စောင့်ကြည့်ကြရမယ့် အိမ်နီးချင်းထိုင်းရွေးကောက်ပွဲ

၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စစ်အာဏာသိမ်းခဲ့တဲ့ ထိုင်းနိုင်ငံမှာ မနက်ဖန်ဆိုရင် နိုင်ငံ အဝန်း အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းပြည်သူတွေ မဲပေးကြရတော့မှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မဲပေးပြီး က တည်းက ဆန္ဒမဲ ပေးခွင့်အခြေအနေမရခဲ့ကြတဲ့ ထိုင်းပြည်သူတွေ အနှစ်နှစ်အလလမျှော်လင့်ခဲ့ကြတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးနဲ့ ဆန္ဒမဲပေးဖို့ မျှော်လင့်ချက်အိမ်မက်တွေ အခုတော့ တကယ်အကောင်အထည်ပေါ်လာခဲ့ပါပြီ။ မ နက်ဖန်တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းရွေးကောက်ပွဲကော်မရှင်ကလည်း အ ဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ မနက်ဖန်ပြည်သူတွေအေးချမ်းတည်ငြိမ်စွာနဲ့ မဲပေးနိုင်ကြဖို့ အတွက် နံနက် ၆ နာရီကနေ ညနေ ၆နာရီအထိ အရက်သေစာသောက်စားခြင်းကို လုံးဝတားမြစ်ထားပါတယ်။ စစ်ဗိုလ်ချုပ်ကြီးဘဝကနေ နိုင်ငံရေးလောထဲကို ဝင်ရောက်ပြီး ဝန်ကြီးချုပ်ဖြစ်လာနိုင်ခြေရှိတဲ့ လက်ရှိဝန်ကြီးချုပ် ဗိုလ် ချုပ်ကြီး Prayut Chan-o-cha ကတော သူ့ပါတီ… Continue reading စောင့်ကြည့်ကြရမယ့် အိမ်နီးချင်းထိုင်းရွေးကောက်ပွဲ

Published
Categorized as Opinion

ဗီယက်နမ်တို့ သွေး နထင်ရောက်မယ့်ကိန်း ဆိုက်ပြန်ပြီ

အာဆီယံနိုင်ငံတွေထဲမှာ ပထဝီဝင်နိုင်ငံရေးအရရော၊ သဘာဝသယံဇာတပေါများကြွယ်ဝမှုအရရော ထိပ်ဆုံးမှာရှိနေ တဲ့ မြန်မာနိုင်ငံမှာ တရုတ်နဲ့ ပတ်သက်ပြီးမြစ်ဆုံတို့၊ကျောက်ဖြူSEZ တို့လို ရှုတ်ထွေးလှတဲ့ ပြသနာတွေ၊ပြည်တွင်း ငြိမ်း ချမ်းရေးအတွက် မသေချာမရေရာမှုတွေအပြင် စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားလာရေးအတွက် ခက်ခဲလှတဲ့ အ ခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်တွေ၊ တိုင်းပြည်တိုးတက်ရေးထက် ပါတီစွဲ၊လူမျိုးစွဲတွေနဲ့ တိုင်းပြည်ကို နောက်ပြန်အရွေ့ တစ်ခုရွေ့ဖို့ကြိုးပမ်းမှုတွေ၊ဒီလို အရေးပေါင်းများစွာနဲ့ ရှုတ်ထွေးလို့ ကောင်းနေတုန်းမှာပဲ ဗီယက်နမ်ကတော့ အမေရိ ကန် သမ္မတတ ထရန့်နဲ့ ကင်တို့ ဒုတိယအကြိမ်တွေ့ဆုံဖို့အတွက် အိမ်ရှင်အဖြစ် ရွေးချယ်ခံရတာကြောင့် သွေးနထင် ရောက်မယ့်ကိန်းဆိုက်လာပြန်ပြီလို့ပြောရမလိုဖြစ်နေပါပြီ။ Photo:တိုးတက္လာတဲ႔ Vietnam/ABC News ထရန့်နဲ့ ကင်တို့နှစ်ဦးရဲ့ ဒုတိယမြောက်ထိပ်သီးတွေ့ဆုံမှုကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပဖို့အတွက် အမေရိကန်သ္မတ ထရန့်က လွန်ခဲ့တဲ့ အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။ ကျင်းပမယ့် ရက်ကတော့ ယခုလလကုန်ရက်… Continue reading ဗီယက်နမ်တို့ သွေး နထင်ရောက်မယ့်ကိန်း ဆိုက်ပြန်ပြီ

Published
Categorized as Opinion

အတားအဆီးများကြားတွင် ပြိုင်တူတွန်းနိုင်ကြမလား

တိုင်းပြည်စီးပွားတိုးတက်ဖို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟာ အရေးပါတယ်လို့ ယုံကြည်တဲ့ အတွက် နိုင်ငံတော်အစိုးရဟာ ဇန်နဝါရီ ၂၈ရက်နေ့က နိုင်ငံရဲ့ ပထမဦးဆုံးသော ရင်းနှီးမြှပ်နှံမှု ထိပ်သီး ညီလာခံကို နေပြည်တော်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။The Investment Summit 2019 လို့ အမည်ပေးထားပြီး ၂ ရက်ကြာကျင်းပမှာဖြစ်တဲ့ ဒီညီလာခံကြီးကို ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်တွေ ၊ နိုင်ငံခြားသံတမန်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်ဝန်ကြီးချုပ်တွေ အပါအဝင် နိုင်ငံရဲ့ အကြီးဆုံးသော စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့တစ်ခုဖြစ်တဲ့ UMFCCI မှ တာဝန်ရှိသူတွေ တက် ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး ရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့ မိန့်ခွန်းရှည်ကြီးကို အင်္ဂလိပ်ဘာသာနဲ့ ပြောကြားသွားခဲ့ပါတယ်။ ခုတလောမှာတော့ နိုင်ငံတစ်ဝန်းရင်းနှီးမြှပ်နှံမှုတွေ တိုးမြှင့်ဝင်ရောက်လာဖို့ အတွက် တိုင်းပြည်ရဲ့ နေရာဒေသ အသီးသီးမှာ… Continue reading အတားအဆီးများကြားတွင် ပြိုင်တူတွန်းနိုင်ကြမလား

Published
Categorized as Opinion

Huawei သူဋ္ဌေး Ren Zhengfei ထံမှ သိလိုက်ရတဲ့ အရာ ၄ ခု

Huawei တည်ထောင်သူလည်းဖြစ်ပြီး ဥက္ကဋ္ဌလည်းဖြစ်တဲ့ Ren Zhengfei တစ်ယောက် ၂၀၁၈ခုနှစ်နှစ် ကုန်ခါ နီးမှာ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်တွေအပါအဝင် အမေရိကန်၊ဗြိတိန်၊ သြစတြေးလျားနဲ့ ကနေဒါနိုင်ငံတွေမှာ သူ့ ထုတ်ကုန်ကို တားမြစ်တာတွေ၊ ဆန့်ကျင်တာတွေနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့တာ အားလုံးသိကြမယ် ထင်ပါတယ်။ ဘယ်လောက်တောင် တိတ်ဆိတ်နေသလဲဆိုရင်သူ့ သမီးကို ကနေဒါမှာ ဖမ်းဆီးလိုက်တဲ့ အချိန်မှာတောင် သူ့ဆီကနေ ဘာသံမှ ထွက်မလာခဲ့ပါဘူး။ဒါပေမဲ့ ပိုလန်မှာ သူ့အမှုဆောင်တစ်ယောက်ကို သူလျှိုပတ်သက်မှုနဲ့ ဖမ်းဆီးခံရတဲ့ အချိန်မှာတော့ သူ့အသံ ထွက်လာခဲ့ပါတယ်။အင်မတန်ရှားပါးတဲ့ နိုင်ငံခြားမီဒီယာအင်တာဗျူးမှာ သူ့ကုမ္ပဏီကို ကာ ကွယ်ရင်း သမ္မတ ဒေါ်နယ်ထရန့်ကိုလည်းချီးကျူးသွားခဲ့ပါတယ်။ Huawei က ဘာသာပြန်ထားတဲ့ စာမျက်နှာ ၁၃ မျက် နှာရှိတဲ့ ဆွေးနွေးချက်က အသံတိတ်နေတဲ့ သူကြွယ်ကြီး Ren Zhengfei… Continue reading Huawei သူဋ္ဌေး Ren Zhengfei ထံမှ သိလိုက်ရတဲ့ အရာ ၄ ခု

Published
Categorized as Opinion

ထိုင်းစစ်ဗိုလ်ချုပ်ကြီး Parawit ရဲ့နာရီကိစ္စ ကြောင့် ထိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အပေါ်ဝေဖန်မှုများထွက်ပေါ်

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ ထိုင်းအစိုးရ အိမ်တော်အတွင်း ကျင်းပတဲ့ အခမ်းအနားမှာ ထိုင်းဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Parawit ဝတ်ဆင်လာခဲ့တဲ့ ထိုင်းဘတ်ငွေ၂.၅ သန်းတန် ပလက်တီနမ် Richard Mille RM 029 နာရီနဲ့ စိန်လက်စွပ်တစ်ကွင်းကြောင့် ထိုင်းပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တာလက်ခဲ့တာ တစ်နှစ်ကျော်လာခဲ့ပါပြီ။ ထိုင်းနိုင်ငံဟာ ၂၀၁၄ခုနှစ်မှာ စစ်တပ်က အာဏာရယူခဲ့ပေမယ့် နိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရားတွေဟာ ပုံမှန် အတိုင်းစီးဆင်းလည်ပတ်နေပြီး တိုးတက်အောင်မြင်မှုတွေ လည်းရရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်တပ်က အာဏာရ ယူထားတဲ့ အချိန်မှာ စစ်တပ်ရဲ့ အကြီးအကဲတစ်ဦးလည်းဖြစ်တဲ့အပြင် ဒုတိယ ဝန်ကြီးချုပ်တာဝန်ယူထားသူ တစ်ဦး ဝတ် ဆင်လာခဲ့တဲ့ တန်ဖိုးကြီးနာရီတစ်လုံးကြောင့် ထိုင်းအမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်( The National… Continue reading ထိုင်းစစ်ဗိုလ်ချုပ်ကြီး Parawit ရဲ့နာရီကိစ္စ ကြောင့် ထိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အပေါ်ဝေဖန်မှုများထွက်ပေါ်

Published
Categorized as Opinion