Youtube နဲ့ ကလေးသူငယ်များ အန္တရာယ်။

ဒီနေ့ခေတ်မှာ သီချင်းနားထောင်ရင်ဖြစ်ဖြစ်၊ ရသဗဟုသုတများကို ရှာမှီးချင်ရင်ဖြစ်ဖြစ် Youtube ကို အားကိုးရပါတယ်။ Youtube တစ်ခွင်မှာ ညစ်ညမ်း ဗီဒီရိုတွေကြည့်လို့မရနိုင်ပေမယ့် ကလေးတွေကို​ လမ်းမှားရောက်စေတဲ့ ဗီဒီရိုတွေရှိပါတယ်။ Entertainment အရ Youtubers တွေက လူကြားထဲမှာ ပြောင်နောက်တဲ့ video မျိုးတွေ၊ လက်တွေ့စမ်းသပ်တဲ့ သက်စွန့်ဆံဖျား stunts အကွက် videos တွေကို ကလေးသူငယ်တွေကြည့်တဲ့အခါ စမ်းသပ်လုပ်ဆောင်ချင်ကြပါတယ်။ နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ကြုံရတတ်ပါတယ်။ အခုဆို Youtubers တွေက အသက်အရွယ်ကန့်သတ်ချက်မရှိပဲ လေးနှစ်သားကလေးတောင် Youtuber ဖြစ်နိုင်ပါတယ်။ Tydus လို့အမည်ရတဲ့ လေးနှစ်သားကလေးက အရုပ်တွေကိုကစားပြပြီး youtube မှာ videos တွေတင်တဲ့အခါ သူနဲ့ရွယ်တူကလေးတွေနဲ့ အမေတွေက videos တွေကိုကြည့်ပြီး အားပေးကြပါတယ်။ အရုပ်… Continue reading Youtube နဲ့ ကလေးသူငယ်များ အန္တရာယ်။

သင့်အလုပ်စားပွဲက ဘယ်လိုပုံစံဖြစ်သင့်လဲ။

လှုပ်လှုပ်ရှားရှားနဲ့ အလုပ်လုပ်တဲ့လူတွေအတွက် တစ်နေ့တာက ဘာမှမသိပေမယ့် ကွန်ပျူတာနဲ့ တစ်နေကုန်အလုပ်လုပ်ရတဲ့လူတွေက position မှန်ဖို့အရေးကြီးပါတယ်။ တစ်ရက်ကို ၈နာရီ အလုပ်လုပ်ရတဲ့ လူတွေအတွက် အနေအထိုင် position မမှန်တဲ့အခါ ညောင်းညာကိုက်ခဲတာနဲ့ ကျီးပေါင်းတတ်တာမျိုးတွေ ခါးနာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီတော့ position မှန်မှန် ဘယ်လိုထိုင်ပြီး အလုပ်စားပွဲကို ထားသင့်လဲဆိုတာ ပြောပြပေးသွားပါမယ်။ ပထမဦးဆုံးက သင်ထိုင်တဲ့ခုံအမြင့်ဖြစ်ပါတယ်။ သင်ထိုင်တဲ့ခုံက ကြမ်းပြင်က အမြင့်၂၉ လက်မ (သို့) ၃၀ လက်မရှိသင့်ပါတယ်။ အချို့လူတွေအတွက်က ဒီအမြင့်က မြင့်တာ နိမ့်တာ ဖြစ်နိုင်ပါတယ်။ သင့်အရပ်နဲ့ ချိန်ပြီး ခုံကို adjust လုပ်ပါ။ သင့်ရဲ့ တံတောင်ဆစ်အနေအထားက 90 ဒီဂရီ ဖြစ်ရပါမယ်။ ဒါမှ keyboard မှာ စာရိုက်တဲ့အခါ ပုခုံးမညောင်းမှာ… Continue reading သင့်အလုပ်စားပွဲက ဘယ်လိုပုံစံဖြစ်သင့်လဲ။

ယုံကြည်မှု အပြည့်နဲ့ လူတိုင်းကို စကားဘယ်လိုပြောနိုင်မလဲ။

လူတော်တော်များများက ကိုယ်နဲ့မရင်းနှီးတဲ့လူတွေနဲ့ စကားပြောတဲ့အခါ ကြောက်တတ်ကြတဲ့ စိတ်ရှိပါတယ်။ တစ်ခုခုမှားသွားပြီး ကိုယ့်ကို အထင်သေးသွားမှာကို ကြောက်တတ်တဲ့ စိတ်အခံရှိပါတယ်။ ဥပမာ သင်မသိတဲ့ လူတစ်စုဆီကို ရောက်သွားတဲ့အခါမျိုးမှာ ဒီလိုအဖြစ်မျိုး ကြုံတတ်ပါတယ်။ စကားပြောရမှာ ကြောက်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ ယုံကြည်မှုရဲ့ အဓိကသော့ချက်က ကိုယ်ခံယူထားတဲ့ စိတ်သဘောထားနဲ့ သတ္တိပါပဲ။ သင်မသိတဲ့ ပတ်ဝန်းကျင်တစ်ခု ရောက်သွားမယ်ဆိုရင် လူတွေနဲ့ ရင်းနှီးအောင် အရင်လုပ်ပါ။ လူတွေနဲ့ ရင်းနှီးအောင်လုပ်ဖို့ တစ်ကူးတစ်က လုပ်နေစရာမလိုပါဘူး။ နေကောင်းလား၊ စားပြီးပြီးလား နဲ့လည်း စကားကို စတင်စရာ မလိုပါဘူး။ ချီးမွမ်းစကားနဲ့ ကောင်းတဲ့အချက်လေးတွေနဲ့ စကားစတင်ပါ။ သင့်မျက်နှာကို ပြုံးထားဖို့ကိုလည်း မမေ့ပါနဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေရဲ့ စိတ်ထဲမှာ ကြည်နူးသွားပြီး အပြုံးတွေ ဝေဆာသွားမှာ ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ… Continue reading ယုံကြည်မှု အပြည့်နဲ့ လူတိုင်းကို စကားဘယ်လိုပြောနိုင်မလဲ။

ကိုယ့်ရည်မှန်းချက်ကို ပြည့်အောင် စနစ်တကျ ဘယ်လိုလုပ်ရမလဲ။

လူတိုင်းမှာ ကိုယ်ရည်ရွယ်ထားတဲ့ ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ပြည့်အောင် လုပ်နိုင်တဲ့လူက အရမ်းနည်းပါးပါတယ်။ ရည်မှန်းချက်ပြည့်အောင် လုပ်နိုင်ဖို့ဆိုတာ နေ့ချင်းညချင်း တစ်နေ့တည်းနဲ့ မဖြစ်နိုင်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုနဲ့ ကြိုးစားအားထုတ်မှုလိုပါတယ်။ ဒီထက်အရေးကြီးတာက ကိုယ့်ခံယူစိတ်က အရေးကြီးဆုံးပါပဲ။ အမေရိကန်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Stephen Duneier  က​ သူ့ရဲ့ရည်မှန်းချက်တွေကို ဘယ်လိုပြည့်အောင်လုပ်ခဲ့လဲဆိုတာ အခုလိုပြောပြခဲ့ပါတယ်။ သူ ဂျာမနီမှာနေစဉ်က နှစ်အနည်းငယ်ထိ german စကားကို လုံး၀မပြောတတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောနေခဲ့ပြီး လမ်းသွားလမ်းလာ သီချင်းနားထောင်ရင်တောင် အင်္ဂလိပ်သီချင်းပဲ နားထောင်နေလို့ဖြစ်ပါတယ်။ ဒီလိုနဲ့ German စကားပြောတတ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို စထားပါတယ်။ ဒီလိုနဲ့ လမ်းသွားလမ်းလာ အလုပ်သွားတဲ့အခါ ရထားပေါ်မှာ ဂျာမန်သီချင်းတွေ နားထောင်ပါတယ်။ မနက်စောစောထတဲ့အခါ တစ်နေ့ကို ဆယ်မိနစ်လောက် အချိန်ပေးပြီး ဂျာမန်ရေဒီယိုတွေကို နားထောင်ပါတယ်။… Continue reading ကိုယ့်ရည်မှန်းချက်ကို ပြည့်အောင် စနစ်တကျ ဘယ်လိုလုပ်ရမလဲ။

Game of Throne ထဲက Arya Stark သရုပ်ဆောင် Maisie Williams ပြောပြတဲ့ အောင်မြင်မှု အကြောင်း။

သူ့ကိုတော့ Game of Throne fans တော်တော်များများ သိမှာပါ။ သူ့ fans တွေကလည်း ကမ္ဘာတစ်ခွင်မှာ မနည်းပါဘူး။ Masie Williams ရဲ့ပုံပြင်က သာမန်မိသားစုလေး က စခဲ့ပါတယ်။ Masie Williams အသက် လေးလသားအရွယ်မှာပဲ မိဘတွေက ကွာရှင်းခဲ့ပါတယ်။ ဒါ့အပြင် Cindrealla မင်းသမီးလေးလိုပဲ Step Siblings တွေနဲ့ကြီးပြင်းလာခဲ့ပါတယ်။ ငယ်ငယ်တည်းက dancer ဖြစ်ချင်တဲ့ Masie Williams လေးက အသက်ဆယ်နှစ်မှာ Dancing School မှာ အကပညာကို သင်ကြားခဲ့ပါတယ်။ ပထမဆုံး အကပြိုင်ပွဲမှာပဲ အစိုးရထောက်ပံ့ငွေ ကျောင်းစရိတ် ၄၀% ရရှိခဲ့ပါတယ်။ ဒါပေမယ့် Masie Williams လေးက ဘယ်မှမသွားပဲ အကကျောင်း ဆက်တတ်ခဲ့ပါတယ်။… Continue reading Game of Throne ထဲက Arya Stark သရုပ်ဆောင် Maisie Williams ပြောပြတဲ့ အောင်မြင်မှု အကြောင်း။

ငလျင် လှုပ်ရင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ

ယနေ့ခေတ်မှာ မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူတွေ အတော်များများ ဒုက္ခရောက်နေ ကြရ ပါတယ်။ ဒါ့ကြာင့် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း သဘာဝဘေးအန္တရာယ်နဲ့ ရုတ်တရက်တွေ့ကြုံလာရတဲ့အခါ မိမိရဲ့ အသက်ကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အသိပညာတွေကို စာသင်ကျောင်းမှာရော အပြင်မှာပါ လေ့ကျင့်ပို့ ချပေး နေတဲ့အပြင် အင်တာနက်မှာလည်း လိုသလို ရှာဖွေပြီး ကြည့်ရှုလေ့လာနိုင်ပါတယ်။ ယနေ့ခေတ်မှာ အဖြစ်များလာ တဲ့ ငလျင်ဘေးကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ငလျင်ဟာ ဘယ်အချိန် ဘယ် နေရာမှာလှုပ်နိုင်သလဲဆိုတာကို မိုးလေဝသဌာနမှ သုတေသီများက အစဉ်မပြတ် စောင့်ကြည့်ပြီး သတိပေးမှုတွေ ပြု လုပ်နေပေမယ့် တစ်ခါတစ်ရံမှာ မမျှော်လင့်ပဲ လှုပ်သွားတဲ့အတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြာင့် င လျင်လှုပ်ခဲ့ရင် ဘာတွေလုပ်သင့်လဲဆိုတာကို ဖတ်ကြည့်ကြရအောင်။ ငလျင်လှုပ်တဲ့ အချိန်မှာ အဆောက်အဦထဲ… Continue reading ငလျင် လှုပ်ရင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ

အရက်နာကျရင် ဘာတွေလုပ်သင့်လဲ

ယနေ့ခေတ်မှာ လူတိုင်းနီးပါး အရက်သောက်လာကြပါတယ်။ လူမှုရေးအရ သောက်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုံလို့သောက်တာပဲဖြစ်ဖြစ်၊ အပျော်သဘောနဲ့သောက်တာပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့သောက်တာပဲဖြစ်ဖြစ်၊ အသဲကွဲလို့ သောက် တာပဲဖြစ်ဖြစ် သောက်တာများသွားတဲ့ အခါမှာ မနက်အိပ်ရာထရင် ခေါင်းကိုက်တာတို့၊ ကြွက်သားတွေ နာ ကျင်နေတာ တို့၊ ကတုန်ကယင်ဖြစ်နေတာတို့ စတဲ့ ဝေသနာတွေကို ခံစားရတတ်ပါတယ်။ အဲလိုခံစားရတာကို အရက်နာ ကျတယ်လို့ ခေါ်ပါတယ်။အရက်နာကျခြင်းနဲ့ ပတ်သက်ပြီး Wake Forest ဆေးဘက်ဆိုင်ရာကျောင်းမှ ဆရာဝန်ဖြစ်တဲ့ Laura Veach မှရှင်းပြထားတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်သုံးမိတဲ့ အခါမှာ ခန္ဓာကိုယ်ထဲမှ ရေဓာတ်တွေနဲ့ Vitamin A,B၊ Zinc ဓာတ်နဲ့ ပို တက်ဆီယမ်အစရှိတဲ့ ဓာတ်တွေဟာ ခမ်းခြောက်သွားတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဓာတ်တွေကို အပြည့်အဝမရရှိတော့ပါဘူး။… Continue reading အရက်နာကျရင် ဘာတွေလုပ်သင့်လဲ

နိုင်ငံကို ဆင်းရဲတွင်းထဲသို့ ကျဆင်းစေခဲ့သော အကျင့်ပျက်ခြစားမှု

အသက်ငါးဆယ်ကျော်တန်းတွေ၊ အထူးသဖြင့် ၁၉၆၁-၆၂ လောက်မှာ မွေးဖွားလာကြသူတွေအားလုံး နီးပါးလောက်ဟာ အဲဒီကာလတုန်းက တွင်တွင်ကျယ်ကျယ်မသုံးသေးတဲ့ အကျင့်ပျက်ခြစားမှုဆိုတဲ့ စကားလုံးနဲ့ သိပ်ပြီးမရင်းနှီးခဲ့ကြပေမဲ့ အောက်ဆိုဒ်ဆိုတဲ့ စကားလုံးနဲ့တော့ အတော့်ကိုရင်းနှီးခဲ့ကြလိမ့်မယ်လို့ထင်ပါတယ်။အဲဒီကာလမှာ အချင်းချင်း သတင်းမေးကြရင်တောင် မင်းအလုပ်က အောက်ဆိုဒ်ရရဲ့လားလို့ မေးတတ်ကြသလို သားသမီးတွေအလုပ်လျှောက်ရင် လည်း မိဘ အများစုက အောက်ဆိုဒ်ရတဲ့ အလုပ်မျိုးကိုမှ လျှောက်ခိုင်းတတ်ကြတယ်။ အောက်ဆိုဒ်ရမှ လူတော်ခေတ် အဲဒီကာလတုန်းက အဆက်အသွယ်အပေါင်းအသင်းကောင်း သူတွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီစပ်သူတွေသာ ဒီလို အောက်ဆိုဒ်ရတဲ့ အလုပ်မျိုးကို ရတတ်ကြတယ်။ သာမန်လူတွေအဖို့တော့ ရရာအလုပ်ဝင်လုပ်ပြီး ရုန်းကန်လှုပ်ရှားခဲ့ကြ ရတယ်။ အဲဒီကာလတုန်းက အောက်ဆိုက်မရတဲ့ သူတွေဆိုရင် လူရာမသွင်းချင်ကြဘူး။ အောက်ဆိုဒ်ရမှ လူတော် လူမော်၊ အောက်ဆိုဒ်မရတဲ့ လူတွေကို လူညံ့၊လူအလို့ ထင်တတ်ကြတယ်။ ဘယ်ရုံး ဋ္ဌာန၊ဘယ်နေရာတွေကို မဆို… Continue reading နိုင်ငံကို ဆင်းရဲတွင်းထဲသို့ ကျဆင်းစေခဲ့သော အကျင့်ပျက်ခြစားမှု

Published
Categorized as How To

ဒီနေ့အတွက် သင်ကံကောင်းအောင်လုပ်ပြီးပြီလား

လူသားတစ်ယောက်အနေနဲ့ ပထမဆုံးကံကောင်းခြင်းဆုလဒ်ဟာ လူ့ဘဝကိုရရှိလာခြင်းပဲဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမ အရ ဆိုရင် ဒီဘဝမှာ လူ့အဖြစ်ကိုရရှိပိုင်ဆိုင်နိုင်တာဟာ အတိတ်ကုသိုလ်ကံဆိုတဲ့ အတိတ်ဘဝတွေက ကောင်းသော အကြောင်းတရားတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက်ရရှိလာတဲ့ အကျိုးရလဒ်ပင်ဖြစ်ပါတယ်။ လူဖြစ်လာကတည်းက ကံကောင်းလို့ပါ လူအဖြစ်မွေးဖွားရှင်သန်ခွင့်ရပြီဖြစ်တဲ့ ကျနော်တို့တွေဟာ ကံကောင်းခြင်းနဲ့ ဒီလောကကို ရောက်ရှိလာကြ သူတွေ ဖြစ်တယ်ဆိုတာ အရင်ဆုံးသိထားဖို့လိုပါတယ်။ ဒီလောကကမ္ဘာမြေပေါ်ကို ကံကောင်းခြင်းနဲ့ ရောက်လာတဲ့ ကျနော်တို့ အနေနဲ့ ရှင်သန်လှုပ်ရှားနေရတဲ့ ဘဝတစ်လျှောက်မှာ ကံကောင်းခြင်းတွေကိုသာ ပိုမိုလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါမှ တန်ဖိုးရှိတဲ့ ဘဝပိုင်ရှင်ဖြစ်ကြပါလိမ့်မယ်။ဒါကြောင့် သင့်အတွက်ဒီနေ့ကံကောင်း အောင်လုပ်ပြီး ပြီလားလို့မေးပါရစေ။ စိတ်စေတနာ ကောင်းမှ ကံကောင်းမယ် အချိန်တိုင်းအချိန်တိုင်းမှာ ကံကောင်းနေဖို့ အချိန်တိုင်းမှာ စိတ်စေတနာ မှန်ကန် ကောင်းမွန်ဖို့ လိုပါတယ်။ ဘာ ကြောင့်လဲ။လူသားတွေအားလုံးရဲ့ ကိုယ်နဲ့ပြုလုပ်တဲ့… Continue reading ဒီနေ့အတွက် သင်ကံကောင်းအောင်လုပ်ပြီးပြီလား

Published
Categorized as How To

သင့်မှာ အပေါင်းအသင်းများပေမယ့် မိတ်ဆွေကောင်းရှိရဲ့လား

လူဆိုတာ ပေါင်းသင်းတတ်တဲ့ သတ္တဝါဖြစ်တဲ့အတွက် သိတတ်စအရွယ်ကစပြီး ပေါင်းသင်းဆက်ဆံမှုတွေကို ပြုတတ် ကြပါတယ်။ ခလေးဘ၀ ကစားဖေါ်ကစားဖက်တွေကနေ ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်လာ ကြတယ်။ ကျောင်းနေ အရွယ်လွန်မြောက်လို့ အလုပ်ခွင်တွေကို ဝင်ရောက်ကြပြန်တော့လည်း လုပ်ငန်းသဘာဝအရ ပေါင်းသင်းဆက်ဆံ ကြရတယ်။ တစ်ချို့က လူပေါင်းဆန့်တယ်လို့ချီးကျူးရလောက်တဲ့အထိ အပေါင်းအသင်းတွေများသလို တစ်ချို့ကျပြန်တော့ လူတွေနဲ့ များများစားစားမပေါင်းသင်းတတ်ဘဲ ခပ်အေးအေးပဲနေတတ်ကြပြန်ပါတယ်။ အသက်အရွယ်တွေ၊ လုပ်ငန်း သဘာဝတွေအရ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွေကျယ်ဝန်းလာတာနဲ့အမျှ သင့်မှာ အပေါင်းအသင်း တွေ ကလည်းများလာမှာမလွဲပါဘူး။ ဒီလိုများပြားလာတဲ့ အပေါင်းအသင်းတွေထဲမှာ မိတ်ဆွေကောင်း ဘယ်နှစ် ယောက် လောက်များပါပါသလဲ။ ဗုဒ္ဓကတော့ မိတ်ဆွေကောင်းရှိရင် ကိစ္စအားလုံးကို ပြီးစေတယ်လို့တောင် ဟောခဲ့ ပါတယ်။ မိတ်ဆွေကောင်းဆိုတာကို ဘယ်ပေတံနဲ့တိုင်းတာမလဲ။သင့်ရဲ့များပြားလှတဲ့ အပေါင်းအသင်းတွေထဲမှာ သင့်အပေါ် အောက် ဖေါ်ပြပါအပြုအမူ(၇)မျိုးနဲ့ဆက်ဆံတဲ့ အပေါင်းအသင်းမျိုးရှိခဲ့မယ်ဆိုရင် သူ့ကို သင့်ရဲ့ မိတ်ဆွေကောင်း… Continue reading သင့်မှာ အပေါင်းအသင်းများပေမယ့် မိတ်ဆွေကောင်းရှိရဲ့လား

Published
Categorized as How To