အိန္ဒိယတွင် E-Cigarettes ထုတ်လုပ်ရောင်းချခြင်းကို တာမြစ်လိုက်ပြီ

စက်တင်ဘာလ (၁၈)ရက် ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယအစိုးအဖွဲ့ အစည်းအဝေးပြုလုပ်ပြီးနောက် E-Cigarettes များ ထုတ် လုပ်ခြင်းနှင့် ရောင်းချခြင်းကို ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တစ်ကမ္ဘာ လုံးရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံအတော်များများဟာ ယခုနှစ်အတွင်းမှာ E-Cigarettes များကို ပိတ်ပင်တားမြစ် လာကြတာတွေ့ရပြီး နောက်ဆုံးကတော့ အိန္ဒိယပဲဖြစ်ပါတယ်။ E-Cigarettes ကို အဓိကတိုက်ဖျက်နေတာကတော့ အမေရိကန်ပဲဖြစ်ပါတယ်။ အမေရိကန်ရှိ ဆယ်ကျော်သက် က လေးများ E-Cigarettes သောက်သုံးခြင်းဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာကာ ယခုနှစ်မှာတော့ ဆယ်ကျော် သက်ကလေးပေါင်း ၅သန်းအထိ E-Cigarettes ကို သောက်သုံးလာသဖြင့် အမေရိကန်က ပြင်းပြင်းထန်ထန် တားမြစ် ရခြင်းဖြစ်ပါတယ်။ E-Cigarettes များဟာ အစပိုင်းမှာတော့ ဆေးလိပ်စွဲနေသူများကို ဆေးလိပ်ဖြတ်ဖို့ရန်အတွက်ဟု ခေါင်းစဉ်တပ်ကာ ထုတ်လုပ်ခဲ့သဖြစ် လက်ခံခဲ့ကြပါတယ်။ နောက်ပိုင်းမှာသုတေသီများ၏… Continue reading အိန္ဒိယတွင် E-Cigarettes ထုတ်လုပ်ရောင်းချခြင်းကို တာမြစ်လိုက်ပြီ

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လိင်ကျန်းမာရေး ဆက်စပ်နေကြောင်း ကျွမ်းကျင်သူများဆို

ယနေ့ခေတ်မှာ ကျန်းမာရေးလိုက်စားကြတဲ့ လူတွေအရမ်းများလာနေပါတယ်။လူတစ်ချို့က ကျန်းမာရေးအရ လေ့ကျင့် ခန်းလုပ်နေကြသလို အလှအပနဲ့ ခန္ဓာကိုယ်ကိုပြုပြင်ပြောင်းလဲဖို့အတွက် လေ့ကျင့်ခန်းလုပ်နေကြတဲ့လူတွေလဲ ရှိပါ တယ်။ ဘယ်လိုရည်ရွယ်ချက်ကြောင့်ပဲ လေ့ကျင့်ခန်းတွေ လုပ်လုပ် လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကိုယ်ရောစိတ်ပါ ကျန်း မာရေးအတွက် အရမ်းအထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် လူသားအားလုံးအတွက် အရေးပါတဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူပြုပါတယ်။ အနောက်မြောက်ဆေးဘက်ဆိုင်ရာစင်တာNorthwestern Medicine Center for Sexual Medicineရှိ လိင်ပိုင်း ဆိုင်ရာ ဆေးပညာဌာနမှ ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့Dr.Lauren Streicher က ကျန်းမာနေတဲ့ ဘယ်အမျိုးသမီး၊ အမျိုးသားမဆို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းပြီးသားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်စုံ တစ် ခုသော နာမကျန်းဖြစ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ တုတ်ပြန်မှု အား ကို အနည်းနဲ့… Continue reading လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လိင်ကျန်းမာရေး ဆက်စပ်နေကြောင်း ကျွမ်းကျင်သူများဆို

သွေးအမျိုးအစားအလိုက် ရောဂါဖြစ်နိုင်ခြေ ကိုတွေ့ရှိ

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသွေးအမျိုးအစားကိုလိုက်ပြီးတော့ ရောဂါဖြစ်နိုင်ခြေရှိကြောင်းကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သုတေသီများ၏ ပြောပြချက်အရ သွေးအမျိုးအစား တစ်မျိုးနဲ့တစ်မျိုးမှာ ပါဝင်တဲ့မော်လီကျူး တွေဟာ မတူညီကြတဲ့အတွက် ဖြစ်နိုင်တဲ့ ရောဂါပိုးများဟာလည်း မတူညီကြပါဘူး။ သွေးအမျိုးအစား အလိုက် ဖြစ်ပွားနိုင် တဲ့ ရောဂါပိုးမွှားများကတော့- A ၊ ​B နှင့် AB သွေးအမျိုးအစား ဖြစ်နိုင်သည့်ရောဂါ – နုလုံးရောဂါ BMC ဆေးဌာန၏ ထုတ်ပြန်ချက်အရ O သွေးမဟုတ်တဲ့ သွေးအမျိုးအစားပိုင်ရှင်များဟာ နုလုံးနဲ့ ပတ်သက်တဲ့ ရော ဂါများကို ခံစားရနိုင်ပါတယ်။ သူတို့ရဲ့ သွေးများဟာ နုလုံးနေရာမှာ အလွယ်တကူ သွေးခဲခြင်းကိုဖြစ်ပွားစေနိုင်ပါတယ် ထို ဖြစ်စဉ်ကိုတော့ Von Willebrand factor နှင့် factor VIII လို့ခေါ်ပါတယ်။… Continue reading သွေးအမျိုးအစားအလိုက် ရောဂါဖြစ်နိုင်ခြေ ကိုတွေ့ရှိ

Sony ရဲ့ အဲကွန်း အင်္ကျီ။

Air con ကို နံရံမှာ တပ်ထားစရာမလိုပဲ ကိုယ်မှာလည်း ဝတ်ဆင်နိုင်မာယ့် အဲကွန်းတစ်မျိုးကို Sony က မိတ်ဆက်လိုက်ပါတယ်။ လက်ရှိမှာတော့ production မလုပ်ရသေးပေမယ့် sony ရဲ့ crowdfunding website ထဲမှာ ရေပန်းစားနေပါတယ်။ စျေးနှုန်းအနေနဲ့က​ ဂျပန်ငွေ ၁၂၇၆၀ ယမ်း ငွေကျသင့်မှာ ဖြစ်ပြီး အမေရိကန်ငွေကြေးအနေနဲ့ ၁၁၇ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အေးတဲ့ဒေသတွေနဲ့ အရမ်းအပူချိန်များတဲ့ ဒေသတွေမှာ သုံးဖို့ရည်ရွယ်ချက်နဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အပူချိန်ကိုထိန်းဖို့အတွက် ph ထဲမှာ ရှိတဲ့ app နဲ့ ထိန်းညှိနိုင်ပါတယ်။ ဒီ wearable AC နာမည်က Reon Pocket လို့နာမည်ရပါတယ်။ အားအပြည့်သွင်းထားမယ်ဆိုရင် ၂၄နာရီ ခံပြီး… Continue reading Sony ရဲ့ အဲကွန်း အင်္ကျီ။

Nissan car company မှ အင်ဂျင်နီယာတစ်ယောက်က ဂျပန်နိုင်ငံက လယ်သမားတွေကို ကူညီပေးမယ့် ဘဲစက်ရုပ်တီထွင်။

ပိုးသတ်ဆေး မပေါ်ခင်က အာရှတစ်ခွင်မှာ လယ်သမားတွေက လယ်ယာစိုက်ပျိုးရေးလုပ်တဲ့အခါမှာ ဘဲတွေကို အသုံးပြုခဲ့ပါတယ်။ ဘဲတွေက စပါးခင်းက ပိုးကောင်တွေနဲ့ ကောက်ပဲသီးနှံတွေကို ဒုက္ခပေးတဲ့ အင်းဆက်ကောင်တွေကို စားတာကြောင့် လူတွေက ဘဲတွေကို အသုံးပြုကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ပိုးသတ်ဆေးတွေ အများပြားပေါ်လာပြီး လူတွေကိုပါ အန္တရာယ်ဖြစ်စေတာကြောင့် ဘဲတွေအသုံးပြုတဲ့နေရာမှာ စက်ရုပ်တွေကို အစားထိုးလာပါတယ်။ ဂျပန်နိုင်ငံက နာမည်ကြီး  car company ဖြစ်တဲ့ Nissan မှာ လုပ်တဲ့ အင်ဂျင်နီယာတစ်ယောက်က ဘဲစက်ရုပ်ကို ထွတီထွင်လိုက်ပါတယ်။ ဒီဘဲစက်ရုပ်ကို Aigamo လို့လည်း အမည်ပေးထားပါတယ်။ Aigamo ဘဲစက်ရုပ်လေးကို wifi, GPS, မော်တာနှစ်လုံး, battery နဲ့ ဘဲခြေထောက်ပုံစံ ဒလက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီစက်ရုပ်လေးက ရေလွှမ်းနေတဲ့ စပါးခင်းမှာ သွားလာနိုင်ပြီး စပါးပင်မှာ… Continue reading Nissan car company မှ အင်ဂျင်နီယာတစ်ယောက်က ဂျပန်နိုင်ငံက လယ်သမားတွေကို ကူညီပေးမယ့် ဘဲစက်ရုပ်တီထွင်။

သင့်အလုပ်စားပွဲက ဘယ်လိုပုံစံဖြစ်သင့်လဲ။

လှုပ်လှုပ်ရှားရှားနဲ့ အလုပ်လုပ်တဲ့လူတွေအတွက် တစ်နေ့တာက ဘာမှမသိပေမယ့် ကွန်ပျူတာနဲ့ တစ်နေကုန်အလုပ်လုပ်ရတဲ့လူတွေက position မှန်ဖို့အရေးကြီးပါတယ်။ တစ်ရက်ကို ၈နာရီ အလုပ်လုပ်ရတဲ့ လူတွေအတွက် အနေအထိုင် position မမှန်တဲ့အခါ ညောင်းညာကိုက်ခဲတာနဲ့ ကျီးပေါင်းတတ်တာမျိုးတွေ ခါးနာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီတော့ position မှန်မှန် ဘယ်လိုထိုင်ပြီး အလုပ်စားပွဲကို ထားသင့်လဲဆိုတာ ပြောပြပေးသွားပါမယ်။ ပထမဦးဆုံးက သင်ထိုင်တဲ့ခုံအမြင့်ဖြစ်ပါတယ်။ သင်ထိုင်တဲ့ခုံက ကြမ်းပြင်က အမြင့်၂၉ လက်မ (သို့) ၃၀ လက်မရှိသင့်ပါတယ်။ အချို့လူတွေအတွက်က ဒီအမြင့်က မြင့်တာ နိမ့်တာ ဖြစ်နိုင်ပါတယ်။ သင့်အရပ်နဲ့ ချိန်ပြီး ခုံကို adjust လုပ်ပါ။ သင့်ရဲ့ တံတောင်ဆစ်အနေအထားက 90 ဒီဂရီ ဖြစ်ရပါမယ်။ ဒါမှ keyboard မှာ စာရိုက်တဲ့အခါ ပုခုံးမညောင်းမှာ… Continue reading သင့်အလုပ်စားပွဲက ဘယ်လိုပုံစံဖြစ်သင့်လဲ။

သမုဒ္ဒရာကြီးကိုကယ်တင်နေတဲ့ company တစ်ခု (သို့) 4ocean

4ocean company ကို အသက်သုံးဆယ်အောက် လူငယ်နှစ်ယောက်က တည်ထောင်ထားပြီး လက်ရှိ အစိုးရကပါ ထောက်ပံ့မှုရထားတဲ့ company တစ်ခုဖြစ်ပါတယ်။ 4ocean ရဲ့ အဓိကရည်ရွယ်ချက်က သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေကို တတ်နိုင်သလောက် ရှင်းဖို့ပဲဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်ဖို့အတွက်က လက်ကောက်ဂွင်းလေးတွေရောင်းပြီး company ကို လည်ပတ်ပါတယ်။ လက်ကောက်တစ်ကွင်းကို ဒေါ်လာ ၂၀ နဲ့ ၃၀ ကြားရှိပြီး recycle လုပ်ထားတဲ့ plastic နဲ့ recycle လုပ်ထားတဲ့ ဖန်တွေကို အသုံးပြုပြီး လုပ်ထားတာဖြစ်ပါတယ်။ ဒီလက်ကောက်လေးတွေကို ဝတ်ထားတဲ့လူတစ်ယောက်က သမုဒ္ဒရာကြီးကို ကယ်တင်နေတဲ့အထဲမှာလည်း ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ကောက်တစ်ခု ဝယ်ရင် ပလတ်စတစ် အမှိုက်တစ်ပေါင်အလေးချိန်ကို ဆယ်ယူလိုက်တာနဲ့ညီပါတယ်။ 4ocean company ကို ဒေသခံလူတွေက သဘောကျပြီး… Continue reading သမုဒ္ဒရာကြီးကိုကယ်တင်နေတဲ့ company တစ်ခု (သို့) 4ocean

လူတွေအားလုံး ပလက်စတစ်ကို စားသုံးနေကြတာဖြစ်ကြောင်း သုတေသီများကသတိပေး

ကျွန်တော်တို့ အားလုံးဟာ အလွန်သေးငယ်တဲ့ ပလက်စတစ်အမှုန်များကို စားသုံးနေကြရတာဖြစ်ကြောင်းကို ဇွန်လ (၆) ရက်နေ့ထုတ် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးသိပ္ပံနှင့်နည်းပညာ ဂျာနယ်တွင် သုတေသီများက ထည့်သွင်းပြီး သတိပေး ခဲ့ပါတယ်။အမေရိကန် စိုက်ပျိုးရေးနှင့် စားသုံးကုန်ဌာန၊ ပလက်စတစ်ထိန်းသိမ်းရေးဌာန နှင့် အမေရိကန် အဏ္ဏဝါ ဗေဒဌာနတို့မှ သုတေသီများက ပူးပေါင်းပြီး ပလက်စတစ်နှင့် ပတ်သက်တဲ့ လေ့လာမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းလေ့လာမှုမှ ရရှိလာတဲ့ အဖြေကတော့ လူတွေအားလုံးဟာ ပလက်စတစ်ကြောင့် ဒုက္ခရောက် တော့မယ်ဆို တာပဲဖြစ်ပါတယ်။ ဘာကြောင့် ဒုက္ခရောက်မှာလဲ။အသေးစိတ်အကြောင်းအရာကို ဆက်လက်လေ့လာကြည့်ရအောင်။ လူတွေဟာ ပလက်စတစ်ကို တီထွင်ပြီးနေ့စဉ်အသုံးပြုနေကြပါတယ်။ ပလက်စတစ်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ အလွန်သေး ငယ်တဲ့ ပလက်စတစ်အမှုန်များရှိပါတယ်။ ၎င်းပလက်စတစ်အမှုန်များဟာ ကျွန်တော်တို့ ရှုရှက်နေတဲ့ လေ၊ သောက်သုံးနေတဲ့ ရေ၊… Continue reading လူတွေအားလုံး ပလက်စတစ်ကို စားသုံးနေကြတာဖြစ်ကြောင်း သုတေသီများကသတိပေး

အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ကြောင်း တွေ့ရှိ

အလုပ်တွေလုပ်နေရတဲ့လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာ ရှိကြပါတယ်။ လူကြီးမင်းတို့ စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်လာရ တဲ့အခါ မှာ ဖြေရှင်းတဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ သီးချင်းနားထောင်ခြင်း၊ ခရီးတိုထွက်ခြင်း၊ တိတ်ဆိတ်ပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ တစ်ယောက်တည်းသွားနေခြင်း၊ အိပ်စက်အနားယူခြင်း စသည်ဖြင့် စိတ်ဖိစီးမှုကို ဖြေလျော့တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ယခုပြောပြသွားမယ့် စိတ်ဖိစီးမှုကို ဖြေလျော့တဲ့နည်းကတော့ တစ် ချက်ခု တ် (၂)ချက်ပြတ်တဲ့ ဖြေလျော့နည်းပါ။ အမေရိကန် သုတေသီများဟာ အသက် ၂၅နှစ် အသက် ၄၅နှစ် အရွယ် ရှိ လူ၆၂ဦးကို စောင့်ကြည့်ပြီး အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ကြောင်းကို တွေ့ရှိ ခဲ့ပါတယ်။ သုတေသီများ၏ပြောပြချက်အရ သန့်ရှင်းရေးလုပ်နေတဲ့လူတစ်ဦးရဲ့ စိတ်ဟာအခြားအရာတွေကို စဉ်းစားနေတာမရှိပဲ ဒီအလုပ်အပေါ်မှာပဲ အာရုံစူးစိုက်သွားတာကိုတွေ့ရှိရပါတယ်။ ထို့အပြင် မိမိသန့်ရှင်းရေးလုပ်လိုက်လို့ သန့်စင်သွားတာ ကို တွေ့မြင်ရတဲ့အပေါ်မှာ ဝမ်းသာပီတိဖြစ်ပြီး… Continue reading အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ကြောင်း တွေ့ရှိ

ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကိုလျော့ကျနိုင်

ဆေးသောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ အားလုံးသိနေတဲ့ကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ ဒါ့ အပြင်ဘာတွေဖြစ်နိုင်သေးလဲ။ နောက်ထက်လေ့လာတွေ့ရှိချက်အသစ်ကတော့ဆေးလိပ်သောက်ခြင်းဟာအမျိုးသား တွေ ရဲ့ စွမ်းဆောင်နိုင်ရည်ကိုလျော့ကျစေနိုင်တဲ့အပြင် လိင်အင်္ဂါကိုလည်း တိုသွားစေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ယခု တွေ့ ရှိချက်ဟာ အမျိုးသားထုကြီးတစ်ခုလုံးအတွက် စိုးရိမ်စရာကိစ္စတစ်ခုပဲဖြစ်ပါတယ်။အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆီး ရောဂါ ပါရဂူ Marc Laniado ရှင်းပြခဲ့တာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Marc Laniado က ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောတွေစီးဆင်းတဲ့လမ်းကြောင်းမှာ အဆီတွေပိတ်လာပြီး သွေးစီးဆင်းမှုကိုလျော့ကျစေပါတယ်၊ဒါဟာ ခန္ဓာကိုယ်ထဲကသွေးကြောတွေအပြင် အမျိုးသားလိင်အင်္ဂါမှာရှိတဲ့ သွေးကြောတွေကိုပါ သွေးစီးဆင်းမှုလျော့ကျစေတဲ့အတွက် လိင်အင်္ဂါဟာ ထင်သလောက်မဖြစ်ထွန်းတော့တဲ့ ကိစ္စ တွေဖြစ်ပေါ်လာကြောင်း ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဆေးလိပ်ထဲမှာပါဝင်တဲ့ ဓာတုဆေးများနဲ့ နီကိုတင်းတို့ဟာ လိင် အင်္ဂါသေးခြင်းကိုဖြစ်ပွားစေပါတယ်။ လိင်အင်္ဂါသေးခြင်းဟာ ခဏတာပဲဖြစ်နိုင်သလို အစဉ်အမြဲသောက်သုံး နေသူတွေ တော့ ထာဝရသေးသွားတဲ့အထိ ဖြစ်စေနိုင်ကြောင်း… Continue reading ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကိုလျော့ကျနိုင်