မြေပေါ်မြေအောက် ရေသယံဇာတတွေကို အများဆုံး အသုံးပြုနေတဲ့ အသီးအနှံများ

ယနေ့ခေတ် ကမ္ဘာမြေကြီးဟာ တစ်နေ့တစ်ခြား ပူလာပြီး ရာသီဥတုတွေဟာလည်း အမျိုးမျိုး ပြောင်းလဲလာနေပါတယ်။ ထို့အပြင် မြေပေါ်မြေအောက် သယံဇာတတွေဟာလည်း တစ်နေ့တခြား နည်းပါးလာတာ လူတိုင်းသိကြပါတယ်။ ရာသီဥတု သာယာဖို့အတွက် အပင်တွေစိုက်ရမယ်ဆိုတာမှန်ပေမယ့် အချို့သောအပင်များဟာ ရှင်သန်ဖို့ရန်အတွက် ရေကို များ စွာလိုအပ်ပါတယ်။ ၎င်းအပင်များမှာ ကျွန်တော်တို့ စားသုံးနေတဲ့ သီးပင်စားပင်တွေလည်း ပါဝင်နေပါတယ်။ စီးပွား ရေးလုပ်ငန်းရှင်များဟာ သီးပင်စားပင်တွေကို ရောင်းချရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြတဲ့ အခါမှာ မြေပေါ်မြေ အောက် ရေများကို အသုံးပြုလာကြပါတယ်။ ဒါ့ကြောင့် မြေအောက်ရေများ ခမ်းခြောက်လာပြီး သဲကန္တာရတွေ များပြား လာရပါ တယ်။ ရေကို သာမန်ထက်များစွာအသုံးပြုနေရတဲ့ အသီးနှံတွေကတော့- ဗာဒမ်းသီး တစ်ကမ္ဘာလုံးရဲ့ ၈၀%သော ဗာဒမ်းသီးတွေဟာ ကယ်လီဖိုးနီးယားမှထွက်ရှိနေပါတယ်။ ကယ်လီဖိုးနီးယား တစ်ခု တည်းမှာ တစ်နှစ်တာအတွင်း… Continue reading မြေပေါ်မြေအောက် ရေသယံဇာတတွေကို အများဆုံး အသုံးပြုနေတဲ့ အသီးအနှံများ

အသင့်သောက်ကော်ဖီမှုန့်အကြောင်း သင်ဘယ်လောက်သိပါသလဲ

ကော်ဖီစစ်စစ်တစ်ခွက်ကို မြန်မာငွေ ၃၀၀၀ လောက် သုံးပြီးပေးသောက်နေရတဲ့ အချိန်မှာ အသင့်သော က်ကော်ဖီမှုန့် တွေက အကောင်းဆုံး ကော်ဖီတစ်ခွက်ကိုမဖန်တီးပေးနိုင်ဘူးဆိုတာ သင်နားလည်မှာပါ။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကော်တီဆုန်းဓာတ်  ပမာဏမျှတမှုရှိဖို့အတွက် ကဖင်းဓာတ်တိုး မြင့်ပေးဖို့ လိုလာတဲ့အခါမှာတော့ အသင့် သော က်ကော်ဖီက သင့် အသက်ကို ကယ်နိုင်တယ်ဆိုတာတော့ လူအများသိဖို့ မလွယ်ပါဘူး။ အဲ့ဒီ ကော်ဖီမှုန့်တွေဟာ ကော် ဖီစေ့လို အနံ့အရသာကိုမပေးစွမ်းနိုင်ပေမဲ့ဈေးနှုန်းသက်သာပြီး အလွယ်တကူ သောက်သုံးနိုင်တာ ကြောင့်လူကြိုက် များ လှပါတယ်။ ကော်ဖီတစ်ခွက် ရရှိဖို့ လိုအပ်တဲ့အရာတွေကတော့ ကော်ဖီတစ်ခွက်ထက် မကပိုတဲ့ ရေနွေးပူပူ၊Cream ဒါမှမဟုတ် နို့မှုန့်နဲ့ သကြားတို့ပဲလိုအပ်ပါတယ်။ အသင့်သောက်ကော်ဖီမှုန့်တွေကိုသောက်ဖို့ အပြင် တခြားသောနေ ရာတွေမှာပါ  ထည့်ပြီးအသုံးပြုလို့ရတယ်ဆိုတာသင်သိပါရဲ့လား။မသိသေးဘူးဆိုရင်တော့ ကော်ဖီချစ်သူတွေအတွက် ပြောပြပေးချင်ပါ တယ်။… Continue reading အသင့်သောက်ကော်ဖီမှုန့်အကြောင်း သင်ဘယ်လောက်သိပါသလဲ

Published
Categorized as Food

နှလုံးသွေးကြောမပိတ်အောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ မီးဖိုချောင်ထဲက ပစ္စည်း၂ မျိုးကို သင်သိပါသလား

သွေးတိုးနဲ့ နှလုံးရောဂါလို့ ပြောလိုက်ရင် ၂၁ရာစု ဆေးပညာလောကမှာ တိတ်တဆိတ် လူသတ်ရောဂါလို့တောင် တင် စားခေါ်ကြတာ လူတိုင်းနီးပါးကြားဖူးကြမယ်ထင်ပါတယ်။ လက်သီးတဆုပ်စာသာရှိတဲ့ နှလုံးသားဟာ လူသားတွေ အ သက်ရှင်ရပ်တည်ရေးအတွက် မိခင်ဝမ်းတွင်းမှာကတည်းက စက္ကန့်မလပ်လှုပ်ရှားနေတာ နောက်ဆုံး ကွယ်လွန် ချိန်အထိပဲဆိုပါတော့။ ဒီလိုမရပ်မနားအလုပ်လုပ်တဲ့ နှလုံးဟာ ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ဆဲလ်တွေ အလုပ်လုပ် နိုင်ဖို့ အတွက် အသက်ရည်နဲ့တူတဲ့ သွေးကို အထောက်အပံ့ပေးနေတာ ဖြစ်ပါတယ်။ ဒီ သွေးတွေကို သွေးလွှတ် ကြော မကြီးကနေတဆင့် ဆံရှည်မျှင် သွေးကြောတွေအထိ ရောက်ဖို့အတွက် ညှစ်တွန်းအားတစ်ခုကို သုံးရပါတယ်။ ငယ်ရွယ်စဉ်မှာ သွေးကြောတွေက သန့်ရှင်းပြီး လမ်းကြောင်းရှင်းနေတဲ့အခါ နှလုံးကပင်ပင်ပန်းပန်းမညှစ်ရပေမယ့် စားသုံးနေထိုင်ပုံတွေကြောင့် အသက်အရွယ်ရလာတဲ့အခါ သွေးကြောနံရံတွေမှာ မကောင်းတဲ့ အဆီတွေပိတ်ဆို့လာပြီး သွေးလမ်းကြောင်းတွေကို ပိတ်ဆို့ လာတဲ့အတွက် ခန္ဓာကိုယ်တစ်လျှောက်သွေးရောက်ဖို့အရေး… Continue reading နှလုံးသွေးကြောမပိတ်အောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ မီးဖိုချောင်ထဲက ပစ္စည်း၂ မျိုးကို သင်သိပါသလား

Published
Categorized as Food

နွားနို့ နေ့စဉ်သောက်မယ်ဆိုရင် ဒါတွေကို သိထားပါ

နွားနို့ လို့ အသံကြားလိုက်တာနဲ့ လူအများစုက ကျန်းမာရေးနဲ့ ကယ်လဆီယမ်ဆိုတာကို ပြေးမြင်မိ ကြမှာ မလွဲပါဘူး။ သုတေသန တွေ့ရှိချက်တွေကတဆင့် နွားနို့ဟာ ကယ်လဆီယမ်ကြွယ်ဝတာကြောင့် အရိုးနဲ့သွား ကျန်းမာရေးကို အ ထောက်အကူပြုတာကို အစဉ်အလာသိရှိနားလည်ခဲ့ကြပါတယ်။ တစ်ချို့င်ငံတွေဆိုရင် ကျောင်းနေအရွယ်ကလေးတွေ ကြီး ထွားဖို့အတွက် နွားနို့ပုံမှန်တိုက်တာတွေကို လေ့လာတွေ့ရှိရပါတယ်။ နွားနို့ဟာ အထက်မှာတင်ပြခဲ့သလို ကျန်းမာ ရေးအတွက် အထောက်အကူပေးနိုင်ပေမယ့် နေ့စဉ်သောက်သုံးမယ်ဆိုရင်တော့ သင်ဒါတွေကို သိထားဖို့ လိုပါတယ်။ ကောင်းကျိုးဘာတွေရနိုင်မလဲ (၁) ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးနိုင်တယ်။ ဟုတ်ပါတယ်။သွေးထဲက ဗီတာမင်ဒီဟာ အဆီကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်လျော့ကျမှုနဲ့ ဆက်နွယ်နေ တယ် လို့ သုတေသနတွေက ဆိုပါတယ်။နွားနို့မှာပါတဲ့ ကယ်လဆီယမ်ကြောင့် သွေးထဲမှာ ဗီတာမင်ဒီပါဝင်မှု မြင့်တက်လာ နိုင်တဲ့ အတွက် ကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်လို့ ၂၀၁၀မှာတွေ့ရှိတဲ့… Continue reading နွားနို့ နေ့စဉ်သောက်မယ်ဆိုရင် ဒါတွေကို သိထားပါ

Published
Categorized as Food

ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ မီးဖိုချောင်ထဲမှာရှိတယ်ဆိုတာ သင်သတိထားမိရဲ့လား

အွန်လိုင်း မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေကို တွင်တွင်သုံးလာကြတဲ့ ခေတ်ကြီးမှာ ကျန်းမာရေးအတွက် ဗဟုသုတ ရစရာတွေ၊လိုက်နာကျင့်သုံးစရာတွေကလည်း ဖတ်မကုန် နိုင်လောက်အောင်များနေလို့ ရွေးရခက်နေပါသလား။ တိုးတက် လာ နေ တယ်လို့ ပြောကြတဲ့ ခေတ်ကြီးထဲမှာ လူတွေရောဂါဆန်းတွေ၊အရွယ်နဲ့ ရောဂါမမျှတာတွေ တိုးပွားလာနေ တယ်ဆိုတာတွေကြောင့် သင့်ကျန်းမာရေးအတွက် စိုးရိမ်သောကရောက်နေပါသလား။ ကျန်းမာရေး အတွက် လုံခြုံစိတ် ချရမှုဆိုတာမရှိသလောက်ဖြစ်နေတဲ့ သင့် ပတ်ဝန်းကျင်မှာ သင့်ကျန်းမာရေးကို အကာအကွယ်ပေးနိုင်မယ့် အစား အသောက်မျိုးကိုရှာဖွေနေပါသလား။သင်ရှာဖွေလိုက်တိုင်း တန်းဖိုးကြီးအစားအစာတွေ၊ဒီနိုင်ငံမှာ ရှားပါးတဲ့ ဆော် လမွန်ငါးတွေလိုမျိုး အစားအစာတွေကိုပဲ ညွှန်းနေကြလို့ သင်စိတ်တိုင်းမကျဖြစ်နေပါသလား။တကယ်တော့ သင့်ကျန်းမာ ရေးအတွက် သင့်မီးဖိုချောင်ထဲမှာပဲ အကောင်းဆုံးအစာတစ်ခုရှိတယ်ဆိုတာ သင်သတိမပြုမိလို့ ဖြစ်ပါလိမ့်မယ်။ အမှ န်ပါပဲ။ သင့်မီးဖိုချောင်ထဲမှာ နေ့စဉ်အသုံးပြုချက်ပြုတ်နေတဲ့ ကြက်သွန်ဖြူဟာ သင့်ကျန်းမာရေး အတွက် အကောင်းဆုံးတွေထဲက အကောင်းဆုံးပါပဲမိတ်ဆွေ။… Continue reading ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ မီးဖိုချောင်ထဲမှာရှိတယ်ဆိုတာ သင်သတိထားမိရဲ့လား

Published
Categorized as Food

ကမ္ဘာမြေပေါ်က ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ (၁၀)မျိုး

အစာလည်းဆေး၊ဆေးလည်းအစာဆိုတဲ့ စကားက နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေဟာ ကျန်းမာရေးအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို ရည်ညွှန်းတဲ့ စကားဖြစ်ပါတယ်။ခေတ်မီဆေးဝါးတွေမပေါ်ခင်ကတည်းက လူတွေ ဟာ သဘာဝအစားအသောက်တွေနဲ့ပဲ ရောဂါတွေကို ကာကွယ်ကုသခဲ့ကြပါတယ်။ ခေတ်မီဆေးဝါးတွေ ဘယ် လောက် ကောင်းပေမဲ့ သဘာတရားကိုတော့ ဘယ်တော့မှ အန်တုလို့မရနိုင်ပါဘူး။ ဒါကြောင့် တစ်သက်တာ ကျန်းမာရေး အတွက် ဒီကမ္ဘာမြေပေါ်က အကောင်းဆုံး သဘာဝအစားအစာ (၁၀) မျိုးကို ဖေါ်ပြပေးလိုက်ပါတယ်။ (၁) သံပုရာသီး၊ေရွာက္သီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီကို ဖြည့်ပေးနိုင်တယ်။ သံပုရာသီးမှာပါဝင်တဲ့ စီထရစ် ဖလေဗွန်နစ်ဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုဟန့်တားပေးနိုင်ပါတယ်။ (၂) ပန်းဂေါ်ဖီစိမ်း ပန်းဂေါ်ဖီစိမ်းတစ်ခက်မှာ သင့်အရိုးတည်ဆောက်မှုအတွက် အရေးပါတဲ့ဗီတာမင် K ရာနှုန်းပြည့်ပါဝင်တဲ့ အပြင် ဗီတာ မင်စီကလည်း၂၀၀%အထိပါဝင်ပါတယ်။ (၃) အနက်ရောင်ချောကလက် နေ့စဉ် တစ်အောင်စရဲ့ လေးပုံတစ်ပုံသာ… Continue reading ကမ္ဘာမြေပေါ်က ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ (၁၀)မျိုး

Published
Categorized as Food

အသက် ၅၀ ကျော် အမျိုးသားတွေ စားရမယ့် အစာ(၁၀)မျိုး

ဘယ်သူမဆို ဆေးရုံဆေးခန်းနဲ့ ဝေးချင်ကြတာပါပဲ။ ဒါပေမဲ့ အရွယ်ရလာရင်တော့ ဝေးဖို့ ခက်လာပါတယ်။ အမျိုးသားတွေအတွက်တော့ အသက် ၅၀ ကျော်လာရင် သွေးတိုး၊နှလုံး၊ဆီးချိုနဲ့ ဆီးကျိတ်ကြီးတာတွေ ဖြစ်တတ်ကြ ပါတယ်။ ဒီရောဂါတွေဖြစ်လာတာဟာ လူတွေရဲ့ အစားအသောက်အနေအထိုင်တွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်အသက် ရလာရင် ဒီလိုရောဂါတွေမဖြစ်ပွားရအောင် အစားအသောက်တွေကို ဂရုတစိုက်စားသောက်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် အသက် ၅၀ ကျော်အမျိုးသားတွေအတွက် ဒီနိုင်ငံမှာ ရနိုင်တဲ့ အစားအစာ (၁၀)မျိုးကို ရွေးထုတ်ဖေါ်ပြပေး လိုက်ပါတယ်။အဲဒါတွေကတော့၊ (၁) အာလူး လိုင်ကိုပင်းပါတဲ့အတွက်ဆီးကျိတ်ဖြစ်နိုင်ချေကို၂၀%လျှော့ချပေးနိုင်ပါတယ်။ (၂) ကန်စွန်းဥ ဘီတာကယ်ရိုတိန်းနဲ့ပိုတက်ဆီယမ်ကြွယ်ဝပါတယ်။ (၃) ထောပတ်သီး ထောပတ်သီးမှာပါဝင်တဲ့ သတ္တုဓါတ်တွေက ၅၀ ကျော်တွေအတွက်အထူးသင့်တော်ပါတယ်။ (၄) ပန်းဂေါ်ဖီစိမ်း ပန်းဂေါ်ဖီစိမ်းမှာပါဝင်တဲ့ အာဟာရဓါတ်တွေကသဲခြေအိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ (၅) ဥအမျိုးမျိုး အသက်ရလာရင် ကြွက်သားတွေလျော့ရဲလာတတ်ပါတယ်။… Continue reading အသက် ၅၀ ကျော် အမျိုးသားတွေ စားရမယ့် အစာ(၁၀)မျိုး

Published
Categorized as Food

နွေရာသီမှာ မဖြစ်မနေစားရမယ့် ခရမ်းချဉ်သီးသုပ်

ခရမ်းချဉ်သီးက ရပ်ကွက်ဈေးတွေထဲမှာ ရာသီမရွေးဝယ်လို့ရနိုင်တဲ့ အပေါဆုံးအသီးအနှံတစ်ခု ဖြစ်ပါ တယ်။ ရာသီ အလိုက်တစ်ပိသာကို ၅၀၀ ကျပ်အထိရှိတတ်ပါတယ်။ မြန်မာတွေက ခရမ်းသီးကို ဘဲဥ၊ကြက်ဥ၊ငါး စတာတွေနဲ့ ရော ချက်စားတတ်ကြသလို အသုပ်အနေနဲ့လည်း စားတတ်ကြပါသေးတယ်။ လ္ဘက်သုပ်ပြီဆိုရင်တော့ မပါမပြီးပေါ့။ ခရမ်း ချဉ်သီးဟာ ရာသီမရွေးရနိုင်ပေမယ့် အခုလို ပူပြင်းတဲ့ နွေကာလကတော့ မဖြစ်မနေစားသုံးရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးသုပ်တစ်ခွက် သုပ်တော့မယ်ဆိုရင် ကြက်သွန်နီ၊ငရုတ်သီးစိမ်း၊ဂေါ်ဖီရွက်အနည်း ငယ်၊ မီးကင်ထားတဲ့ စိမ်းစား မျှင်ငပိအနည်းငယ်၊နံနံကြိုက်ရင်နံနံပင်အနည်းငယ်နဲ့ ဆားအနည်းငယ် ဆိုရင်ရပါပြီ။ ခရမ်းချဉ်သီးက အော်ဂဲ နစ်ဆိုရင် တော့ အတိုင်းထက်အလွန်ပေါ့။ အော်ဂဲနစ်မဟုတ် ရင်တော့ ဓါတုမြေသြဇာတွေပါနိုင်တာမို့ ရေစင်အောင်ဆေးပြီး ဓါးနဲ့ မထူမပါးနွှာလိုက်ပါ။ဂေါ်ဖီရွက် သုံးပုံတစ်ပုံလောက်နဲ့ ကြက်သွန်နီ အနေတော်လောက်ကို ဓါးနဲ့ပါးပါးလှီးပါ။ ငရုတ်သီး စိမ်းနဲ့… Continue reading နွေရာသီမှာ မဖြစ်မနေစားရမယ့် ခရမ်းချဉ်သီးသုပ်

ရပ်ကွက် ဈေးထဲက၂၀၀ ကျပ်တန် အံ့ဖွယ် အစားအစာ

သင့် ရပ်ကွက်ဈေးထဲကို တစ်ပတ်လောက် ပတ်လိုက်မယ်ဆိုရင် သင့်အတွက် သိပ်မထူးဆန်းသလို သိပ်လည်း တန်ဖိုး မထားတဲ့ အရွက်စိမ်း အစည်းလေးတွေကို အလွယ်တကူ တွေ့နိုင်ပါတယ်။ ဘယ်လောက်လဲလို့ ဈေးမေးလိုက်ရင် ဈေး သည်ကလည်း ခပ်ပေါ့ပေါ့နဲ့ပဲ ၂၀၀ ပါလို့ပြန်ဖြေပါလိမ့်မယ်။ အမှန်ပါပဲ။ သူတို့ ၂၀၀ နဲ့ ရောင်းနေတာဟာ ဒီ ကမ္ဘာမြေပေါ်မှာ အင်မတန် အံ့သြစရာကောင်းတဲ့ အပင်ဆိုတာ ရောင်းသူရောဝယ်သူပါ တကယ်မသိကြပါဘူး။ တစ်ပင်လုံး အရွက်၊အသီး၊အစေ့ကအစ ဘက်စုံအသုံးဝင်ပြီး လူတွေရဲ့ ကျန်းမာရေးအတွက် အကျိုးများလှတဲ့ အပင်ဖြစ် ပါတယ်။ ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေမှာဆိုရင် ကလေးတွေအာဟာရပြည့်ဝဖို့အတွက် ဘီ စကစ်တွေအဖြစ်ထုတ်လုပ်ပြီး စားသုံးကြတယ်။ တခြားစားစရာတွေနဲ့ ရောပြီးဟင်းချက်စားကြတယ်။ တစ်ကမ္ဘာလုံး စိုက်ပျိုးလို့ရတဲ့နိုင်ငံတွေမှာ ခေတ်မီနည်းပညာတွေနဲ့ စိုက်ပျိုးထုတ်လုပ်ပြီး ကျန်းမာရေး ဖြည့်စွက် အာဟာရအဖြစ်… Continue reading ရပ်ကွက် ဈေးထဲက၂၀၀ ကျပ်တန် အံ့ဖွယ် အစားအစာ

ငရုတ်သီးစိမ်းစားခြင်းရဲ့ ကောင်းကျိုးများ

Capsaicin လို့ခေါ်တဲ့ အပူအစပ် အရသာဓာတ်ပါဝင်တဲ့ ငရုတ်သီးစိမ်းကို အများစုကတော့ ကြောက်ကြပါတယ်။ ဒါပေမယ့် ကြိုက်တဲ့လူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ နေ့စဉ်ချက်ပြုတ်နေတဲ့ ဟင်းလျာ အများစုမှာ ငရုတ်သီးစိမ်းကို ထည့်ပြီးချက်ကြပါတယ်။ ဘာလို့လည်းဆိုတော့ ငရုတ်သီးစိမ်းဟာ ခံတွင်းတွေ့စေသည့်အပြင် အစာခြေစနစ်ကိုပါ အထောက်အကူပြုတဲ့ အသီးအနှံတစ်မျိုးဖြစ်လို့ပါ။ ငရုတ်သီးစိမ်းစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး ကောင်းကျိုးများထဲမှ အဓိကကျသော အကျိုး ၄မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အရေပြားကျန်းမာရေး ကောင်းစေခြင်း ငရုတ်သီးစိမ်းမှာ Vitamin C ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အရေပြားရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး အသားအရေကို ဝင်းပစေပါတယ်။ (၂) အစာခြေစနစ်ကို ကောင်းစေခြင်း ငရုတ်စိမ်းမှာ ပါဝင်တဲ့ Vitamin C ဟာ အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်များကို ကူညီပေးပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါမှာ ငရုတ်သီးစိမ်း… Continue reading ငရုတ်သီးစိမ်းစားခြင်းရဲ့ ကောင်းကျိုးများ