ကမ္ဘာ့ ဒုတိယမြောက် foldable ဖုန်းကို Huawei က နောက်လတွင် မိတ်ဆက်တော့မည်

အောက်တိုဘာလ (၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် Huawei က လာမည့် နိုဝင်ဘာလ (၁၅)ရက်တွင် သူတို့ရဲ့ ပထမဦးဆုံး foldable ဖုန်းဖြစ်တဲ့ Huawei Mate X ကို မိတ်ဆက်ကာ တရုတ်တွင် ရောင်းချသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Foldable ဖုန်းကို ပထမဦးဆုံး ထုတ်လုပ်ခဲ့တာကတော့ Samsung ဖြစ်ပြီး Huawei ကတော့ ဒုတိယမြောက်ပဲဖြစ်ပါတယ်။ Huawei ရဲ့ ပြောပြချက်အရ သူတို့ရဲ့ foldable ဖုန်းကို ဒီနှစ် နွေရာသီထဲကထုတ်ဖို့ရန် ရည်ရွယ်ခဲ့သော်လည်း Samsung က ပထမဦးစွာ မိတ်ဆက်ခဲ့ပြီး မှန်ကို ခေါက်ရာတွင် ပြဿနာဖြစ်နေခြင်းကို တွေ့ရှိခဲ့တဲ့အတွက် ထိုသို့သော ပြဿနာမဖြစ်စေရန် အကောင်းဆုံးပြင်ဆင်နေတာဖြစ်လို့ ယခုလို နောက်ကျသွားရတာဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် Huawei Mate… Continue reading ကမ္ဘာ့ ဒုတိယမြောက် foldable ဖုန်းကို Huawei က နောက်လတွင် မိတ်ဆက်တော့မည်

လာမည့်နှစ်တွင် ရေနံစျေးများ ပိုမိုမြင့်တက်လာနိုင်တယ်လို့ Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်ကပြောကြား

အောက်တိုဘာလ (၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် US ရဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်တဲ့ Goldman Sachs ဘဏ်က ရေနံထုတ်လုပ်မှုနှုန်းကျဆင်းလာခြင်းနှင့် အရှေ့အလည်ပိုင်းဒေသရှိ စစ်ရေးတင်းမာမှုတွေကြောင့် လာမည့် ၂၀၂၀ခုနှစ်တွင် ယခုရေနံစျေးထပ် ပိုမိုတိုးလာနိုင်တာဖြစ်ကြောင်း ခန့်မှန်းပြောကြားခဲ့ပါတယ်။ Goldman Sachs ဘဏ်၏ ပြောပြချက်အရ ၂၀၂၀ခုနှစ်တွင် ခန့်မှန်းချေအရ ရေနံတစ်စည်၏ တန်ဖိုးဟာ $60 ကျော်အထိ ဖြစ်လာနိုင်တယ်လို့ သိရှိရပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ကုန်သွယ်မှုစျေးအရ Brent crude က ရေနံတစ်စည်ကို $59.24 ဖြင့် စျေးဖြတ်ခဲ့ပြီး WTI ကတော့ $53.96 ဖြင့် စျေးဖြတ်ခဲ့တယ်လို့သိရပါတယ်။ Goldman Sachs ဘဏ်၏ ပြောပြချက်အရ ၂၀၁၉ ခုနှစ်တွင် တစ်ရက်ကို ရေနံစည်ပေါင်း ၁.၂၅ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားသော်လည်း လက်ရှိမှာ… Continue reading လာမည့်နှစ်တွင် ရေနံစျေးများ ပိုမိုမြင့်တက်လာနိုင်တယ်လို့ Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်ကပြောကြား

New Jersey ရှိ ဆယ်ကျော်သက်ကလေးတစ်ဦး လိင်ပိုင်းဆိုင်ရာ ပြစ်မှုဖြင့်တရားစွဲခြင်းခံရ

အောက်တိုဘာလ (၂၀)ရက် တနင်္ဂနွေနေ့က New Jersey ရှိ Rutgers ကျောင်းတွင် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ အမျိုးသမီးအဆောင်ထဲသို့ ခိုးဝင်ပြီး လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ရန်ကြိုးစားခဲ့သဖြင့် ရဲများကဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာလ (၂၁)ရက် တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကောင်လေးကို လက်ရှိမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုနှင့် ဖောက်ထွင်းမှုတို့ဖြင့် ကလေးသူငယ်များတရားရုံးတွင် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ Emmanuel Azuonwu ဟာ Rutgers ကျောင်းဝင်းအတွင်း Quad 2 အဆောက်အဦထဲရှိ သူမ၏ အဆောင်ထဲတွင် အိပ်နေခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ နံနက်အိပ်ရာထချိန်တွင် တံခါးမခေါက်ပဲ ခိုးဝင်လာတဲ့ သူစိမ်းကိုတွေ့သဖြင့် အော်လိုက်ရာတွင် တရားခံဟာ ထွက်ပြေးခဲ့ပါတယ်။ ကံကောင်းချင်တော့ Emmanuel Azuonwu အိပ်ခန်းတွင် သူ၏အခန်းဖော်တစ်ဦး ရှိနေခဲ့တယ်လို့ Emmanuel Azuonwu… Continue reading New Jersey ရှိ ဆယ်ကျော်သက်ကလေးတစ်ဦး လိင်ပိုင်းဆိုင်ရာ ပြစ်မှုဖြင့်တရားစွဲခြင်းခံရ

ဗြိတိန်အနေနဲ့ ဥရောပနိုင်ငံများမှ အပြီးအပိုင်နှုတ်ထွက်လျှင်ဖြစ်ပွားလာမည့် ကိစ္စရပ်များအားလုံးအတွက် ပြင်ဆင်ထားပြီးပြီဟုပြောကြားခဲ့တဲ့ ဗြိတိန်ကျန်းမာရေးဝန်ကြီး

အောက်တိုဘာလ (၂၀)ရက် တနင်္ဂနွေနေ့တွင် ဗြိတိန်ရဲ့ ကျန်းမာရေးဝန်ကြီး Matt Hancock က ဗြိတိန်အနေနဲ့ ဥရောပနိုင်ငံများမှ ထွက်ရန်နှောက်နှေးနေခြင်းဟာ ကောင်းမွန်တဲ့ကိစ္စတစ်ခုမဟုတ်ကြောင်းနဲ့ အောက်တိုဘာလ (၃၁)ရက်နေ့တွင် Brexit သဘောတူညီမှုမယူတော့ပဲ ဥရောပနိုင်ငံများစာရင်းမှ အပြီးပိုင်နှုတ်ထွက်သင့်ကြောင်းပြောကြားခဲ့ပါတယ်။ ဗြိတိန်အစိုးရအနေဖြင့် Brexit ၏ သဘောတူညီချက်ကိုမယူတော့ပဲ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဥရောပနိုင်ငံများမှ အပြီးအပိုင်နှုတ်ထွက်ခြင်းကို နှောက်နှေးမနေပဲ အမြန်ဆုံး ဆုံးဖြတ်ချက်ချရတော့မှာဖြစ်ပြီး ဥရောပနိုင်ငံများမှ ထွက်လိုက်ခြင်းအားဖြင့် ဖြစ်ပေါ်လာမည့်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို ဥရောပနိုင်ငံများမှ နှုတ်ထွက်သည့်နေ့မှစလို့ ဗြိတိန်အတွက် နောက်ထပ်ဆေးအမျိုးပေါင်း ၁၂၀၀၀ ကျော်ကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ Matt Hancock က ပြောကြားခဲ့ပါတယ်။ Source : Reuters News

တူရကီဘက်မှ အပစ်အခတ်ရပ်စဲပေးလိုက်သော်လည်း ဆီးရီးယားဘက်ကပြန်လည်းပစ်ခတ်မှုရှိနေသေးတဲ့အတွက် တူရကီကသတိပေး

တူရကီနှင့် ဆီးရီးယားတို့၏ နယ်စပ်ရှိ အမေရိကန်စစ်တပ်များ ဆုတ်ခွာသွားတဲ့အတွက် တူရကီနှင့် ဆီးရီးယားတို့အကြား နယ်မြေလုပွဲဖြစ်ပွားကာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ သို့သော် ကုလသမဂ္ဂရော အမေရိကန်ကရော အပစ်အခက်ရပ်စဲရန် ပြောကြားခဲ့သဖြင့် (၂)ဖက်လုံးက သဘောတူညီပြီး တိုက်ပွဲဖြစ်ပွားရာနယ်မြေနှင့် 120km (70 miles) သို့ အသီးသီး ဆုတ်ခွာသွားခဲ့သော်လည်း နားလည်မှုလွဲမှားခြင်း အနည်းငယ်ကျန်ရှိနေသေးတဲ့အတွက် တနင်္ဂနွေနေ့က အသေးစားတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရပါတယ်။ ဆီးရီးယား၏ ပြောပြချက်အရ တူရကီဟာ အပစ်အခက်ရပ်စဲဖို့ သဘောတူခဲ့သော်လည်း စစ်ပြေးဒုက္ခသည်များ သူတို့ရဲ့ နေရာကိုပြန်လာနိုင်ဖို့ရန်အတွက် လမ်းကြောင်းမဖွင့်ပေးတဲ့အတွက် ယခုလို့တိုက်ခိုက်ရတာဖြစ်ကြောင်း သိရပါတယ်။ တူရကီဘက်ကလည်း ဆီးရီးယားဘက်မှ ယခုလိုစတင်ပြီး သဘောတူညီမှုကို ဆက်လက်ဖောက်ဖျက်နေမယ်ဆိုလျှင် သူတို့ရဲ့ နယ်မြေထိုးစစ်ဆင်မှုကို ပြန်လည်စတင်ရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ဆီးရီးယားနှင့် တူရကီတို့ရဲ့ နယ်စပ်မှ ဆုတ်ခွာသွားတဲ့ စစ်သား အယောက် (၁၀၀၀၀)လောက်ရှိတဲ့… Continue reading တူရကီဘက်မှ အပစ်အခတ်ရပ်စဲပေးလိုက်သော်လည်း ဆီးရီးယားဘက်ကပြန်လည်းပစ်ခတ်မှုရှိနေသေးတဲ့အတွက် တူရကီကသတိပေး

ဆိုက်ဘေးရီးယားရွှေတွင်းရှိ ရေကာတာတစ်ခုပျိုကျသဖြင့် လူ(၁၅)ဦးသေဆုံး

အောက်တိုဘာလ (၁၉)ရက် စနေနေ့က ရုရှားနိုင်ငံ Krasnoyarsk မြို့တောင်ဘက် 160km (100 miles) အကွာ၊ မော်စကို၏အရှေ့ဘက် 4,000km (2,500 miles) အကွာတွင်ရှိသော ရွှေတွင်းတစ်တွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာတစ်ခုပျိုကျမှုဖြစ်ပွားခဲ့ပါတယ်။ ထို့ကြောင့် လူ (၁၅)ဦးသေဆုံးခဲ့ရသလို (၁၃)ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ရေကာတာပျိုကျရာမှ ထွက်လာတဲ့ရေများဟာ ရွှေတွင်းရှိအလုပ်သမားတွေနေထိုင်ရာ အိမ်များကိုဖျက်ဆီးကာ ရေထဲမှာမျောစေတဲ့အထိဖြစ်ပွားခဲ့ပါတယ်။ ရုရှားရဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောပြချက်အရ (၁၅)ဦးသေဆုံးခဲ့ပြီး (၁၃)ဦးပျောက်ဆုံးနေကာ (၁၄)ဦးကိုဆေးရုံပို့ဆောင်ထားရတဲ့အပြင် ဆေးရုံပို့ထားသူများထဲမှ (၃)ဦးဟာ အပြင်းအထန်ထိခိုက်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ရှာဖွေနေသလို တာဝန်ရှိသူများကလည်း ရေကာတာပျိုကျရတဲ့ အကြောင်းအရင်းကို ရှာဖွေနေတယ်လို့လည်း သိရှိရပါတယ်။ Source : BBC News

ကမ္ဘာတွင်ပထမဦးဆုံး Porn ကြည့်ရှုခြင်းကို ဥပဒေနှင့် ထိန်းချုပ်လိုက်တဲ့ ဥရောပ

ကမ္ဘာပေါ်တွင် Porn ကြည့်ရှုခြင်းနှင့် ပတ်သက်ပြီး အသက်အရွယ်ကန့်သတ်ချက်များရှိသော်လည်း ဥပဒေနှင့် သေခြာစွာ ကိုင်သွယ်ထားခြင်းမရှိသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်များဟာလည်း Porn ကို အလွယ်တကူကြည့်ရှုနိုင်ပါတယ်။ ထိုအကြောင်းအရာကို ဥရောပကတော့ ပထမဦးဆုံး ဥပဒေဖြင့် အတည်တကျပြဌာန်းကာ တားမြစ်လိုက်ပြီးဖြစ်ပါတယ်။ ဥရောပရဲ့ အုပ်ချုပ်သူက ၂၀၁၇ ခုနှစ် Digital Economy Act ဥပဒေဖြင့် Porn ကြည့်ရှုခြင်းကို ကန့်သတ်လိုက်ပြီးဖြစ်ကြောင်းကို ဥရောပရဲ့ ဒီဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားတို့ကို ထိန်းချုပ်သောဝန်ကြီးဌာနက တရားဝင်ကြေငြာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့ လူငယ်များဟာ Online ပေါ်မှတစ်ဆင့် အသက်လိမ်ကာ Porn ရုပ်ရှင်များနှင့် ဓာတ်ပုံများကို အလွယ်တကူ ကြည့်ရှုလို့ရနေတဲ့အတွက် အရွယ်မတိုင်မီမှာ Porn ဆွဲလမ်းမှုများ ဖြစ်ပွားလာတာကိုတွေ့မြင်ရပါတယ်။ ထို့ကြောင့် ယခုလို ဥပဒေထုတ်ကာ… Continue reading ကမ္ဘာတွင်ပထမဦးဆုံး Porn ကြည့်ရှုခြင်းကို ဥပဒေနှင့် ထိန်းချုပ်လိုက်တဲ့ ဥရောပ

သောင်းနဲ့ချီတဲ့ မာရသွန်အပြေးသမားများဟာ အိန္ဒိယရဲ့ နယူးဒေလီမြို့အတွင်း လေထုညစ်ညမ်းမှုကြောင့် ပြိုင်ပွဲလုပ်ရန် အခက်တွေ့နေ

အောက်တိုဘာလ (၂၀)ရက် တနင်္ဂနွေနေ့တွင် လူပေါင်း (၄၀၆၃၃) ဟာ Airtel လေယာဉ်ကွင်းမှ Jawaharlal Nehru အားကစားကွင်းအထိ 10-kilometer (6.2 miles နည်းပါး) မာရသွန် အပြေးပြိုင်ကြမှာဖြစ်ပါတယ်။ သို့သော် နယူးဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှုနှုန်းဟာ ပြီးခဲ့တဲ့အပတ်ကစပြီး မြင့်တက်လာခဲ့တာဟာ သောကြာနေ့တွင် သိပ်သည်းဆ 227 အထိရှိနေပြီး ၅၀၀ အထိမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ WHO အဖွဲ့အစည်းမှ သတ်မှတ်ထားတဲ့ သာမန်လူတစ်ယောက် အသက်ရှုနိုင်မယ့် လေထုသိပ်သည်းမှုနှုန်းဟာ 25 ပဲဖြစ်ပါတယ်။ ယခုလို လေထုသိပ်သည်းမှု အလွန်များနေတဲ့အတွက် နယူးဒေလီတွင် နေထိုင်တဲ့လူများအတွက် အလွန်အန္တာရယ်ရှိတဲ့ အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ဒီလိုညစ်ညမ်းတဲ့လေကို ရှူလျှင် ကင်ဆာရောဂါ၊ လေဖြတ်ခြင်းနှင့် နုလုံးအမောဖောက်ခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။ အားကစားလုပ်နေတဲ့ လူတစ်ယောက်ဟာ သာမန်လူတွေထပ် လေရှူရှိုက်မှုနှုန်းပိုမိုမြင့်မားတာကြောင့်… Continue reading သောင်းနဲ့ချီတဲ့ မာရသွန်အပြေးသမားများဟာ အိန္ဒိယရဲ့ နယူးဒေလီမြို့အတွင်း လေထုညစ်ညမ်းမှုကြောင့် ပြိုင်ပွဲလုပ်ရန် အခက်တွေ့နေ

တူရကီနှင့် ဆီးရီးယားတို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲကိုကြည့်မနေတော့ဘူးလို့ ပြောကြားလာတဲ့ ရုရှား

တူရကီနှင့် ဆီးရီးယားတို့ နယ်စပ်မှာရှိနေတဲ့ Manbij မြို့မှာ အခြေချထားတဲ့ အမေရိကန် စစ်တပ်ဟာ ယခုလ အစပိုင်းမှာ တပ်ဆုတ်သွားခဲ့ပါတယ်။ ထိုသို့ တပ်ဆုတ်သွားတာကို အခွင့်ကောင်းယူပြီး တူရကီနှင့် ဆီးရီးယားတို့က နေရာဝင်ယူရာမှ ယခုလို ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားလာကာ စစ်ရေးတင်းမာမှုတွေ ပိုမိုပြင်းထန်လာခဲ့ရ ပါ တယ်။ တူရကီဘက်ကလည်း ထိုနေရာတွင် သူတို့ရဲ့ Safe Zone အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေပါဝင်နေတဲ့ အ တွက် ထိုနေရာကိုအရယူရန်ကြိုးစားနေသလို ဆီးရီးယားကလည်း ထိုနေရာဟာ ကနဦးကတည်းက သူတို့ရဲ့နေရာ ဖြစ် တဲ့အတွက် ပြန်လည်ရယူလိုပါတယ်။ ရုရှားစစ်တပ်ကလည်း တူရကီနှင့် ဆီးရီးယားတို့ရဲ့အကြား ယခုလိုတိုက်ပွဲတွေဖြစ်နေတာကို နောက်ထပ် အဖြစ် ခံတော့မှာ မဟုတ်ဘူးလို့ အောက်တိုဘာလ ၁၄ ရက် တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ… Continue reading တူရကီနှင့် ဆီးရီးယားတို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲကိုကြည့်မနေတော့ဘူးလို့ ပြောကြားလာတဲ့ ရုရှား