အိန္ဒိယတွင် E-Cigarettes ထုတ်လုပ်ရောင်းချခြင်းကို တာမြစ်လိုက်ပြီ

စက်တင်ဘာလ (၁၈)ရက် ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယအစိုးအဖွဲ့ အစည်းအဝေးပြုလုပ်ပြီးနောက် E-Cigarettes များ ထုတ် လုပ်ခြင်းနှင့် ရောင်းချခြင်းကို ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တစ်ကမ္ဘာ လုံးရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံအတော်များများဟာ ယခုနှစ်အတွင်းမှာ E-Cigarettes များကို ပိတ်ပင်တားမြစ် လာကြတာတွေ့ရပြီး နောက်ဆုံးကတော့ အိန္ဒိယပဲဖြစ်ပါတယ်။ E-Cigarettes ကို အဓိကတိုက်ဖျက်နေတာကတော့ အမေရိကန်ပဲဖြစ်ပါတယ်။ အမေရိကန်ရှိ ဆယ်ကျော်သက် က လေးများ E-Cigarettes သောက်သုံးခြင်းဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာကာ ယခုနှစ်မှာတော့ ဆယ်ကျော် သက်ကလေးပေါင်း ၅သန်းအထိ E-Cigarettes ကို သောက်သုံးလာသဖြင့် အမေရိကန်က ပြင်းပြင်းထန်ထန် တားမြစ် ရခြင်းဖြစ်ပါတယ်။ E-Cigarettes များဟာ အစပိုင်းမှာတော့ ဆေးလိပ်စွဲနေသူများကို ဆေးလိပ်ဖြတ်ဖို့ရန်အတွက်ဟု ခေါင်းစဉ်တပ်ကာ ထုတ်လုပ်ခဲ့သဖြစ် လက်ခံခဲ့ကြပါတယ်။ နောက်ပိုင်းမှာသုတေသီများ၏… Continue reading အိန္ဒိယတွင် E-Cigarettes ထုတ်လုပ်ရောင်းချခြင်းကို တာမြစ်လိုက်ပြီ

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လိင်ကျန်းမာရေး ဆက်စပ်နေကြောင်း ကျွမ်းကျင်သူများဆို

ယနေ့ခေတ်မှာ ကျန်းမာရေးလိုက်စားကြတဲ့ လူတွေအရမ်းများလာနေပါတယ်။လူတစ်ချို့က ကျန်းမာရေးအရ လေ့ကျင့် ခန်းလုပ်နေကြသလို အလှအပနဲ့ ခန္ဓာကိုယ်ကိုပြုပြင်ပြောင်းလဲဖို့အတွက် လေ့ကျင့်ခန်းလုပ်နေကြတဲ့လူတွေလဲ ရှိပါ တယ်။ ဘယ်လိုရည်ရွယ်ချက်ကြောင့်ပဲ လေ့ကျင့်ခန်းတွေ လုပ်လုပ် လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကိုယ်ရောစိတ်ပါ ကျန်း မာရေးအတွက် အရမ်းအထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် လူသားအားလုံးအတွက် အရေးပါတဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူပြုပါတယ်။ အနောက်မြောက်ဆေးဘက်ဆိုင်ရာစင်တာNorthwestern Medicine Center for Sexual Medicineရှိ လိင်ပိုင်း ဆိုင်ရာ ဆေးပညာဌာနမှ ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့Dr.Lauren Streicher က ကျန်းမာနေတဲ့ ဘယ်အမျိုးသမီး၊ အမျိုးသားမဆို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းပြီးသားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်စုံ တစ် ခုသော နာမကျန်းဖြစ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ တုတ်ပြန်မှု အား ကို အနည်းနဲ့… Continue reading လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လိင်ကျန်းမာရေး ဆက်စပ်နေကြောင်း ကျွမ်းကျင်သူများဆို

သွေးအမျိုးအစားအလိုက် ရောဂါဖြစ်နိုင်ခြေ ကိုတွေ့ရှိ

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသွေးအမျိုးအစားကိုလိုက်ပြီးတော့ ရောဂါဖြစ်နိုင်ခြေရှိကြောင်းကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သုတေသီများ၏ ပြောပြချက်အရ သွေးအမျိုးအစား တစ်မျိုးနဲ့တစ်မျိုးမှာ ပါဝင်တဲ့မော်လီကျူး တွေဟာ မတူညီကြတဲ့အတွက် ဖြစ်နိုင်တဲ့ ရောဂါပိုးများဟာလည်း မတူညီကြပါဘူး။ သွေးအမျိုးအစား အလိုက် ဖြစ်ပွားနိုင် တဲ့ ရောဂါပိုးမွှားများကတော့- A ၊ ​B နှင့် AB သွေးအမျိုးအစား ဖြစ်နိုင်သည့်ရောဂါ – နုလုံးရောဂါ BMC ဆေးဌာန၏ ထုတ်ပြန်ချက်အရ O သွေးမဟုတ်တဲ့ သွေးအမျိုးအစားပိုင်ရှင်များဟာ နုလုံးနဲ့ ပတ်သက်တဲ့ ရော ဂါများကို ခံစားရနိုင်ပါတယ်။ သူတို့ရဲ့ သွေးများဟာ နုလုံးနေရာမှာ အလွယ်တကူ သွေးခဲခြင်းကိုဖြစ်ပွားစေနိုင်ပါတယ် ထို ဖြစ်စဉ်ကိုတော့ Von Willebrand factor နှင့် factor VIII လို့ခေါ်ပါတယ်။… Continue reading သွေးအမျိုးအစားအလိုက် ရောဂါဖြစ်နိုင်ခြေ ကိုတွေ့ရှိ

Sony ရဲ့ အဲကွန်း အင်္ကျီ။

Air con ကို နံရံမှာ တပ်ထားစရာမလိုပဲ ကိုယ်မှာလည်း ဝတ်ဆင်နိုင်မာယ့် အဲကွန်းတစ်မျိုးကို Sony က မိတ်ဆက်လိုက်ပါတယ်။ လက်ရှိမှာတော့ production မလုပ်ရသေးပေမယ့် sony ရဲ့ crowdfunding website ထဲမှာ ရေပန်းစားနေပါတယ်။ စျေးနှုန်းအနေနဲ့က​ ဂျပန်ငွေ ၁၂၇၆၀ ယမ်း ငွေကျသင့်မှာ ဖြစ်ပြီး အမေရိကန်ငွေကြေးအနေနဲ့ ၁၁၇ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အေးတဲ့ဒေသတွေနဲ့ အရမ်းအပူချိန်များတဲ့ ဒေသတွေမှာ သုံးဖို့ရည်ရွယ်ချက်နဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အပူချိန်ကိုထိန်းဖို့အတွက် ph ထဲမှာ ရှိတဲ့ app နဲ့ ထိန်းညှိနိုင်ပါတယ်။ ဒီ wearable AC နာမည်က Reon Pocket လို့နာမည်ရပါတယ်။ အားအပြည့်သွင်းထားမယ်ဆိုရင် ၂၄နာရီ ခံပြီး… Continue reading Sony ရဲ့ အဲကွန်း အင်္ကျီ။

Facial Recognition ရဲ့ အဓိက ပြဿနာများ။

Facial Recognition ကို ဒီနေ့ခေတ် smartphone တော်တော်များများမှာ တွေ့နိုင်ပါတယ်။ Security and Payment system တွေမှာ Finger Print ကို အသုံးမပြုကြတော့ပဲ facial recognition တွေကို အသုံးပြုလာကြပါတယ်။ Facial Recognition system တွေကို ရဲတွေပါ အသုံးပြုလာတဲ့အခါမှာတော့ ပြဿနာတွေ ရင်ဆိုင်လာရပါတယ်။ မကြာသေးမီ လအနည်းငယ်က San Francisco မှာ ရဲတွေကို Facial Recognition အသုံးပြုမှုကို တားမြစ်လိုက်ပါတယ်။ San Francisco က ကမ္ဘာမှာ နည်းပညာထွန်းကားတဲ့ မြို့တစ်မြို့ဖြစ်ပြီး Facial Recognition ကိုတောင် တားဆီးပိတ်ပင်လိုက်ရပါတယ်။ Facial Recognition ဆိုတာ A.I နည်းပညာပေါ်အခြေခံပြီး တည်ဆောက်ထားတဲ့ system… Continue reading Facial Recognition ရဲ့ အဓိက ပြဿနာများ။

Podcasts ဆိုတာဘာလဲ။

“Podcast” စာလုံးကို Apple users တော်တော်များများ ရင်းနှီးဖူးကြမှာပါ။ အထူးသဖြင့် iPhones နဲ့ iPods အသုံးပြုသူတွေ ရင်းနှီးဖူးသားစကားလုံး ဖြစ်ပါတယ်။ Podcast ဆိုတာက ဒီနေ့ ခေတ်ပေါ်ရေဒီယို ဖြစ်ပါတယ်။ Online Radio လို့လည်းခေါ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ခန့်က​ အစီအစဉ်တစ်ခုကို နားထောင်ချင်ရင် ရေဒီယိုကို နားထောင်ရပါတယ်။ ရေဒီယိုကတစ်ဆင့် ကိုယ်နားထောင်ချင်တဲ့ အစီအစဉ်နဲ့ ကြိုက်တဲ့သီချင်းတွေကို အချိန်တစ်ခုစောင့်ပြီး နားထောင်ခဲ့ရပါတယ်။ Internet ခေတ်ရောက်လာတဲ့အခါမှာတော့ ကိုယ်ပိုင် creation လုပ်နိုင်တဲ့လူတွေက ကိုယ်ပိုင်စိတ်ကြိုက် ကမ္ဘာတစ်ခု ဖန်တီးလာနိုင်ပြီး ကိုယ့်ပရိတ်သတ်နဲ့ကိုယ် ကမ္ဘာတစ်ခု တည်ဆောက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် facebook မှာမြင်နေရတဲ့ Game Live Streamer, Vloggers, Bloggers နဲ့ အခြား… Continue reading Podcasts ဆိုတာဘာလဲ။

မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

သိပ္ပံရုပ်ရှင်တော်တော်များများမှာ စက်ရုပ်တွေ ကမ္ဘာကြီးကို အုပ်စိုးတာမျိုး၊ လူတွေက စက်ရုပ်လို စွမ်းဆောင်နိုင်အောင် လုပ်လာတာမျိုးတွေကို ရုပ်ရှင်တော်တော်များများမှာ တွေ့ဖူးကြပါလိမ့်မယ်။ လူရဲ့ ကျောရိုး (spinal cord) ကို ခွဲစိတ်မှုအသေးစားလုပ်ပြီး chipset လေးထည့်လိုက်တာနဲ့ စက်ရုပ်တွေလို စွမ်းဆောင်နိုင်တဲ့ လူသားတွေကို ရုပ်ရှင်မှာ လူတိုင်းတွေ့ဖူးကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က​ Elon Musk က ဒီလိုလုပ်နိုင်တဲ့ chipset ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီသတင်းက​ လူတော်တော်များများကို အံ့အားသင့်သွားစေပါတယ်။ တစ်ကယ်တမ်းဒီလို ဖြစ်လာပြီလားဆိုတဲ့ မေးခွန်းတော်တော်များများက မီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒီ chipset ထုတ်တဲ့ company နာမည်က Neuralink ဖြစ်ပြီး Elon Musk ရဲ့ company အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ company… Continue reading မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

နှစ်လေးဆယ်တိုင်ခဲ့ပြီဖြစ်တဲ့ sony ရဲ့ Walkman

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်က သီချင်းနားထောင်တဲ့အခါ တိပ်ခွေတွေကို ထည့်ပြီး နားထောင်ခဲ့ရပါတယ်။ ၁၉၇၉ ခုနှစ် ဇူလိုင်လ တစ်ရက်နေ့မှာ Sony က ပထမဦးဆုံး Walkman TPS-L2 ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာမှာ ပထမဦးဆုံး အလွယ်တကူ သယ်ယူသွားနိုင်တဲ့ music player တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ အဲ့အချိန်က Boombox နဲ့ အခြား ရေဒီယိုစက်တွေရှိနေပေမယ့် Walkman က ပထမဦးဆုံး  ကိုယ်ပိုင် သီချင်းတွေကို သွားလေရာမှာ စိတ်ကြိုက် နားဆင်နိုင်တဲ့ music player တစ်ခု ဖြစ်ခဲ့ပါတယ်။ တိပ်ခွေခေတ်အကုန်မှာတော့ CD တွေခေတ်ပေါ်လာပါတယ်။ Walkman က CD ခေတ်အချိန်ထိ အောင်မြင်လာခဲ့ပါတယ်။ 80s born တော်တော်များများကတော့ Walkman ကို ကောင်းကောင်းမှီကြပါတယ်။ ၂၀၀၁… Continue reading နှစ်လေးဆယ်တိုင်ခဲ့ပြီဖြစ်တဲ့ sony ရဲ့ Walkman

Youtube နဲ့ ကလေးသူငယ်များ အန္တရာယ်။

ဒီနေ့ခေတ်မှာ သီချင်းနားထောင်ရင်ဖြစ်ဖြစ်၊ ရသဗဟုသုတများကို ရှာမှီးချင်ရင်ဖြစ်ဖြစ် Youtube ကို အားကိုးရပါတယ်။ Youtube တစ်ခွင်မှာ ညစ်ညမ်း ဗီဒီရိုတွေကြည့်လို့မရနိုင်ပေမယ့် ကလေးတွေကို​ လမ်းမှားရောက်စေတဲ့ ဗီဒီရိုတွေရှိပါတယ်။ Entertainment အရ Youtubers တွေက လူကြားထဲမှာ ပြောင်နောက်တဲ့ video မျိုးတွေ၊ လက်တွေ့စမ်းသပ်တဲ့ သက်စွန့်ဆံဖျား stunts အကွက် videos တွေကို ကလေးသူငယ်တွေကြည့်တဲ့အခါ စမ်းသပ်လုပ်ဆောင်ချင်ကြပါတယ်။ နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ကြုံရတတ်ပါတယ်။ အခုဆို Youtubers တွေက အသက်အရွယ်ကန့်သတ်ချက်မရှိပဲ လေးနှစ်သားကလေးတောင် Youtuber ဖြစ်နိုင်ပါတယ်။ Tydus လို့အမည်ရတဲ့ လေးနှစ်သားကလေးက အရုပ်တွေကိုကစားပြပြီး youtube မှာ videos တွေတင်တဲ့အခါ သူနဲ့ရွယ်တူကလေးတွေနဲ့ အမေတွေက videos တွေကိုကြည့်ပြီး အားပေးကြပါတယ်။ အရုပ်… Continue reading Youtube နဲ့ ကလေးသူငယ်များ အန္တရာယ်။

အနာဂတ် Electric Motorcycle ပုံစံ မိတ်ဆက်လိုက်တဲ့ BMW

BMW ကားတွေကို လူအများသိကြပေမယ့် BMW က ထုတ်တဲ့ ဆိုင်ကယ်တွေကို လူသိနည်းကြပါတယ်။ BMW က ဆိုင်ကယ်ကြီးတွေကိုသာထုတ်ပြီး စျေးနှုန်းကလည်း သာမန်ကားတစ်စီးစာလောက် စျေးရှိတာကြောင့် ဝယ်စီးတဲ့လူ နည်းပါးပါတယ်။ အင်ဂျင်ကားနဲ့ဆိုင်ကယ်တွေခေတ်က မကြာခင်ကုန်တော့မှာ ဖြစ်ပြီး လျှပ်စစ်ကားနဲ့ ဆိုင်ကယ်တွေကို သိပ်မကြာတော့တဲ့အနာဂတ်မှာ လူအများ အသုံးပြုကြတော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်ကားနဲ့ဆိုင်ကယ်တွေက မီးခိုးမထွက်တဲ့အပြင် အင်ဂျင်ကားနဲ့ဆိုင်ကယ်တွေရဲ့ အမြန်နှုန်းအတိုင်း သွားလာနိုင်ပါတယ်။ ပြင်ဆင်စရိတ်လည်းနည်းပြီး သဘာ၀ပတ်ဝန်းကျင်ကို မထိခိုက်တာကြောင့် အများပြည်သူအတွက် အထူးသင့်တော်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က ​Harley Davidson ကလည်း လျှပ်စစ်ဆိုင်ကယ်ကို ပွဲထုတ်ခဲ့ပြီး bikers တွေရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့ပါတယ်။ BMW ကလည်း အားကျမခံ လျှပ်စစ်ဆိုင်ကယ် ပုံစံကို မိတ်ဆက်ခဲ့ပါတယ်။ အရင်ဆိုင်ကယ်ကြီးတွေရဲ့ အလယ်မှာ အင်ဂျင်တုံးပါပြီး BMW… Continue reading အနာဂတ် Electric Motorcycle ပုံစံ မိတ်ဆက်လိုက်တဲ့ BMW