သောင်းနဲ့ချီတဲ့ မာရသွန်အပြေးသမားများဟာ အိန္ဒိယရဲ့ နယူးဒေလီမြို့အတွင်း လေထုညစ်ညမ်းမှုကြောင့် ပြိုင်ပွဲလုပ်ရန် အခက်တွေ့နေ

အောက်တိုဘာလ (၂၀)ရက် တနင်္ဂနွေနေ့တွင် လူပေါင်း (၄၀၆၃၃) ဟာ Airtel လေယာဉ်ကွင်းမှ Jawaharlal Nehru အားကစားကွင်းအထိ 10-kilometer (6.2 miles နည်းပါး) မာရသွန် အပြေးပြိုင်ကြမှာဖြစ်ပါတယ်။ သို့သော် နယူးဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှုနှုန်းဟာ ပြီးခဲ့တဲ့အပတ်ကစပြီး မြင့်တက်လာခဲ့တာဟာ သောကြာနေ့တွင် သိပ်သည်းဆ 227 အထိရှိနေပြီး ၅၀၀ အထိမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ WHO အဖွဲ့အစည်းမှ သတ်မှတ်ထားတဲ့ သာမန်လူတစ်ယောက် အသက်ရှုနိုင်မယ့် လေထုသိပ်သည်းမှုနှုန်းဟာ 25 ပဲဖြစ်ပါတယ်။ ယခုလို လေထုသိပ်သည်းမှု အလွန်များနေတဲ့အတွက် နယူးဒေလီတွင် နေထိုင်တဲ့လူများအတွက် အလွန်အန္တာရယ်ရှိတဲ့ အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ဒီလိုညစ်ညမ်းတဲ့လေကို ရှူလျှင် ကင်ဆာရောဂါ၊ လေဖြတ်ခြင်းနှင့် နုလုံးအမောဖောက်ခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။ အားကစားလုပ်နေတဲ့ လူတစ်ယောက်ဟာ သာမန်လူတွေထပ် လေရှူရှိုက်မှုနှုန်းပိုမိုမြင့်မားတာကြောင့်… Continue reading သောင်းနဲ့ချီတဲ့ မာရသွန်အပြေးသမားများဟာ အိန္ဒိယရဲ့ နယူးဒေလီမြို့အတွင်း လေထုညစ်ညမ်းမှုကြောင့် ပြိုင်ပွဲလုပ်ရန် အခက်တွေ့နေ

၂၀၂၆ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲ အီတလီကျင်းပခွင့်ရ

ဇွန်လ ၂၄ရက် တနင်္လာနေ့တွင် ၂၀၂၆ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲအတွက် အိမ်ရှင်နိုင်ငံရွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲတွင် အိုလံပစ်နှင့် သက်ဆိုင်သော အကြီးအကဲများအပြင် နိုင်ငံအသီးသီးရှိ တာဝန်ရှိသူများ၊ အိုလံပစ်ပွဲတွင် ဆု တံဆိပ်များဆွပ်ခူးခဲ့သူများ တက်ရောက်မဲပေးခဲ့ကြပါတယ်။ ထိုပွဲ၏နောက်ဆုံး ဆုံးဖြတ်ချက်အရ အီတလီနိုင်ငံ Milan-Cortina (Milan–Cortina d’Ampezzo) မြို့တွင် ကျင်းပခွင့်ရရှိသွားကြောင်းသိရပါတယ်။ အီတလီဟာ အိုလံပစ်ပွဲကို ကျင်းပခွင့်ရရှိတာ ဒီတစ်ကြိမ်နဲ့ဆို (၃)ကြိမ်မြောက်ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်က Cortina တွင်တစ်ကြိမ်၊ ၂၀၀၆ ခုနှစ်က Turin တွင်တစ်ကြိမ်နှင့် ယခုနောက်ဆုံး မဲနိုင်ခဲ့တဲ့ ၂၀၂၆ ခုနှစ်တွင် ကျင်းပမယ့် Milan-Cortina တို့ပဲဖြစ်ပါတယ်။ မဲပေးမှုရဲ့ နောက်ဆုံးအဆင့်တွင် အီတလီရဲ့ Milan-Cortina နှင့် Sweden ရဲ့ Stockholm-Are မြို့တို့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး… Continue reading ၂၀၂၆ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲ အီတလီကျင်းပခွင့်ရ

ဘရာဇီးအသင်းရဲ့ နာမည်ကြီးကစားသမား နေမာ မုဒိန်းမှုဖြင့်တရားစွဲခံရခြင်းကို ပြန်လည်ချေပ

ကမ္ဘာကျော် ဘောလုံးကစားသမား နေမာဟာ မေလ ၃၁ရက်နေ့မှာ Sao Paulo ရဲဌာနသို့ အမည်မဖော်လိုသူ အမျိုး သမီးတစ်ဦး၏ တိုင်ကြားချက်အရ မုဒိန်းမှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ ၎င်းအမှုနှင့်ပတ်သက်ပြီး နေမာက သူ့ ဘက်ကအမှားမလုပ်ခဲ့ကြောင်း ၎င်းအမျိုးသမီးဘက်မှစတင်ပြီး မြူဆွယ်ခဲ့တာဖြစ်ကြောင်း ဇွန်လ ၂ရက် တနင်္ဂနွေနေ့ တွင် Video တစ်ခုတင်ပြီး ချေပပြောဆိုခဲ့ပါတယ်။ နေမာက ထိုအမှုဟာ သူ့ကိုသမင်တကာ ရည်ရွယ်ချက်ဖြင့် ချောက်ချခဲ့တာဖြစ်ကြောင်း၊ သူမဘက်မှ စတင်ပြီး လိင်ပိုင်း ဆိုင်ရာ Video များ၊ ဓာတ်ပုံများပို့ပြီး သူ့ကိုမြူဆွဲခဲ့တာဖြစ်ကြောင်းကို Video တင်ကာပြောကြားခဲ့ပြီး သူမနှင့် စကားပြော ထားသော စားများကို Video တွင်ပြသခဲ့ပါတယ်။ Video ထဲတွင်ပါရှိနေသော ရက်စွဲများအရ သူမနဲ့ နေမာတို့ဟာ မတ် လကစတင်ပြီး… Continue reading ဘရာဇီးအသင်းရဲ့ နာမည်ကြီးကစားသမား နေမာ မုဒိန်းမှုဖြင့်တရားစွဲခံရခြင်းကို ပြန်လည်ချေပ

အမေရိကန်ဘော်လုံးလောကရဲ့ အထင်ကရပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ Bart Starr ကွယ်လွန်

အမေရိကန်ဘော်လုံး လောကမှာ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အသက် ၈၅နှစ်ရှိပြီဖြစ်တဲ့ Bart Starr ဟာ မေ လ ၂၆ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏အသင်း Green Bay Packers မှ ထုတ်ပြန် ချက် အ ရ သိရှိရပါတယ်။ အမေရိကန်ဘော်လုံး လောကမှာ Green Bay Packers အသင်းဟု လူသိများလာတာဟာ Bart Starr ရဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးပါဝင်နေပါတယ်။ Bart Starr ဟာ Alabama ပြည်နယ် Montgomery တွင် ၁၉၃၄ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၂၆ရက်နေ့မှာ Alabama ပြည်နယ် Birmingham ၌သေဆုံးခဲ့ပါတယ်။ Starr… Continue reading အမေရိကန်ဘော်လုံးလောကရဲ့ အထင်ကရပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ Bart Starr ကွယ်လွန်

Austria ရဲ့ Formula 1 ပြိုင်ကားသူရဲကောင်းကြီး Niki Lauda သေဆုံး

Formula 1 ပြိုင်ကားလောကမှ “Legend” အဖြစ်သတ်မှတ်ထားတဲ့ Austria ရဲ့ သူရဲကောင်းကြီး Niki Lauda ဟာ အသက် ၇၀နှစ်နဲ့ မေလ ၂၀ရက် တနင်္လာနေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်းသိရပါတယ်။ Lauda ဟာ အဆုတ် လဲ ခြင်းကို (၃)ကြိမ်တိတိ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဇူလိုင်လတုန်းက Lauda ဟာ တုတ်ကွေးရောဂါကို ခံစားခဲ့ရသဖြင့် ၁၀ ရက်ကြာ ဆေးရုံတင်ခဲ့ရပြီး ယခုမှာတော့ သေဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။ Lauda ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့် ကိုယ် ကို ယုံကြည်မှုအပြည့်ရှိသူတစ်ဦးဖြစ်သလို သေရွာမှပြန်ထလာခဲ့သူတစ်ဦး ဆိုလည်းမမှားပါဘူး။ Lauda ဟာ Ferrari နှင့် McLaren တို့ကို ပြိုင်ကားလောကထဲသို့ ခေါ်ဆောင်လာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ Lauda ကို ၁၉၄၉ခုနှစ် ဖေဖော်ဝါရီလတွင်… Continue reading Austria ရဲ့ Formula 1 ပြိုင်ကားသူရဲကောင်းကြီး Niki Lauda သေဆုံး

တရုတ်ပြိုင်ကားလောကမှာ နာမည်ကြီးတဲ့ Techeetah Formula E အသင်းမှ DS ကုမ္ပဏီနှင့်ပူပေါင်းပြီး ပြိုင်ကားအသစ်ထုတ်လုပ်

တရုတ်Formula E လောကမှာ နာမည်ကြီးတဲ့ Techeetah Formula E အသင်းဟာ ၎င်းတို့ကို sponsor ပေးနေ တဲ့ DS Automobiles ကုမ္ပဏီနှင့်ပူးပေါင်းပြီး ePrix ပြိုင်ပွဲမှာ အသုံးပြုမယ့် X E-TENSE လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ပြိုင်ကားကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ Techeetah ဟာ နှစ်တိုင်းနီးပါး ပြိုင်ပွဲမှာ ပထမနေရာကို ယူနေ တဲ့အသင်းကြီး တစ်သင်းဖြစ်သလို ၎င်းတို့ရဲ့ ကားတွေအတွက်လည်း အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေတာ တွေ့ရပါ တယ်။ ယခုနှစ်ကျင်းပမယ့် ပြိုင်ပွဲမှာလည်း ပထမနေရာကို ယူဖို့ရည်ရွယ်ချက်နဲ့ X E-TENSE ကို အသုံး ပြုသွား မယ်လို့ သိရပါတယ်။ X E-TENSE ဟာ DS Automobiles ရဲ့ အိမ်မက်ကားတစ်စီးဖြစ်ပါတယ်။… Continue reading တရုတ်ပြိုင်ကားလောကမှာ နာမည်ကြီးတဲ့ Techeetah Formula E အသင်းမှ DS ကုမ္ပဏီနှင့်ပူပေါင်းပြီး ပြိုင်ကားအသစ်ထုတ်လုပ်

Kingsmeadow ကွင်းမှာ ကျင်းပမည့် အမျိုးသမီး Champion’s League ပွဲ ကြည့်ပရိတ်သတ်ရဲ့ ကားထဲတွင် လက်နက်နှင့် ဆေးဝါးများ တွေ့ရှိ

လန်ဒန်ရှိ Kingsmeadow ကွင်းမှာကျင်းပမယ့် PSG နဲ့ Chelsea အသင်းတို့ရဲ့ အမျိုးသမီး Champion’s League ပြိုင်ပွဲသို့ လာရောက်ကြတဲ့ PSG ပွဲကြည့်ပရိတ်သတ်တွေစီးလာတဲ့ ကားထဲမှာ လက်နက်များနဲ့ Class A အ ဆင့်ရှိတဲ့ ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါပွဲတွင် PSG ဘက်မှ ပရိတ်သတ်ပေါင်း ၅၀ကျော်ကို Kingsmeadow ကွင်းက တက်ရောက်ခွင့် ပိတ်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်နှင့် ဆေးဝါးများ သယ်ဆောင်လာတဲ့ ပွဲကြည့်ပရိတ်သတ်ကားဟာ ပဲရစ်မှ ညဘက်တွင် မောင်း လာတာလို့ သိရပါတယ်။ ရဲများဟာ ၎င်းသတင်းကို 8:00 GTM မှာ ရရှိထားပြီး ၎င်းကားကို စောင့်ဖမ်းခဲ့တာ ဖြစ် ပါတယ်။ ရဲအရာရှိရဲ့ ပြောကြားချက်အရ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ… Continue reading Kingsmeadow ကွင်းမှာ ကျင်းပမည့် အမျိုးသမီး Champion’s League ပွဲ ကြည့်ပရိတ်သတ်ရဲ့ ကားထဲတွင် လက်နက်နှင့် ဆေးဝါးများ တွေ့ရှိ

မလေးရှားရောက်မြန်မာများ အထူးသတိထားရမယ့် လာမယ့် စနေ

နိုဝင်္ဘာလ ၂၄ရက်၊လာမယ့် စနေနေ့ ဟာ မလေးရှားမှာအလုပ်သွားလုပ်နေကြတဲ့ မြန်မာတွေအတွက် အထူးသတိ ထားကြရမယ့်နေ့ ဖြစ်တယ်ဆိုတာ သတိပေးလိုပါတယ်။ ဘာကြောင့်လဲ။ လာမယ့်စနေနေ့မှာ ဆူဇူကီး ဖလားအုပ်စုA နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အိမ်ရှင်မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး အသင်းနှစ်သင်းအတွက် ဘယ်အသင်းက ကစားပွဲကနေထွက်ခွါရမယ် ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲဖြစ်နေလို့ပါပဲ။ မလေးရှာ အစိုးရ သယ်ယူပို့ဆောင်ရေးဋ္ဌာနအနေနဲ့ မလေးရှားဘော်လုံးပရိတ်သတ်တွေ ဘော်လုံးပွဲကျင်းပရာ Bukit Jalil အားကစား ကြီးဆီကို အသွားအလာလွယ်ကူစေဖို့ LRT နဲ့ MRT ရထားဝန်ဆောင်မှုနှစ်ခုလုံးကို စနေနေ့ည တစ်နာရီအထိ အချိန်ပို ပြေးဆွဲပေးမယ်လို့ ကြေငြာထားပါတယ်။ အခြားဘူတာတွေက ပုံမှန်အချိန်အတိုင်း ပိတ်ထား ကြမှာ ဖြစ်ပေမယ့် MRT စီးမယ့်သူတွေက Maluri ဘူတာ ဒါမှမဟုတ် Palaza Rakyat/Merdeka… Continue reading မလေးရှားရောက်မြန်မာများ အထူးသတိထားရမယ့် လာမယ့် စနေ

Published
Categorized as Sports

၂၀၁၈ ရုရှား ကမ္ဘာ့ဖလားအတွက် ကြေးအမြင့်ဆုံး နည်းပြများ

မကြာခင်မှာ တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ ရုရှား ကမ္ဘာ့ဖလား ၂၀၁၈ ပြိုင်ပွဲကြီး စတင်ပါတော့မယ်။ ယှဉ်ပြိုင်ခွင့် ရကြတဲ့ အသင်းအားလုံးဟာ ဖလားကြီးကိုပိုင်ဆိုင်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြမှာမလွဲပါဘူး။ ပြိုင်ပွဲဝင် အသင်းတိုင်း မှာပါဝင်ကြတဲ့ ကစားသမားတွေကလည်း တစ်ကမ္ဘာလုံးက သိကြတဲ့ အကျော်အမော်တွေကများတာမို့ ပွဲတွေကတော့ အကျိတ်အနယ်ရှိမှာမလွဲပါဘူး။ ဒီလိုအကျော်အမော်ကစားသမားတွေကို နောက်ကွယ်က ပုံဖေါ်ခဲ့သူတွေဖြစ်တဲ့ အသင်း နည်းပြတွေဟာ အသင်းတိုင်းအတွက် အသက်တမျှ အရေးပါလှပါတယ်။ ဒါကြောင့်လည်း ကောင်းပေ့၊တော်ပေ့၊ ထက် ပေ့ဆိုတဲ့နည်းပြတွေကို ရွေးချယ်ပြီးလေ့ကျင့်ကြရပါတယ်။ တော်ထက်သလောက် ကြေးတွေကလည်းကွာနိုင် ပါ တယ်။ ဒါဆိုရင် ဘော်လုံးချစ်ပရိတ်သတ်တွေအနေနဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပွဲမှာ ဘယ်နည်းပြတွေက ကြေး ဘယ် လောက်တောင်မြင့်တယ်ဆိုတာ သိချင်ကြမှာသေချာပါတယ်။ ဒီအတွက် ကြေးအများဆုံး (၁၄)ဦးကို ရွေးထုတ် တင်ပြ ပေးလိုက်ပါတယ်။ (၁၄)သြစတြေးလျ(Australia)နည်းပြVertvanMarwijk-ပေါင်၁.၀၃သန်း… Continue reading ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားအတွက် ကြေးအမြင့်ဆုံး နည်းပြများ

Published
Categorized as Sports

စလုံးက စခဲ့တဲ့ ONE CHAMPIONSHIP

ကိုရွှေမြန်မာတွေက စလုံးလို့ ပြောလိုက်တာနဲ့ အရှေ့တောင်အာရှမှာ စီးပွားရေးကျားတစ်ကောင်ဖြစ်တဲ့ စင်ကာပူဆိုတာ လူတိုင်းသိကြမှာပါ။ ငယ်ပေမယ့် အစွယ်ထက်လှတဲ့ ကိုရွှေကျားဟာသဘာ၀ အရင်း အမြစ်မကြွယ်ဝပေမယ့် လူသားအရင်းအမြစ်ကြွယ်ဝတာကြောင့် အာစီယံဒေသအတွင်းမှာ စီးပွားရေးအရမင်းမူကြီးစိုးခဲ့တာ ဆယ်စုနှစ်မကတော့ပါဘူး။ ခုလည်း ONE CHAMPIONSHIP တဲ့ဗျာ။ကိုယ်ခံပညာပေါင်းစုံအားကစား MMA နဲ့ ရုပ်သံလွှင့်မီဒီယာကိုတွဲဖက်ပြီး ပရိတ်သတ်သန်းပေါင်းများစွာကို ဖျော်ဖြေတင်ဆိုက်လိုက်တာ ဝက်ဝက်ကွဲ ပါပဲ။ မနေ့ကလည်း အောင်လအန်ဆန်တို့ ဖိုးသော်တို့ကို အကြောင်းပြုပြီး မြန်မာပရိတ်သတ်တွေ တခဲနက်အားပေးလိုက်ကြတာ သုဝဏ္ဏ အားကစားရုံကြီးလည်း သွက်သွက်ကို ညံပါလေရော။ ကိုရွှေမြန်မာတွေအားပေးရကျိုးနပ်ပါတယ်။ ပရိတ်သတ်အားပေးတဲ့အတိုင်းပဲ သူတို့နှစ်ဦးလုံးအောင်ပွဲဆင်နိုင်ခဲ့ကြပါတယ်။ အချိန်အကြာကြီးမကြည့်လိုက်ရလို့အားမလိုအားမရဖြစ်တာ တစ်ခုကလွဲရင်ပေါ့။ အရင်က ONE CHAMPIONSHIP ရဲ့ချန်ပီယံစာရင်းမှာ  ဝိတ်တန်း  အလိုက် ဘရာဇီး အလံတွေခပ်များများနေရာယူနိုင်ခဲ့ရာကနေ မနေ့ကညပွဲကြောင့် မြန်မာအလံ နှစ်ခုနဲ့ ချန်ပီယံဆု  ချိတ်နိုင်ခဲ့ပါပြီ။… Continue reading စလုံးက စခဲ့တဲ့ ONE CHAMPIONSHIP