှာပဲကြီးပြင်းကြရတော့တာပေါ့။ အချိန်တန်ရင် ဉာဏ်ထက်တဲ့ ကလေးတွေက ဆရာဝန် အင်ဂျင်နီယာတွေဖြစ်မယ်။… Continue reading တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

၂၀၁၇ မှာ ဘာတွေဖြစ်မလဲဆိုတာကို UK မှ စိတ်တန်ခိုးရှင် စာရေးဆရာ Craig Hamilton Parker မှ ဟောလိုက်ပြီ

မကြာခင် ၂၀၁၆ နှစ်ဟောင်းကို လက်ပြနှုတ်ဆက်ပြီး ၂၀၁၇ ကို လက်ကမ်းကြိုဆိုကြရတော့မှာဖြစ်ပါတယ်။ ထုံးစံအတိုင်းပါပဲ၊ လာမယ့်နှစ်သစ်ကာလမှာ ကမ္ဘာတစ်ဝန်းဘာတွေဖြစ်လာမလဲဆိုတာကိုတော့ လူတိုင်းစိတ်ဝင်စားကြပါတယ်။  UK က စိတ်တန်ခိုးရှင် စာရေးဆရာ Craig Hamlton Parker ကတော့ ၂၀၁၇ ခုနှစ်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာတွေကို ဟောကိန်းထုတ်လိုက်ပါပြီ။ ၁။ ၂၀၁၇ နွေရာသီမှာ ဥရောပမှာ ရေလွှမ်းမိုးပြီး အမေရိကန်တွင် မိုးခေါင်ခြောက်သွေ့ပါလိမ့်မယ်။ ၂။ UK ပါလီမန်အတွင်းမှာ ပစ်ခတ်မှု ကြီးဖြစ်ပွားလိမ့်မယ်။ ၃။ ဥဇဘတ်ကစ်စတန်မှာ အကြမ်းဖက် တော်လှန်မှုကနေ အာဖကန်နစ်စတန်သို့ စစ်ပွဲသစ် ကူးစက် ဖြစ်ပွားလိမ့်မယ်။ ၄။ ရေခဲအတွင်းအေးခဲပြီးတွေ့ရတဲ့ ရှေးခေတ် ရေဘဝဲကြီးက သတင်းတစ်ခုဖြစ်လာလိမ့်မယ်။ ၅။ အိုက်စလန်မှာ မီးတောင်ပေါက်ကွဲမှုကြောင့် အဆိပ်ငွေ့တွေ နော်ဝေးနိုင်ငံပေါ်မှာလွှမ်းလိမ့်မယ်။ ၆။ ဂြိုလ်တုကွန်ပျူတာကွန်ရက်စနစ်ကို… Continue reading ၂၀၁၇ မှာ ဘာတွေဖြစ်မလဲဆိုတာကို UK မှ စိတ်တန်ခိုးရှင် စာရေးဆရာ Craig Hamilton Parker မှ ဟောလိုက်ပြီ