နှလုံးလှသူတို့ရဲ့ ကမ်းလက်ကို လှမ်းဆက်ကြိုနေတဲ့ တောင်ကုတ်မြို့က မဟော်သဓာ ပညာ့ဥယျာဉ်

HART TO HEART အစီအစဉ်ရဲ့ ပထမဆုံးပွဲဦးထွက် မိတ်ဆက် တင်ပြပေးသွားမှာကတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က မဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်ပါတယ်။ ဒီကျောင်းကို ထူးချွန်ပေမဲ့ ပညာဆက်သင်ဖို့အခက်အခဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက မျိုးဆက်သစ် လူငယ်တွေကို အခမဲ့ပညာသင်ကြားပေးဖို့ ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်မှာ တိပိဋကဓရ ရမ္မာဝတီဆရာတော် အပါအဝင် နှလုံးလှအလှူရှင်တစ်စုက စတင်ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းအတွက် လိုအပ်တဲ့ မြေ ၅ ဧကကို တောင်ကုတ်မြို့က နေလသစ္စာ ကုမ္ပဏီပိုင်ရှင် ဦးကျောက်တောင်၊ လဝန်းရတနာကုမ္ပဏီပိုင်ရှင် ဒေါ်လှလှရီနဲ့ ရန်ကုန်မြို့နေ ဦးထွန်းမောင်တို့က စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။ ကျောင်းအဆောက်အဦးအတွက် သိန်း ၈၀၀၀ တန် RC (၂၇၀×၄၂ ) သုံးထပ်ဆောင်ကို ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးစိုးထွန်းရှိန်က ကုသိုလ်ပါဝင်လှူဒါန်းပြီး… Continue reading နှလုံးလှသူတို့ရဲ့ ကမ်းလက်ကို လှမ်းဆက်ကြိုနေတဲ့ တောင်ကုတ်မြို့က မဟော်သဓာ ပညာ့ဥယျာဉ်

နှလုံးလှသူ အချင်းချင်း ထံသို့ အပြန်အလှန်ကူညီဆက်သွယ်ပေးမည့် ဆန်းသစ်မြန်မာ ရဲ့ HEART TO HEART အစီစဉ်

ဆန်းသစ်မြန်မာ အွန်လိုင်းမီဒီယာစာမျက်နှာကို ၂၀၁၆ ခုနှစ် နိုဝင်္ဘာလ(၁) ရက်နေ့တွင် စတင်ခဲ့ရာ ယခုအခါ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ယခုအချိန်ထိ တစိုက်မတ်မတ် အားပေးခဲ့ကြသည့် မိတ်ဆွေပေါင်း ၃ သိန်းနီးပါးကို ဆန်းသစ်မြန်မာမိသားစုက အထူး ကျေးဇူးတင်ပါသည်။ မကြာခင်နှစ်ကာလတွင် ဆန်းသစ်မြန်မာ ပရိ တ် သတ်ပေါင်း သန်းချီရှိလာမည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့များပြားလာသည့် ပရိတ်သတ်များအတွက် ပညာ ရေး၊ကျန်းမာရေး စသည့် လူမှုရေးအကူအညီများကို မျှဝေလိုသည့် စေတနာမွန်ဖြင့် ဆန်းသစ်မြန်မာမှ HEART TO HEART ခေါင်းစဉ်ဖြင့် နိုင်ငံအတွင်းရှိ လူမှုပရဟိတ လုပ်ကိုင်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် ရဟန်း ပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်တို့ အကြောင်းကို ရှာဖွေစုဆောင်းပြီး ရေးသားဖေါ်ပြပေး သွားမည်ဖြစ်ပါသည်။ မြန်မာအပါအဝင် ကမ္ဘာအရပ်ရပ်ရှိ ဆန်းသစ်မြန်မာကို နေ့စဉ်ဖတ်ရှုအားပေးနေကြသည့် ပရိတ်သတ်များအတွက် နိုင်ငံတစ်ဝန်းရှိ… Continue reading နှလုံးလှသူ အချင်းချင်း ထံသို့ အပြန်အလှန်ကူညီဆက်သွယ်ပေးမည့် ဆန်းသစ်မြန်မာ ရဲ့ HEART TO HEART အစီစဉ်